Fitness Challenge လို့ ပြောလိုက်တာနဲ့ Six-Pack ထွက်တဲ့ ဘော်ဒီပိုင်ဆိုင်ဖို့ ၊ သုံးနာရီအောက် မာရသွန်ပြေးဖို့ လိုမျိုး ဟဲဗီးကြီးတွေချည်း လုပ်ဖို့ မဟုတ်ပါဘူး။ တချို့ Challenge တွေက အသက်အရွယ်နဲ့ လိုက်ပြီး အချိန်တိုအတွင်း ပြင်းပြင်းထန်ထန် လုပ်ရတာ ရှိသလို ပေါ့ပေါ့ပါးပါးနဲ့ စွဲစွဲမြဲမြဲ ကစားရတာလည်း ရှိပါတယ်။ ဒီတစ်ခေါက်တော့ အရွယ်ပေါ် လိုက်ပြီး ကျန်းမာကောင်းမွန်တဲ့ Physical Condition တစ်ခုရအောင် ကစားသင့်တဲ့ Challenge တချို့အကြောင်း မျှဝေပေးချင်ပါတယ်။

(၁) အသက် ၂၀ တန်း

Photo :Pexels

အသက် ၂၀ တန်း လူငယ်တစ်ယောက်အဖို့ အကောင်းဆုံး Challenges ၃ ခုက နာရီဝက်အတွင်း ၅ ကီလိုမီတာ ရောက်အောင် ပြေးခြင်း ၊ လက်မြှောက် ဒိုက်ထိုး Burpees အကြိမ် ၂၀ ၊ တစ်ဖက်ကို Side Plank ၁ မိနစ်ကြာ ထောက်ခြင်းတို့ ဖြစ်ပါတယ်။

(၂) အသက် ၃၀ တန်း

Photo :Pexels

အသက် ၃၀ တန်း လူလတ်ပိုင်းအရွယ် ရောက်နေသူတွေအတွက် ၉ မိနစ်အတွင်း ၁ မိုင်နှုန်း ရောက်အောင် ပြေးတာ ၊ ၄၅ စက္ကန့်ကြာအောင် Plank ထောက်တာနဲ့ ကိုယ့် ကိုယ်အလေးချိန်ရဲ့ ၅၀% ကျော် လေးတဲ့ Weight ကို Deadlift မ,တာမျိုး Challenge လုပ်ရမှာပါ။

(၃) အသက် ၄၀ တန်း

Photo :Pexels

အသက် ၄၀ အရွယ် အမျိုးသားတွေဟာ မနားတမ်း စက္ကန့် ၆၀ ကြာအောင် တဟုန်းထိုးပြေးတာ ၊ မနားတမ်း ၁၀ ကြိမ် ဒိုက်ထိုးတာ နဲ့ ခြေထောက်တွေ တဖြောင့်တည်း ထားပြီး ခြေချောင်းတွေကို လက်နဲ့ လှမ်းထိနိုင်အောင် လုပ်တာမျိုးလေးတွေ လုပ်ဖို့ အကြံပေးချင်ပါတယ်။

Featured Photo : Pexels