ကြွက်သား မာဆယ်တွေနဲ့ အဆီကင်းပြီး Lean ဖြစ်တဲ့ Body မျိုးဟာ အသက်အရွယ် မရွေးရနိုင်ပါတယ်။ ကွီးတို့ အစားအသောက်ကို ထိန်းပြီး လေ့ကျင့်ခန်း ပုံမှန် လုပ်ဖို့ပဲ လိုတာပါ။ ဒီတစ်ခေါက်မှာတော့ လူငယ်ဖြစ်ဖြစ် လူကြီးပိုင်းဖြစ်ဖြစ် အသက်အရွယ်မရွေး ကျစ်လစ်တဲ့ ခန္ဓာကိုယ်ကို ရချင်သူတွေ လုပ်ဆောင်သင့်တဲ့ ရိုးရိုးရှင်းရှင်း လေ့ကျင့်ခန်း နည်းတွေကို မျှဝေပေးချင်ပါတယ်။

(၁) Pushups

Photo : Centr

ဒိုက်ထိုး ကစားနည်းကတော့ အချိန်နေရာမရွေး လူတိုင်းကစားလို့ အဆင်ပြေဆုံး Classic လေ့ကျင့်ခန်းနည်း တစ်ခုပါပဲ။ ခန္ဓာကိုယ် ကျစ်လစ်သန်မာချင်သူတွေ ၊ အဆီနည်းပြီး Lean ဖြစ်တဲ့ Body ကို ပိုင်ဆိုင်ချင်သူတွေ အားလုံး Pushups ကစားနည်းကို ကစားလို့ ရပါတယ်။ ကိရိယာလွတ် ဘော်ဒီဝိတ် လေ့ကျင့်ခန်း ဖြစ်တာကြောင့် Gym သွားစရာမလိုပဲ ကွီးတို့ အိမ်မှာပဲ လွယ်လွယ်ကူကူ ပြုလုပ်လို့ အဆင်ပြေပါတယ်။

(၂) Lunges

Photo : Men’s Health

ခန္ဓာကိုယ်ရဲ့ အဓိက ကြွက်သားအုပ်စု တော်တော်များများကို သက်ရောက်မှုရှိတဲ့ ဘော်ဒီဝိတ် လေ့ကျင့်ခန်း ဖြစ်ပါတယ်။ ဘော်ဒီဝိတ် Exercise ဆိုပေမယ့် အလေးတုံးတွေ ၊ အလေးပြားတွေရှိရင်ရှိသလို ထည့်ပေါင်းကစားလို့လည်း ရပါတယ်။ Lunges လေ့ကျင့်ခန်းက ခန္ဓာကိုယ်အောက်ပိုင်း ကြွက်သားအစိတ်အပိုင်းတွေကို အဓိက အလုပ်လုပ်စေပြီး ကျစ်လစ်သန်မာတဲ့ ကြွက်သား Body ကို ရရှိစေနိုင်ပါတယ်။

(၃) Planks

Photo : Men’s Health

ကွီးတို့ အားလုံးနဲ့ ရင်းနှီးပြီးသား ဝမ်းဗိုက်ကြွက်သား လေ့ကျင့်ခန်း ဖြစ်ပါတယ်။ Planks ထောက်နည်းတွေကတော့ ကွီးတို့ ခံနိုင်ရည်နဲ့ ကျွမ်းကျင်မှုအပေါ်မူတည်ပြီး အဆင့်မြင့်တဲ့ ကစားနည်း ပုံစံတွေကိုလည်း ပြောင်းလဲလို့ ရပါတယ်။ ဝမ်းဗိုက်နဲ့ ခန္ဓာကိုယ် အပေါ်ပိုင်း ကြွက်သား အစိတ်အပိုင်းတွေကို ကျစ်လစ်သန်မာစေဖို့အတွက် အဓိက အထောက်အကူ ပြုပါတယ်။

(၄) