အဖြူရောင်က သန့်ရှင်းစင်ကြယ်မှုကို ကိုယ်စားပြုပြီး ရိုးရှင်းမှု၊ တောက်ပမှုတဲ့အပြင် ဘယ်လိုအရောင်နဲ့ပဲ ဖြစ်ဖြစ် လိုက်ဖက်မှု ရှိပါတယ်။ အဖြူရောင်က အရာရာတိုင်းအတွက် ကောင်းမွန်ခြင်း၊ မှန်ကန်ခြင်းတို့အတွက်လည်း ကိုယ်စားပြုပါတယ်။ ဝတ်စားဆင်ယင်မှုနဲ့ ဖက်ရှင် ပိုင်းမှာလည်း အဖြူရောင်က အရေးအကြီးဆုံးသော အရောင်တစ်ရောင်ပါ။ ဒါ့ကြောင့် အမျိုးသားတိုင်း အဖြူရောင်ရှပ်အင်္ကျီ တစ်ထည်တော့ ရှိသင့်ပါတယ်။ ရှပ်အင်္ကျီအဖြူက ရုံးခန်းအတွင်း ဝတ်ဆင်ရန် သို့မဟုတ် မင်္ဂလာဆောင်၊ အခမ်းအနားများမှစပြီး ပေါ့ပေါ့ပါးပါး ဝတ်ဆင်ဖို့အထိ ဘက်စုံ အသုံးဝင်ပါတယ်။ ဒါ့အပြင် ဘယ်လိုရာသီဥတုနဲ့ မဆို လိုက်ဖက်တဲ့ အရောင်ဆိုလည်း မမှားပါဘူး။ ဒီဆောင်းပါးလေးမှာတော့ ကွီးတို့အတွက် အဖြူရောင်ရှပ်တွေကို အထာကျကျ ဝတ်ဆင်နိုင်ဖို့ အိုင်ဒီယာကောင်းလေးတွေကို ဝေမျှပေးမှာ ဖြစ်ပါတယ်။

ရှပ်အင်္ကျီ အဖြူနဲ့ စတိုင်လ်ဘောင်းဘီ

Photo : Urben Men Outfits

ကွီးတို့အနေနဲ့ ရှပ်အင်္ကျီအဖြူတွေကို ဘယ်လို ဝတ်ဆင်ရမလဲဆိုတာ ခေါင်းမစားချင်ရင် အရိုးရှင်းဆုံးနည်းလမ်းကတော့ စတိုင်လ်ဘောင်းဘီ တစ်ထည်ထည်နဲ့ တွဲဖက် ဝတ်ဆင်လိုက်တာပါပဲ။ ဒီစတိုင်လ်က ရိုးရိုးရှင်းရှင်းနဲ့ စတိုင်လ်ကျမှုကို ‌ပေးစွမ်းနိုင်ပါတယ်။ ကွီးတို့ရဲ့ အသွင်အပြင်ကို ထပ်ဖြည့်ဖို့အတွက် လက်ပတ်နာတစ်လုံးကိုပါ တွဲဖက်ဝတ်ဆင်လိုက်ပါ။

ရှပ်အင်္ကျီအဖြူနဲ့ ဘောင်းဘီတို

Photo : Urben Men Outfits

ပေါ့ပါးလွတ်လပ်ပြီး အထာကျတဲ့ Street Styles မျိုးကို ဝတ်ဆင်ချင်ရင်တော့ ရှပ်အင်္ကျီအဖြူနဲ့ ဘောင်းဘီတိုကို ရွေးချယ်ဝတ်ဆင်လိုက်ပါ။ ယောက်ျားလေး‌ တော်တော်များများက ဘောင်းဘီတိုကို ဝတ်ဆင်ဖို့ တွန့်ဆုတ်တတ်ကြပါတယ်။ သို့သော်လည်း မှန်မှန်ကန်ကန် တွဲဖင် ဝတ်ဆင်လိုက်တဲ့ အခါမှာ မထင်မှတ်ထားလောက်အောင် ဖက်ရှင်ကျတာ တွေ့ရမှပါ။ ဒါ့အပြင် ပူပြင်းတဲ့ ရာသီဥတုနဲ့လည်း လိုက်ဖက်ညီတဲ့ စတိုင်လ်ပဲ ဖြစ်ပါတယ်။

