မနေ့ညကလည်း ယူရို-၂၀၂၄ ပြိုင်ပွဲရဲ့ ကွာတားဖိုင်နယ်ပွဲတွေကို ဆက်လက် ကျင်းပခဲ့ရာ အင်္ဂလန် နဲ့ နယ်သာလန် အသင်းတွေက သူတို့ရဲ့ ပြိုင်ဘက်အသီးသီးကို အနိုင်ယူ ကျော်ဖြတ်ပြီး ဆီမီးဖိုင်နယ် မှာ ဆုံတွေ့ကြတော့မှာပဲ ဖြစ်ပါတယ်။

Photo Credit: The Independent

နာမည်ကြီး ထမင်းငတ် အင်္ဂလန် အသင်းကတော့ အီတလီကို ကျော်ဖြတ်လာတဲ့ ဆွစ်ဇာလန်နဲ့ ရင်ဆိုင်ရချိန်မှာ အများကတော့ အင်္ဂလန်တို့ ကွာတားနဲ့ပဲ ကျေနပ်ရတော့မယ်လို့ ယူဆခဲ့ကြပါသေးတယ်။ တကယ်လည်း ပွဲချိန်အတွင်းမှာလည်း အမ်ဘိုလိုရဲ့ သွင်းဂိုးနဲ့ ဆွစ်တို့က အင်္ဂလန်ကို ဦးဆောင်ခွင့် ရခဲ့ပြီး (၅)မိနစ်အကြာမှာပဲ ဘူကာယို ဆာကာက ပြန်လည် ချေပခဲ့လို့ တစ်ဂိုးစီသရေနဲ့ အချိန်ပို ဆက်ကစားရပါတယ်။ အချိန်ပိုမှာလည်း ရလဒ်က အပြောင်းအလဲ မရှိလို့ ပင်နယ်တီ ဆက်ကစားရာ အင်္ဂလန်က ပင်နယ်တီ အဆုံးအဖြတ်မှာ ဂိုးအားလုံး ဝင်အောင် သွင်းနိုင်ရင်း (5-3) နဲ့ အနိုင်ရသွားခဲ့ပါတယ်။ အင်္ဂလန်ဟာ ပင်နယ်တီနဲ့ ဆုံးဖြတ်ရတိုင်းမှာ ကံဆိုးရတက်ပေမယ့်လည်း အခုတော့ ဒီကံဆိုးမှုတွေကို ကျော်ဖြတ်နိုင်ခဲ့ရင်း ဆီမီးဖိုင်နယ် ဆီ တက်လှမ်းခဲ့ ရပါတယ်။

Photo Credit: NBC News

နယ်သာလန်နဲ့ တူရကီတို့ရဲ့ ကွာတားဖိုင်နယ် နောက်ဆုံးပွဲကတော့ အင်္ဂလန်ပွဲကလို မဟုတ်ပဲ အတော်လေး ကြည့်ကောင်းခဲ့ပါတယ်။ တူရကီက ပထမပိုင်းမှာ ပွဲကို ဦးဆောင်ထားရာကနေ ဒုတိယပိုင်းမှာတော့ နယ်သာလန် က ပွဲချိန် (၆)မိနစ်အတွင်းမှာပဲ ချေပဂိုးနဲ့ ဦးဆောင်ဂိုးတွေ ပြန်သွင်းယူရင်း Comeback ရလဒ်နဲ့ ခက်ခက်ခဲခဲ အနိုင်ရကာ ဆီမီးဖိုင်နယ် ကို တက်လှမ်းနိုင်ခဲ့ပါတယ်။

Photo Credit: UEFA Euro 2024

အခုတော့ လိမ်ဖယ်လိမ်ဖယ်နဲ့ ဆီမီးဖိုင်နယ် ကို တက်လာခဲ့တဲ့ အင်္ဂလန်နဲ့ ရှုံးထွက်အဆင့်တွေ အုပ်စုပွဲတွေကထက် ပုံစံကောင်း ပြသနေတဲ့ နယ်သာလန်တို့ဟာ ထိပ်တိုက် တွေ့ဆုံကြပါပြီ။ လက်ရှိ အနေအထားအရဆိုရင် နယ်သာလန်က အင်္ဂလန်ကို ကျော်ဖြတ်သွားနိုင်ဖို့ အခြေအနေ များနေတယ် ဆိုနိုင်ပေမယ့်လည်း အင်္ဂလန်ရဲ့ luck က ဘယ်လောက်အထိ ကောင်းနေမလဲဆိုတာ ပြောမရသေးတာကြောင့် ဒီပွဲဟာလည်း စပိန်နဲ့ပြင်သစ်ပွဲလောက် မဟုတ်ရင်တောင် သူ့နည်းသူ့ဟန်နဲ့တော့ စိတ်ဝင်စားဖို့ကောင်းနေပါလိမ့်မယ်။

Featured Photo: Pubity Sports