အမျိုးသားတစ်ယောက် အတွက် ဝတ်စားဆင်ယင်မှုက အရေးကြီးသလို သပ်ရပ်သန့်ရှင်းမှုကလည်း အရေးပါပါတယ်။ သပ်ရပ်သန့်ရှင်းမှုအနေနဲ့ တစ်ကိုယ်ရည် သန့်ရှင်းပြီး ကောင်းမွန်တဲ့ ကိုယ်သင်းရနံ့ရှိဖို့လည်း လိုအပ်ပါတယ်။ ကောင်းမွန်သော ကိုယ်သင်းရနံ့ရှိခြင်းက ကွီးတို့အတွက် ကိုယ့်ကိုယ်ကို ယုံကြည်မှုကို တိုးစေတဲ့အပြင် ဆွဲဆောင်မှုလည်းရှိစေပါတယ်။ ဒီနေ့မှာတော့ အမျိုးသားတို့ ဆွဲဆောင်မှုရှိစေဖို့အတွက် အကောင်းဆုံးသော ရေမွှေးများ ကိုဖော်ပြပေးချင်ပါတယ်။
(၁) Blu Atlas Atlantis

Photo : Men’s Journal အမျိုးသားတို့ အတွက် အကောင်းဆုံးသော ရေမွှေးများ ထဲမှ ပထမဆုံး ဖော်ပြပေးချင်တာကတော့ ဒီနှစ်အတွက် လူကြိုက်အများဆုံးဖြစ်တဲ့ Blu Atlas Atlantis ပဲဖြစ်ပါတယ်။ Blu Atlas Atlantis က လိမ္မော်သီး၊ ဆေးဖက်ဝင်အပင်များရနံ့နှင့် မြေကြီး၊ သစ်သားရနံ့တို့ပေါင်းစပ်ထားသောကြောင့် နေ့စဉ်အသုံးပြုလို့ရတဲ့ ရေမွှေး တစ်ခုပါပဲ။ သဘာဝပါဝင်ပစ္စည်းများကိုသာ အသုံးပြုထားသောကြောင့် အရေပြားအတွက်လည်း ဆိုးကျိူးမရှိစေဘူးလို့ ဆိုပါတယ်။ လန်းဆန်းပြီး သဘာဝဆန်တဲ့ ရနံ့ကို ကြိုက်နှစ်သက်တဲ့ ကွီးတို့အတွက် ရွေးချယ်စရာတစ်ခုပါ။
(၂) Giorgio Armani Acqua di Giò

Photo : www.mudmeeshop.com Giorgio Armani Acqua di Giò ကိုတော့ ကွီးတို့တော်တော်များများ ကြိုက်ကြမှာပါ။ ၁၉၉၆ ခုနှစ်တွင် စတင်ရောင်းချခဲ့ပြီးကတည်းက Acqua di Giò က Giorgio Armani ရဲ့ အကောင်းဆုံးထဲက တစ်ခုဖြစ်လာခဲ့ပြီး လူကြိုက်များခဲ့ပါတယ်။ တကယ်ကို Luxury ဆန်တဲ့ ပုလင်းပုံစံနဲ့ သန့်ရှင်းပြီး ဂန္ထဝင်ဆန်သော ခံစားချက်ကို ပေးစွမ်းနိုင်တဲ့ ရနံ့ဖြစ်တာကြောင့် ကွီးတို့ကို တစ်မျိူးတစ်ဖုံ ဆွဲဆောင်မှုရှိစေမှာပါ။
(၃) Chanel Bleu de Chanel Eau de Parfum

Photo : Chanel အမျိုးသားတို့ အတွက် ရွေးချယ်သင့်တဲ့ ရေမွှေးများ ကို ဖော်ပြရမယ်ဆိုရင် Chanel Bleu de Chanel Eau de Parfum က မပါမဖြစ်ပါဘဲ။ ဆွဲဆောင်မှုရှိတဲ့ အနက်ရောင် ပုလင်းပုံစံနဲ့ သူ့ရဲ့ ရနံ့ဟာလည်း အမျိုးသားတို့ အတွက် ကိုယ့်ရဲ့ ပုံစံကိုဖော်ညွှန်းနိုင်တဲ့ ရေမွှေးတစ်ခုလည်းဖြစ်ပါတယ်။
(၄) Paco Rabanne 1 Million Eau de Toilette

Photo : The Zoe Report ရွှေရောင်နဲ့ ဆန်းပြားတဲ့ပုလင်းပုံစံက ကွီးတို့အာရုံကို ဖမ်းစားမဲ့ ဒီရေမွှေးလေးကလည်း ဒီနှစ်အတွက် ပုရိသတို့ အကြိုက်ဆုံးရေမွှေးထဲမှာ ပါဝင်ပါတယ်။ ၎င်းရဲ့ လတ်ဆတ်သော၊ စပ်သော၊ သားရေဆန်သောရနံ့က တကယ်ကို ဆွဲဆောင်မှုရှိစေပါတယ်။ ဒီရေမွှေးက အမျိုးသားများအတွက် ညှို့ယူမှု၊ ပါဝါ၊ ကြွယ်ဝမှု၊ တာရှည်ခံမှုနှင့် Luxury ဆန်မှုတို့ကို ခံစားရစေမှာပါ။
(၅) Versace Eros

Photo : Parfumo Versace Eros ကတော့ ပူစီနံအရွက်၊ ပန်းသီးစိမ်းနှင့် အီတလီသံပုရာများပါဝင်သောကြောင့် လတ်ဆတ်သော ရနံ့ရှိပါတယ်။ ဒါ့အပြင် ထူးခြားချက်ကတော့ နွေးထွေးပြီး ယောက်ျားလေးဆန်သောရနံ့ကိုပေးစွမ်းပါတယ်။ သူ့ရဲ့ ပုလင်းပုံစံကလည်း ရေပြာရောင်နဲ့ Versace ရဲ့ သင်္ကေတ အမှတ်တံဆိပ်ဖြစ်သော Medusa နဲ့ တကယ်ကို Luxury ဆန် ပြီးဆွဲဆောင်မှုရှိလှပါတယ်။ ကွီးတို့ ကြိုက်နှစ်သက်တဲ့ ရေမွှေးရနံ့ကို ရွေးချယ်ပြီး ဆွဲဆောင်မှုရှိတဲ့ ကိုယ်သင်းရနံ့လေးဖြစ်အောင် စိတ်ကြိုက်ဖန်တီးလိုက်ပါ။
Source : Men’s Journal
Featured Photo : Pinterest

