ကွီးတို့ရဲ့ ခန္ဓာကိုယ်ရှိ အဆီပို များကို အချိန်တိုအတွင်းနဲ့ ထိထိရောက်ရောက် ဖယ်ရှားပေးနိုင်မယ့် လေ့ကျင့်ခန်းမျိုးကို ရှာဖွေနေပါသလား၊ ဒါဆိုရင်တော့ Jumping လေ့ကျင့်ခန်းတွေက အသင့်တော်ဆုံးပါပဲ။

ခန္ဓာကိုယ်မှာ စုပုံနေတဲ့ အဆီပို များကို Jumping လေ့ကျင့်ခန်းများ ပြုလုပ်ခြင်းဖြင့် မြန်မြန်ဆန်ဆန်ဖယ်ရှားနိုင်ပါပြီ။ ပြုလုပ်ရမယ့် လေ့ကျင့်ခန်းအမျိုးအစားတွေကလည်း လွယ်ကူရိုးရှင်းတဲ့အတွက်ကြောင့် အခုမှ လေ့ကျင့်ခန်း စလုပ်မယ့် Beginner သမားတွေလည်းပဲ ပြုလုပ်နိုင်တဲ့ လေ့ကျင့်ခန်းတွေပဲဖြစ်ပါတယ်။

Gym သွားစရာမလိုဘဲ မိမိအိမ်မှာ အလွယ်တကူဆော့ကစားနိုင်တဲ့အတွက်ကြောင့် ကွီးတို့အားလုံးလည်း သဘောကျကြလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။

လေ့ကျင့်ခန်း (၁)

Source: Healthline

ဒီလေ့ကျင့်ခန်းလေးကတော့ ခြေထောက်တစ်ဖက်တည်းဖြင့် ခုန်ရမယ့် လေ့ကျင့်ခန်းပဲဖြစ်ပါတယ်။

အဆင့် (၁) ညာခြေကို အနောက်သို့ ကွေးထားပါ။

အဆင့် (၂) ဘယ်ခြေဖြင့် အားပြုပြီး ခုန်လိုက်ပါ။

ထိုအနေအထားအတိုင်း စက္ကန့် ၂၀ ပြုလုပ်ရမှာဖြစ်ပါတယ်။ ထို့နောက် ၁၀ စက္ကန့်ခန့် အနားယူပါ။

ဘယ်ခြေနှင့် ညာခြေကို ဘက်ပြောင်းကာ စောစောကအနေအထားအတိုင်း စက္ကန့် ၂၀ ထပ်မံပြုလုပ်ပေးလိုက်ပါ။

လေ့ကျင့်ခန်း တစ်ခုကနေ အခြားတစ်ခုသို့ ပြောင်းတဲ့အခါ ၁၀ စက္ကန့်ခန့် အနားယူနိုင်ပါတယ်။

လေ့ကျင့်ခန်း (၂)

Source: Pinterest

အဆင့် (၁) ခြေထောက်နှစ်ဖက်ကို ပုခုံးအကျယ်အတိုင်း ချဲထားပါ။

အဆင့် (၂) လက်နှစ်ဖက်ကို ရင်ဘတ်အရှေ့မှာ ထားထားပါ။ ထို့နောက် လက်နှစ်ဖက်ကို အားယူပြီး ခြေထောက်နှစ်ဖက်က ခပ်မြင့်မြင့်လေး ခုန်လိုက်ပါ။

စက္ကန့် ၂၀ ခန့် ခုန်ပေးရမှာဖြစ်ပါတယ်။ ထို့နောက် ၁၀ စက္ကန့် အနားယူပါ။

လေ့ကျင့်ခန်း (၃)

Source: Flab Fix

ဒီလေ့ကျင့်ခန်းလေးကတော့ ကြိုးခုန်လေ့ကျင့်ခန်းလေးပဲဖြစ်ပါတယ်။ လက်ထဲမှာ Jump Rope လေးကို ကိုင်ထားသယောင် အောက်မေ့ကာ ခုန်ရမှာဖြစ်ပါတယ်။

ကွီးတို့အနေနဲ့ တကယ့် Jump Rope အစစ်ကို အသုံးပြုချင်လည်း ရပါတယ်။

Jump Rope အသုံးမပြုသူများကတော့ လက်ထဲမှာ ကြိုးရှိသယောင် အောက်မေ့ကာ ခုန်ပေးနိုင်ပါတယ်။ စုစုပေါင်း စက္ကန့် ၂၀ ခုန်ပေးလိုက်ပါ။

လေ့ကျင့်ခန်း (၄)

Source: Flab Fix

ဒီလေ့ကျင့်ခန်းကတော့ ခန္ဓာကိုယ်ကို ဟိုဘက်ယိမ်းလိုက်၊ ဒီဘက်ယိမ်းလိုက်ဖြင့် ခုန်ရမယ့် လေ့ကျင့်ခန်းတစ်ခုပဲဖြစ်ပါတယ်။ ခန္ဓာကိုယ်တစ်ခုလုံးရှိ အဆီပို များကို အမှန်တကယ် ဖယ်ရှားပေးနိုင်တဲ့ Jumping လေ့ကျင့်ခန်းပဲဖြစ်ပါတယ်။

