ဖက်ရှင်က အမျိုးသား၊ အမျိုးသမီးတိုင်းအတွက် အရေးပါသော အခန်းကဏ္ဍကနေ ပါဝင်ပါတယ်။ ယနေ့ခေတ် ဖက်ရှင်ရေစီးကြောင်းအရ ဖက်ရှင်ကို အလေးပေးလာကြပါတယ်။ တစ်နည်းအားဖြင့် ဖက်ရှင်က ကျွန်တော်တို့ရဲ့ ကိုယ်ရည်ကိုယ်သွေးကို ဖော်ပြရန် အကောင်းဆုံး နည်းလမ်းများထဲက တစ်ခုဖြစ်ပြီး ဘယ်နေရာမှာမဆို Impression ကောင်းစေဖို့အတွက်လည်း အရေးပါပါတယ်။ ဒီဆောင်းပါးလေးမှာတော့ အချိန်အခါ နေရာဒေသအလိုက် ဝတ်စားဆင်ယင်ဖို့ အမျိုးသားများအတွက် အမိုက်စား ဖက်ရှင် စတိုင်လ်တွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

Street Styles

Photo : Youtube

အမျိုးသားများအတွက် ဝတ်စားဆင်ယင်မှု ပုံစံအမျိုးမျိုး၊ စတိုင်လ် အမျိုးမျိုးရှိတဲ့ အထဲမှာ ပေါ့ပေါ့ပါးပါးနဲ့ Street Style ဖက်ရှင်မျိုးကတော့ သက်တောင့်သက်သာရှိတဲ့အပြင် နေ့စဉ်ဝတ်ဆင်လို့ရပြီး ကြည့်ကောင်းစေတဲ့ စတိုင်လ်မျိုးပါ။ သူငယ်ချင်းတွေနဲ့ ပေါ့ပေါ့ပါးပါး Hangout လုပ်မလား၊ ဘားသွားမလား စတိုင်လ်ကျတဲ့ Street Styles ကို ရွေးချယ်လိုက်ပါ။

Photo : DAMARGE

Street Styles ဖက်ရှင်အတွက် ဘာကိုမှသိပ်ထွေထွေထူးထူး မစဉ်းစားချင်ရင် အနက်ရောင်တီရှပ်ကို ကွီးတို့မှာ ရှိပြီးသား ဘောင်းဘီ တစ်ထည်ထည်နဲ့ တွဲဖက်ဝတ်ဆင်လိုက်ပါ။ စတိုင်လ်မိမိနဲ့ ကွီးတို့ကို အထာကျနေစေမှာပါ။ ဒါ့အပြင် ဘောင်းဘီတိုနဲ့ ‌အမျိုးမျိုးသော အင်္ကျီတွေကိုလည်း တွဲဖက်ဝတ်ဆင်လို့ ရပါတယ်။ ရာသီဥတုအလိုက် ကွီးတို့ဖက်ရှင်ကို စိတ်ကြိုက် ဖန်တီးလို့ရပြီး အရောင်အသွေးကိုလည်း စိတ်ကြိုက်ကစားလို့ ရပါတယ်။

Casual

Photo : DAMARGE

အမျိုးသားတို့အတွက် အမိုက်စား ဝတ်ဆင်လို့ရမဲ့ နောက်ထပ် ဖက်ရှင် စတိုင်လ် တစ်မျိုးကတော့ Casual ပဲ ဖြစ်ပါတယ်။ ဒီစတိုင်လ်ကလည်း Street Styles ကဲ့သို့ ပေါ့ပေါ့ပါးပါးဖြစ်မှုကို ဦးတည်ပြီး ရိုးရှင်းကာ မိမိနဲ့ လိုက်လျောညီထွေဖြစ်အောင် ဝတ်စားဆင်ယင်ဖို့အတွက် လွယ်ကူပါတယ်။ ဒီစတိုင်လ်မှာ ဂျင်းဘောင်းဘီ ဒါမှမဟုတ် Chino၊ Style Pants စတာမျိုးကို တီရှပ်တစ်ထည်၊ ပေါ့ပေါ့ပါးပါး ဖိနပ်တစ်ရံနဲ့ တွဲဖက်ဝတ်ဆင်လိုက်ပါ။ ရာသီဥတုအလိုက် ဂျက်ကတ် ဒါမှမဟုတ် Blazer တို့ကိုလည်း အပေါ်ကနေ ထပ်ဝတ်ပြီး ကွီးတို့ စတိုင်လ်ကို တစ်ဆင့်မြှင့်လို့ ရပါသေးတယ်။ ဒီစတိုင်လ်က ကွီးတို့ကို ရိုးရှင်းပြီး စတိုင်လ်ကျစေမှာ အသေအချာပါပဲ။

Smart Casual

Photo : Man of Many

ဒီပုံစံကတော့ အပေါ်မှာ ဖော်ပြခဲ့တဲ့ Casual နဲ့ Street Style ကဲ့သို့ ပုံစံမျိုးနဲ့ အနည်းငယ် ကွာခြားပါတယ်။ ထသွားထလာ ပုံစံထက် စမတ်ကျပြီး ပေါ့ပါးသော ဝတ်စားဆင်ယင်မှုပုံစံကို ပေးစွမ်းနိုင်ပါတယ်။ ပေါ့ပါးပြီး သပ်ရပ်သော အသွင်အပြင်နဲ့ အလုပ်နဲ့သင့်လျော်တဲ့ ဝတ်စားဆင်ယင်မှုပုံစံကို ပေါင်းစပ်ထားတဲ့ ပုံစံဆိုလည်း မမှားပါဘူး။ ဒီစတိုင်လ်မှာ အရောင်များကို အလွန်အကျွံမကစားဘဲ ရိုးရှင်းပြီး မိမိနဲ့ လိုက်ဖက်တဲ့ ပေါ့ပါးရှင်းသန့်သော စတိုင်လ်ကို ဖန်တီးပါ။

Business Formal

Photo : DAMARGE

အမျိုးသားတို့အတွက် မိမိကျင်လည်ရာ ပရော်ဖက်ရှင်နယ်ဘဝမှာ ဝတ်စားဆင်ယင်မှုဟာ အရေးကြီးတဲ့ နေရာကပါဝင်ပါတယ်။ ဝတ်စားဆင်ယင်မှုဟာ ကိုယ့်ရဲ့အသွင်အပြင်နဲ့ Impression ကိုပြသရာမှာ ပထမဆုံး အရေးပါတဲ့နေရာမှာ ပါဝင်တယ်ဆိုလည်း မမှားပါဘူး။

Photo : Magazine

အထူးသဖြင့် ကွီးတို့ လုပ်ငန်းပိုင်းဆိုင်ရာအတွက် Business Suit ဝတ်ဆင်တဲ့နေရာမှာလည်း သူ့နေရာနဲ့သူ လည်စီး၊ နာရီကအစ ဖိနပ်အဆုံး အသေးစိတ် ဂရုစိုက်ရမဲ့ အရာလေးတွေကို သိထားရပါမယ်။ လေးနက်ပြီး အထက်တန်းကျသော အသွင်အပြင် Formal ကျကျ ပုံစံကို ဒီဖက်ရှင်က ပေးစွမ်းနိုင်ပါတယ်။

အခုဖော်ပြပေးလိုက်တာကတော့ အမျိုးသားတို့အတွက် သူ့နေရာသူ သင့်လျော်တဲ့ အမိုက်စား ဖက်ရှင် စတိုင်လ်ကို ဖန်တီးဝတ်ဆင်နိုင်စေဖို့ ဖြစ်ပါတယ်။

Featured Photo : Men’s Fashion