Skin Type အမျိုးမျိုးရှိတဲ့အထဲမှာ ယောကျ်ားလေး အများစုကတော့ အဆီပြန်တက်တဲ့ Oily Skin သမားတွေ များပါတယ်။ အဆီပြန် တဲ့ အသားအရေ ဆိုတာဟာ အရေပြားကနေ Sebum တွေ အများကြီး ထုတ်လွတ်တဲ့ အခြေအနေကို ခေါ်ပါတယ်။ အဆီတွေဟာ အရေပြားပေါ်မှာ မြင်သာထင်သာ ရှိနေတက်ပြီး ဒီကနေတဆင့် ချွေးပေါက်တွေပိတ်တာ ၊ ဝက်ခြံနဲ့ အမည်းစက်တွေဖြစ်တာ စတဲ့ အရေပြားပြဿနာတွေ ဖြစ်နိုင်ခြေ ပိုများပါတယ်။ ဒီတစ်ခေါက်မှာတော့ အဆီပြန်တဲ့ Oily Skin အသားအရေ ပိုင်ရှင်တွေအတွက် အသားအရေ ထိန်းသိမ်းနည်း အခြေအနေ အဆင့်လေးတွေကို ပြောပြပေးချင်ပါတယ်။

(၁) Exfoliation လုပ်ပါ

Photo : Style Turner

Exfoliation လုပ်တယ်ဆိုတာဟာ မျက်နှာ အသားအရေ ကို ချေးချွတ်သန့်စင်တဲ့ နည်းတစ်မျိုးပဲ ဖြစ်ပါတယ်။ ဒါဟာ အရေပြားပေါ်က ချွေးပေါက်တွေထဲမှာ ပိတ်ဆို့နေတဲ့ ဆဲလ်သေတွေ ၊ အညစ်အကြေးတွေကို ဖယ်ရှားရှင်းလင်းပေးတဲ့ သဘောပါ။ ဒီလို အရေပြားရဲ့အတွင်းပိုင်းအထိကို နက်နက်ရှိုင်းရှိုင်း ချေးချွတ်သန့်စင် ပေးခြင်းအားဖြင့် Skin ရဲ့ Sebum ထုတ်လုပ်မှု ပမာဏကို လျှော့ချပေးတာကြောင့် အဆီပြန် ခြင်းကို သက်သာစေနိုင်ပါတယ်။

(၂) တစ်ရက် ၂ ကြိမ် မျက်နှာဆေးကြော သန့်စင်ပါ

Photo : Real Men Real Style

အဆီပြန် တက်တဲ့ အသားအရေ ပိုင်ရှင်တွေအနေနဲ့ တစ်ရက်ကို ၂ ကြိမ်ခန့် မျက်နှာ သန့်စင်ဆေးကြောဖို့ လိုအပ်ပါတယ်။ အဓိကအားဖြင့် မနက်အိပ်ရာထချိန်နဲ့ ညအိပ်ရာဝင်ချိန်တွေမှာ မျက်နှာကို ဂရုတစိုက် သေချာ ဆေးကြောသန့်စင် ပေးရမှာပါ။ ဒါမှသာ အရေပြားထဲကနေ ထွက်ရှိလာတဲ့ အဆီနဲ့ အဆီဖုတွေကို သန့်စင်ပေးရာရောက်မှာ ဖြစ်ပြီး တစ်နေ့တာလုံး မျက်နှာအရေပြားပေါ်မှာ စုပုံနေတဲ့ အဆီတွေကို ဖယ်ရှားပေးနိုင်မှာ ဖြစ်ပါတယ်။

(၄) Toner သုံးပါ

Photo : VistaCreate

Toner အသုံးပြုပေးတာဟာ အရေပြားရဲ့ pH ပမာဏ မျှတအောင် ကူညီပေးနိုင်သလို အသားအရေကို ခြောက်သွေ့ခြင်းမရှိဘဲ အဆီပိုထွက်ခြင်းကို တားဆီးပေးပါတယ်။ မျက်နှာဆေးကြော သန့်စင်ပေးတာနဲ့ ဂွမ်းစပေါ် Toner အနည်းငယ်ထည့်ကာ မျက်နှာအနှံ့ အောက်ကနေ အပေါ်သို့ ဆွဲတင် ပွတ်လိမ်းပေးပါ။

(၅) Moisturiser မဖြစ်မနေ လိမ်းပါ

Photo : Pearl Chemist Group

အဆီပြန် တဲ့ အသားအရေရှိသူတွေဟာ အရေပြားရဲ့ အစိုဓာတ်ကို ကောင်းစွာထိန်းသိမ်းထားဖို့ မမေ့လျော့ သင့်ပါဘူး။ အကယ်၍ အသားအရေဟာ အစိုဓာတ် ခမ်းခြောက်နေမယ်ဆိုရင် အရေပြားထဲကနေ အဆီပိုတွေ ပိုမိုထွက်ရှိလာစေပြီး အဆီပြန်တဲ့ အသားအရေ အခြေအနေကို ပိုဆိုးစေနိုင်ပါတယ်။ ဒါကြောင့် အသားအရေဟာ အစိုဓာတ်ကောင်းစွာ ပြည့်ဝနေဖို့ သေချာပေါက် Moisturiser လိမ်းပေးဖို့ လိုအပ်ပါတယ်။

(၅) အဆီကို အဆီနဲ့ ပြန်တိုက်ထုတ်ပါ

Photo : The Ayurveda Co.

အဆီပြန် တဲ့ အသားအရေ ကို ဆီလိမ်းတာက ဟုတ်ရော ဟုတ်ပါ့မလား တွေးနေမယ် ထင်ပါတယ်။ ဟုတ်ပါတယ် အဆီကို အဆီနဲ့ ပြန်တိုက်ထုတ်တဲ့ သဘောပါ။ ညအိပ်ရာဝင်ချိန် မျက်နှာသစ်သန့်စင် ဆေးကြောပြီးတာနဲ့ Rosehip Oil ဒါမှမဟုတ် Jojoba Oil အနည်းငယ်ခန့် လိမ်းနိုင်ပါတယ်။ အဆိုပါ အဆီတွေဟာ အရေပြားအတွင်းသို့ စိမ့်ဝင်စေနိုင်ပြီး အစိုဓာတ်ကို ကောင်းမွန်စွာ ထိန်းသိမ်းပေးထားတာကြောင့် နောက်တနေ့ အိပ်ရာနိုးထလာချိန်မှာ ရေဓာတ်ပြည့်ဝပြီး ကြည်လင်ဝင်းပတဲ့ အသားအရေ ကို မြင်တွေ့ရမှာပဲ ဖြစ်ပါတယ်။

Source : Man Of Many

Featured Photo : Brickell Men’s