အဆင့် (၁) လက်နှစ်ဖက်ကို ရင်ဘတ်အရှေ့မှာ အားပြုထားပါ။

အဆင့် (၂) ခြေထောက်နှစ်ဖက်ကို ပူးလျက်သားဖြင့် ဟိုဘက် ဒီဘက် ခုန်ပေးရမှာဖြစ်ပါတယ်။

လေ့ကျင့်ခန်း (၅)

Source: Menshealth

ဒီလေ့ကျင့်ခန်းကတော့ ခုန်ရတဲ့ လေ့ကျင့်ခန်း မဟုတ်ပေမယ့် တရစပ် ခုန်ရတာ မောလာတဲ့အခါ ပြုလုပ်နိုင်ဖို့ရန်အတွက် ထည့်ထားတာပဲဖြစ်ပါတယ်။

အဆင့် (၁) ခြေထောက်နှစ်ဖက်ကို အနည်းငယ် ချဲထားကာ မတ်တပ်ရပ်နေပါ။

အဆင့် (၂) ဘယ်ဒူးကို အရှေ့သို့ ဆန့်တန်းကာ ကွေးချလိုက်ပါ။ မူလအနေအထားအတိုင်း ပြန်နေပါ။

အဆင့် (၃) ညာဒူးကို အရှေ့သို့ ဆန့်တန်းကာ ကွေးချလိုက်ပါ။ မူလအနေအထားအတိုင်း ပြန်နေပါ။

ဘယ် ညာ တစ်လှည့်စီကို စုစုပေါင်း စက္ကန့် ၃၀ ပြုလုပ်ပေးရမှာဖြစ်ပါတယ်။

ပြီးသွားရင်တော့ ၁၀ စက္ကန့်ခန့် အနားယူလိုက်ပါ။

လေ့ကျင့်ခန်း (၆)

Source: Flab Fix

အဆင့် (၁) ခြေထောက်နှစ်ဖက်ကို ကားထားပြီး လက်နှစ်ဖက်ကို ဘေးသို့ ဆန့်တန်းထားလိုက်ပါ။

အဆင့် (၂) ထို့နောက် ခုန်ကာ ခြေထောက်နှစ်ဖက်ကို ယှက်ပြီးနောက် လက်နှစ်ဖက်ကိုလည်း ယှက်ထားလိုက်ပါ။

အဆင့် (၁) အတိုင်း ပြန်နေပါ။

ထိုအဆင့် နှစ်ခုစီကို တစ်လှည့်စီ ပြုလုပ်ကာ စက္ကန့် ၂၀ ခန့် ပြုလုပ်ပေးရမှာဖြစ်ပါတယ်။

လေ့ကျင့်ခန်း (၇)

Source: Healthline

ခုံတစ်လုံး အသုံးပြုကာ ခုန်ရမယ့် လေ့ကျင့်ခန်းတစ်ခုပဲဖြစ်ပါတယ်။ ခုံပေါ်သို့ ခုန်လိုက် ပြန်ဆင်းလိုက်ဖြင့် တစ်လှည့်စီ ပြုလုပ်ပါ။

လေ့ကျင့်ခန်း (၈)

Source: Menshealth

ဒီလေ့ကျင့်ခန်းကတော့ Jump Rope အသုံးပြုကာ ခုန်ရမယ့် လေ့ကျင့်ခန်းပဲဖြစ်ပါတယ်။ ခြေထောက်ကို တစ်ဖက်ချင်းစီ မြှောက်ကာ တစ်လှည့်စီ ခုန်ပေးလိုက်ပါ။ စက္ကန့် ၃၀ လောက် ခုန်ပြီးသွားရင်တော့ ခဏနားလို့ရပါပြီ။

ဒီလေ့ကျင့်ခန်းများကို အစကနေ အဆုံးအထိ ပြုလုပ်ပြီးသွားတဲ့အခါ ၁ မိနစ်၊ ၂ မိနစ်လောက် အနားယူနိုင်ပါတယ်။ ထို့နောက် လေ့ကျင့်ခန်း အစကနေ အဆုံးအထိ၊ ၂ ကျော့စီ ထပ်မံပြုလုပ်ပေးရမှာဖြစ်ပါတယ်။

အထက်ဖော်ပြပါ Workout Plan သည် ကွီးတို့ရဲ့ ခန္ဓာကိုယ် တစ်ခုလုံးရှိ အဆီပို များကို ဖယ်ရှားပေးနိုင်တဲ့ Jumping လေ့ကျင့်ခန်းတွေပဲဖြစ်ပါတယ်။

Featured Image : Mensjournal