iPhone တွေ ပျက်ရတဲ့ အကြောင်းအရင်းတွေထဲက အဖြစ်အများဆုံး တစ်ခုကတော့ Water Damage လို့ခေါ်တဲ့ ရေဝင် ၊ ရေစိုတာကြောင့်ပါ။ နောက်ပိုင်းထွက်လာတဲ့ မျိုးဆက်သစ် iPhone တွေမှာ ရေစိုခံနိုင်တဲ့ Water-Resistant Ratings တွေ ပါရှိပေမယ့် လုံးဝ Waterproof ဖြစ်နေတာတော့ မဟုတ်ပါဘူး။ iPhone တွေရဲ့ ပြုပြင်စရိတ်ကလည်း မပေါ့တာကြောင့် ဒီတစ်ခေါက်မှာတော့ ကွီးတို့ရဲ့ အဖိုးတန် iPhone တွေ Water Damage ကြောင့် မပျက်စီးရစေဖို့ ဘာတွေ လုပ်ရမလဲ ပြောပြပေးပါမယ်။

(၁) ရေနဲ့ ဝေးဝေးမှာ ထားပါ

Photo : iMore

ကွီးတို့ရဲ့ iPhone ကို ရေစိုမခံချင်ရင် အလွယ်ဆုံးနဲ့ အရိုးရှင်းဆုံး လုပ်နိုင်တာကတော့ ရေနဲ့ ဝေးဝေးမှာ ထားဖို့ပါပဲ။ ရေချိုးခန်း ၊ ရေကူးကန် တို့လို ရေရှိတဲ့ နေရာတွေဆီ တက်နိုင်သမျှ ကွီးတို့ရဲ့ ဖုန်းကို ယူဆောင်မသွားမိစေဖို့ သတိပြု ဆင်ခြင်သင့်ပါတယ်။ မိုးရာသီလို ရေစိုနိုင်ခြေများတဲ့ အချိန်ကာလတွေ ဒါမှမဟုတ် ရေကန် ၊ ကမ်းခြေလို ရေရှိတဲ့ နေရာတွေဆီ မဖြစ်မနေ သွားရတဲ့အခါ ရေစိုခံအိတ် သို့မဟုတ် အလွယ်တကူ ရေမထိနိုင်မယ့် Dry Bag လို အကာအကွယ်အိတ်ထဲ ထည့်သွားဖို့ အကြံပေးချင်ပါတယ်။ အကယ်၍ မတော်တဆ ရေထဲပြုတ်ကျခဲ့ရင်တောင်မှ အလွယ်တကူ ရေထိပြီး ပျက်စီးမှာ မဟုတ်တော့ပါဘူး။

(၂) Waterproof Case တွေ သုံးပါ

Photo : Esquire

ကုသခြင်းထက် ကြိုတင်ကာကွယ်ခြင်းက အကောင်းဆုံး ဆိုသလိုပါပဲ Water Damage ကြောင့် ကွီးတို့ရဲ့ iPhone တွေ မပျက်စီးစေချင်ရင်တော့ Waterproof Case တွေ ဝယ်သုံးသင့်ပါတယ်။ အကြမ်းခံ ၊ ရေစိုခံနိုင်တဲ့ Case တွေ တပ်ဆင်အသုံးပြုတာက ကွီးတို့ရဲ့ အဖိုးတန် iPhone တွေကို အလွယ်တကူ ကွဲရှပျက်စီးခြင်းမှ ကာကွယ်ပေးနိုင်သလို ရေနဲ့ ဖုန်ဒဏ်ကြောင့် ပျက်စီးခြင်းမှလည်း အထိုက်အလျောက် ကာကွယ်ပေးမှာ ဖြစ်ပါတယ်။

(၃) ရေစိုနေချိန် အားသွင်းခြင်းကို ရှောင်ပါ

Photo : UNILAD

ကွီးတို့ရဲ့ iPhone က ရေအနည်းငယ် ထိထားတယ်ဆိုရင် အဲ့ဒီအတိုင်း အားသွင်းတာမျိုး လုံးဝ မလုပ်သင့်ပါဘူး။ ရေစိုနေချိန် အားသွင်းတာက ဖုန်းကို လုံးလုံးပျက်စီး သွားစေနိုင်ပါတယ်။ မတော်တဆ ရေနည်းနည်း ထိထားတယ်ဆိုရင် Air Dry လို့ခေါ်တဲ့ လေသလပ်ခံတာ ဒါမှမဟုတ် အဝတ်နဲ့ ခြောက်အောင် သုတ်ပြီးမှသာ အားသွင်းသင့်ပါတယ်။ နောက်တစ်ခုက ရေစိုနေတဲ့ဖုန်းကို ဆန်အိုးထဲ ထည့်တာမျိုး မလုပ်ပါနဲ့။ ဒါက ဖုန်းကို ပိုမိုပျက်စီးသွားနိုင်ခြေ ရှိပါတယ်။ အဲ့ဒီအစား စိုထိုင်းမှုကို အချိန်တိုအတွင်း မြန်မြန်စုပ်ယူပေးနိုင်တဲ့ Silica Gel အိတ်လေးတွေ နားမှာထားပါ။

(၄) ကိုယ့်ဖုန်းရဲ့ Water Resistance ကို စစ်ဆေးပါ

Photo : CNET

Apple က သူတို့ရဲ့ iPhone မော်ဒယ်တွေ အားလုံးမှာ သတ်မှတ်ထားတဲ့ ရေစိုခံနိုင်နှုန်း IP Rating တွေကို ဖော်ပြထားပါတယ်။ ဥပမာအားဖြင့် iPhone 13 နဲ့အထက် အသစ်ထွက်ရှိထားတဲ့ မော်ဒယ်တွေမှာ IP68 Rating ပါရှိပြီး ရေအနက် ၆ မီတာမှာ မိနစ် ၃၀ ဝန်းကျင်ခန့် ရေစိမ်ခံနိုင်တယ်လို့ ဆိုထားပါတယ်။ သို့သော် Fully Waterproof ဖြစ်တာမဟုတ်တဲ့အတွက်ကိုယ့်အနေနဲ့ သတိထားသုံးဖို့တော့ လိုမှာပါ။

Source : Analytics Insight

Featured Photo : CNET