အဖြူရောင် ရှပ်အင်္ကျီနဲ့ ဂျင်း

Photo : Urben Men Outfits

ဂျင်းတွေက စွယ်စုံရတဲ့ အမျိုးအစားဖြစ်ပြီး ကိုယ့်ရဲ့ အသွင်အပြင်ကိုလည်း လိုသလို ပြောင်းလဲပေးနိုင်ပါတယ်။ အဖြူရောင်ရှပ်အင်္ကျီနဲ့ စတိုင်လ်မိမိ တွဲဖတ်ဝတ်ဆင်နိုင်ဖို့ အတွက် ဂျင်းဘောင်းဘီ စတိုင်လ် မျိုးစုံ၊ အရောင်မျိုးစုံနဲ့ ဝတ်ဆင်ကြည့်ပါ။ ရိုးရိုးရှင်းရှင်း နဲ့ ကွီးတိုကို စတိုင်လ်ကျနေစေမှာပါ။ ချစ်ရတဲ့သူနဲ့ Date ပဲ ဖြစ်ဖြစ်၊ ဘော်ဒါတွေနဲ့ တွေ့ဆုံရာတွင် စတိုင်လ်ကျကျ ပေါ့ပေါ့ပါးပါး နဲ့ Street Fashion ပုံစံ ဝတ်ချင်ရင် ရွေးချယ်သင့်တဲ့ အိုင်ဒီယာကောင်းပါပဲ။

ရှပ်အင်္ကျီအဖြူနဲ့ Black Ripped Jeans

Photo : Urben Men Outfits

ရှပ်အင်္ကျီ အဖြူရောင်နဲ့ အထာကျကျ အမိုက်စားပုံစံ ဝတ်ဆင်ချင်ရင်တော့ Ripped Jeans တွေနဲ့ ဝတ်ဆင်တာ လုံးဝကို မှန်ကန်တဲ့ ရွေးချယ်မှုပါပဲ။ လွတ်လပ်ပေါ့ပါးမှုနဲ့ အထာကျမှုတို့ကို တစ်ပြိုက်နက်တည်း ပေးစွမ်းနိုင်တဲ့ ပုံစံဆိုလည်း မမှားပါဘူး။ ဒါ့ကြောင့် ဒီစတိုင်လ်ကိုလည်း စမ်းဝတ်ကြည့်ဖို့ မမေ့ပါနဲ့။

ဆက်လက်ပြီးတော့ ရှပ်အင်္ကျီအဖြူနဲ့ တွဲဖက်ဝတ်ဆင်နိုင်ဖို့ အိုင်ဒီယာကောင်းတွေကို ဝေမျှပေးသွားပါမယ်။

အိုင်ဒီယာ (၁)

Photo : Urben Men Outfits

အိုင်ဒီယာ (၂)

Photo : Urben Men Outfits

အိုင်ဒီယာ (၃)

Photo : Urben Men Outfits

အိုင်ဒီယာ (၄)

Photo : Urben Men Outfits

အိုင်ဒီယာ (၅)

Photo : Urben Men Outfits

အခုဖော်ပြပေးလိုက်တဲ့ အိုင်ဒီယာကောင်းတွေနဲ့ ကွီးတို့စိတ်ကူးကို ပေါင်းစပ်ပြီး အဖြူရောင်ရှပ်တွေကို အထာကျကျ ဝတ်ဆင်ပြီး ဂေါ်လိုက်ပါ။

Source : Urben Men Outfits

Featured Photo : Rowan Row