လိင်ဆက်ဆံပြီးနောက်မှာ ကိုယ်ဝန်တားဆီးဖို့အတွက် သောက်ရတဲ့ အရေးပေါ် သန္ဓေတားဆေး နဲ့ ပတ်သတ်ပြီး ကွီးတို့ သိထားသင့်တာလေးတွေ ပြောပြပေးပါမယ်။ အရေးပေါ်သန္ဓေတားဆေးကို Emergency Contraception (EC) လို့ခေါ်ကြသလို Morning After Pill လို့ခေါ်ပါတယ်။

Photo : Family Planning Tasmania

အထူးသဖြင့် အကာအကွယ်မဲ့ လိင်ဆက်ဆံပြီးနောက်မှာ သို့မဟုတ် ပုံမှန်သုံးနေကျ သားဆက်ခြားနည်းလမ်း တစ်ခုခု ပျက်ကွက်တဲ့ အချိန်မှာ Emergency Contraception (EC) အရေးပေါ် သန္ဓေတားဆေး ကို သုံးရပါတယ်။ ဆေးကို အကာအကွယ်မဲ့ လိင်ဆက်ဆံပြီးနောက် ၇၂ နာရီကနေ နာရီပေါင်း ၁၂၀ အတွင်း သောက်သုံးနိုင်ပြီး မြန်မြန်သောက်လေ ထိရောက်မှု ပိုရှိလေပါ။

အရေးပေါ် သန္ဓေတားဆေးမှာ ဘေးထွက်ဆိုးကျိုး အနည်းငယ် ရှိတက်ပြီး ဆိုးကျိုးသက်ရောက်မှုကတော့ တစ်ယောက်နဲ့တစ်ယောက် ကွဲပြားနိုင်ပါတယ်။ ယေဘုယျအားဖြင့် အဖြစ်များဆုံးမှာ ဘေးထွက်ဆိုးကျိုးတွေဟာဆိုရင် ဆေးသောက်ပြီး ၂၄ နာရီအတွင်းမှာ ပျို့အန်တာ ၊ မူးဝေတာနဲ့ ဗိုက်အောင့်တာတွေ ခံစားရနိုင်ပါတယ်။ အချို့အမျိုးသမီးတွေမှာတော့ ၂၄ နာရီ ထက်ပိုပြီး အဆိုပါ ဝေဒနာတွေကို ခံစားရတက်ပါတယ်။

Photo : Find My Method

Emergency Contraception (EC) အရေးပေါ်သန္ဓေတားဆေးရဲ့ ထိရောက်မှုကတော့ ၇၅ ရာခိုင်နှုန်း ခန့်သာရှိပြီး တစ်ခါတစ်ရံမှာ အခြေအနေ အကြောင်းကြောင်းကြောင့် ထိရောက်မှုဟာ ၅၄ ရာခိုင်နှုန်းအထိ လျော့ကျတက်ပါတယ်။ အရေးပေါ်သန္ဓေတားဆေး လို့ ဆိုတဲ့အတိုင်း ဒီဆေးဟာ မျှော်လင့်မထားပဲ အကာအကွယ်မဲ့ လိင်ဆက်ဆံမိတာ ၊ အတူနေစဉ် မတော်တဆ ကွန်ဒုံးပေါက်ပြဲတာ ဒါမှမဟုတ် အထက်မှာ ပြောခဲ့သလို ပုံမှန်သုံးနေကျ သားဆက်ခြားနည်းလမ်း တစ်ခုခု ပျက်ကွက်တာ စတဲ့ အရေးပေါ်အခြေအနေမှသာ သောက်သုံးသင့်ပါတယ်။

အရေးပေါ်သန္ဓေတားဆေးဟာ ကိုယ်ဝန်ရနိုင်ခြေကိုပဲ တာဆီးကာကွယ်ပေးတာ ဖြစ်တဲ့အတွက် လိင်မှတဆင့် ကူးစက်တက်တဲ့ ရောဂါတွေကိုတော့ ကာကွယ်ပေးမှာ မဟုတ်ပါဘူး။ ဒါကြောင့် ကိုယ်ဝန်ရော လိင်မှတဆင့် ကူးစက်တက်တဲ့ ရောဂါ STDs ကိုပါ ကာကွယ်ချင်တယ်ဆိုရင် သန္ဓေတားဆေးတစ်ခုခုနဲ့ ကွန်ဒုံးကို တွဲဖက်အသုံးပြုတဲ့ နည်းလမ်းကို သုံးသင့်ပါတယ်။

Source : MensXP

Featured Photo : Boston University