မနေ့က မနက်ပိုင်းမှာ အမေရိကရောက် GOAT ကြီး လီယွန်နယ် မက်ဆီက သူရဲ့ အင်တာ မိုင်ယာမီအတွက် ဂိုးတွေ သွင်းယူရင်း အသင်းကို နောက်တစ်ဆင့် ပို့ဆောင်ပေးနိုင်ခဲ့သလို ဆော်ဒီရောက် GOAT ကြီး ခရစ္စတီယာနို ရော်နယ်လ်ဒိုကလည်း အယ်လ် နာဆာအသင်းကို ကယ်တင်ပေးခဲ့ပြီး အုပ်စုကနေ နောက်တစ်ဆင့် တက်လှမ်းစေနိုင်ခဲ့ပါတယ်။

Photo Credit : Sport Brief

မက်ဆီက သူရဲ့ နယ်မြေသစ် တစ်ခုဖြစ်တဲ့ အမေရိကန်မှာ ဂိုးတွေ ဆက်တိုက် သွင်းယူနေသလို မက်ဆီရဲ့ မဟာပြိုင်ဘက်ကြီး ရော်နယ်လ်ဒိုကလည်း အာရပ် ကလပ် ချန်ပီယံရှစ်ပြိုင်ပွဲမှာ ဂိုးမြူးနေခဲ့ပါတယ်။ အာရှ ကလပ် ချန်ပီယံရှစ်ပြိုင်ပွဲဟာ (၄)သင်း တစ်အုပ်စုစီ ယှဉ်ပြိုင်စေတာဖြစ်ပြီး ရော်နယ်လ်ဒိုရဲ့ အယ်လ် နာဆာအသင်းက နိုင်ငံတူ ကလပ် အယ်လ် ရှာဘတ်အသင်း ၊ တူနီးရှားကလပ် မိုနာစတေးအသင်း ၊ အီဂျစ်ကလပ် ဇာမာလိတ်အသင်းတို့နဲ့ တစ်အုပ်စုတည်း ကျရောက်နေပါတယ်။

Photo Credit : Sport Brief

အုပ်စုအဖွင့်ပွဲမှာ အယ်လ် နာဆာက အယ်လ် ရှာဘတ်အသင်းနဲ့ ရင်ဆိုင်ခဲ့ရပြီး ဂိုးမရှိ သရေ ဖြစ်ခဲ့သလို မိုနာစတေးနဲ့ ယှဉ်ပြိုင်ခဲ့တဲ့ ပွဲစဉ်မှာတော့ ရော်နယ်လ်ဒို သွင်းဂိုးတစ်ဂိုး အပါအဝင် (4-1) နဲ့ အန်ိုင်ရခဲ့ပါတယ်။ အုပ်စုနောက်ဆုံး ပွဲစဉ်အဖြစ် ဇာမာလိတ်နဲ့ ရင်ဆိုင်ခဲ့ရာမှာတော့ ဇာမာလိတ်က ပွဲကို အရင်ဆုံး ဦးဆောင်ထားခဲ့ရာ အဲ့ဒီရလဒ်နဲ့သာ ပွဲပြီးသွားမယ်ဆိုရင် အယ်လ် နာဆာအသင်းက အုပ်စုအဆင့်နဲ့ပဲ ကျေနပ်လိုက်ရတော့မှာ ဖြစ်ပေမယ့်လည်း အသင်းခေါင်းဆောင် ရော်နယ်လ်ဒိုရဲ့ နောက်ကျ ခေါင်းတိုက် ချေပဂိုးနဲ့ တစ်ဖက် တစ်ဂိုးစီ သရေကျခဲ့ရင်း အုပ်စု ဒုတိယနဲ့ပဲ ကွာတားဖိုင်နယ်ဆီ တက်လှမ်းသွားခဲ့ရပါတယ်။

Photo Credit : French Football Weekly

အခုလို ကွာတားဖိုင်နယ်ထိ တက်လှမ်းလာခဲ့တဲ့ အယ်လ် နာဆာအသင်းဟာ ကွာတားမှာတော့ အာရပ် ကလပ် ပြိုင်ပွဲရဲ့ လက်ရှိချန်ပီယံ မော်ရိုကို ကလပ် ရာဂျာ ကာဆာဘလန်ကာအသင်းနဲ့ ပွဲကျပ် ရင်ဆိုင်သွားရတော့မှာပဲ ဖြစ်ပါတယ်။ ဒီပွဲမှာလည်း ရော်နယ်လ်ဒိုတစ်ယောက် အယ်လ် နာဆာအသင်းအတွက် ဘယ်လောက်အထိ စွမ်းဆောင်သွားနိုင်မလဲ နောက်ပြီး ဇာမာလိတ်နဲ့ပွဲမှာ ပွဲထွက်ကစားခဲ့ရတဲ့ ဆာဒီယို မာနေးကရော သူရဲ့ ပထမဆုံး ပွဲထွက်ကစားသမားအဖြစ် ကစားရမယ့် ရာဂျာနဲ့ပွဲမှာ ဘာတွေ လုပ်ဆောင်နိုင်မလဲဆိုတာ အရမ်းကို စိတ်ဝင်စားဖို့ ကောင်းနေပါတယ်။

Featured Photo : Sport Brief