Smartwatch လောကမှာတော့ Samsung ရဲ့ Galaxy Watch တွေ တော်တော်လေး လူကြိုက်များ ရေပန်းစားပြီးသားပါ။ နာမည်ရပြီးသား Smartwatch Brand တစ်ခုဖြစ်တာနဲ့အညီ တကယ်လည်း User တွေရဲ့ လက်တွေ့ဘဝမှာ အသုံးဝင်တဲ့ Features အမိုက်စားတွေကို Support ပေးထားတာပါ။ ဒီတစ်ခေါက်မှာတော့ ကွီးတို့ မသိလောက်သေးတဲ့ Samsung Galaxy Watch တွေရဲ့ အထာအကျဆုံး Features တွေ အကြောင်း ပြောပြပေးချင်ပါတယ်။

(၁) ဓာတ်ပုံ/ဗီဒီယိုတွေ အလွယ်တကူ ရိုက်နိုင်တယ်

Photo : Digital Trends

Galaxy Watch တွေမှာပါတဲ့ အထာအကျဆုံး Features တွေထဲက တစ်ခုကတော့ ဓာတ်ပုံ/ဗီဒီယိုတွေ ရိုက်ကူးရာမှာ ပိုမိုလွယ်ကူ အဆင်ပြေစေမယ့် Remote Camera Controller တစ်ခုအနေနဲ့ သုံးနိုင်တာပါ။ ကွီးတို့ရဲ့ Watch ကနေတဆင့် နှိပ်လိုက်ရုံနဲ့ ဖုန်းမှာ ဓာတ်ပုံနဲ့ ရုပ်သံဗီဒီယိုတွေကို အော်တိုရိုက်ကူးပြီးသား ဖြစ်သွားပါလိမ့်မယ်။

(၂) Apps တွေကို မြန်မြန်ဆန်ဆန် ဖွင့်သုံးနိုင်တယ်

Photo : European Space Agency

Galaxy Watch တစ်လုံးရှိရင် App တစ်ခုထဲကို ဝင်ဖို့ ဖုန်း Screen ကိုဖွင့် ၊ Display ပေါ်မှာ ဖွင့်မယ့် App ကိုရှာ ၊ ဖွင့် စတာတွေ လုပ်နေစရာ မလိုတော့ပါဘူး။ ကွီးတို့ရဲ့ လက်လှုပ်ရှားမှုအလိုက် Apps တွေကို မြန်မြန်ဆန်ဆန် ဖွင့်သုံးနိုင်မှာ ဖြစ်ပါတယ်။ ကွီးတို့ စိတ်ကြိုက် ချိန်ညှိထားတဲ့ လက်လှုပ်ရှားမှုအလိုက် သတ်မှတ်ထားတဲ့ App ကို ဖွင့်နိုင်ပါတယ်။ ဥပမာအားဖြင့် လက်ကောက်ဝတ်ကို အထက်အောက် လှည့်လိုက်တာနဲ့ အဆိုပါ လှုပ်ရှားမှုနဲ့ ချိတ်ဆက်ထားတဲ့ App ကအော်တို Run သွားမှာ ဖြစ်ပါတယ်။

(၃) ဘက်ထရီ သက်တမ်းကို ဆွဲဆန့်နိုင်တယ်

Photo : CNA Lifestyle

Galaxy Watch တွေရဲ့ ဘက်ထရီ သက်တမ်းက မော်ဒယ်အမျိုးအစား အပေါ်တည်ပြီး တစ်ကြိမ်အားသွင်းပြီးတာနဲ့ ၆-၇ နာရီကနေ နာရီပေါင်း ၃၀ ဝန်းကျင်အထိ အသုံးပြုလို့ ရပါတယ်။ ဒါကိုမှ အသုံးပြုနေစဉ်အတွင်းမှာ သက်တမ်းကို ထပ်ပြီး ဆွဲဆန့်ချင်တယ် ဆိုရင်တော့ Software Updates တွေ ၊ Notifications & Alerts တွေ ၊ Data Syncing တွေကို ပိတ်လိုက်လို့ ရပါတယ်။

(၄) နာရီမျက်နှာပြင်ကို စိတ်ကြိုက်ပြောင်းနိုင်တယ်

Photo : PhoneArena

နာရီတစ်လုံးဝယ်ပြီး တစ်နေ့တစ်မျိုး မတူတဲ့ Watch Face တွေ အမျိုးမျိုး ပြောင်းသုံးချင်တယ် ဆိုရင်တော့ Galaxy Watch တွေက လုံးဝကွက်တိပါပဲ။ ပုံစံစတိုင် အမျိုးမျိုးနဲ့ Watch Face တွေ ၊ အထာအကျဆုံး နာရီဒိုင်ခွက်ဒီဇိုင်းတွေကို ကွီးတို့ စိတ်ကြိုက် ပြောင်းလဲထားနိုင်ပါတယ်။

(၅) အိပ်စက်မှု စက်ဝန်းကို ခြေရာခံပေးတယ်

Photo : Ouest-France

Galaxy Watch နဲ့ဆို ကွီးတို့ အထာကျကျ အိပ်စက်နိုင်မှာပါ။ Galaxy Watch တွေက ကွီးတို့ရဲ့ အိပ်စက်မှု စက်ဝန်းကို တိတိကျကျ ခြေရာခံပေးပြီး အိပ်စက်မှုနဲ့ ပတ်သတ်တဲ့ Data အချက်အလက်တွေကို အသေးစိတ် ဖော်ပြပေးတဲ့အတွက် ကွီးတို့ ညစဉ်ညတိုင်းမှာ ကောင်းမွန်တဲ့ အိပ်စက်မှု အရည်အသွေးကို ရရှိပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။

Source : Analytics Insight

Featured Photo : Gizmodo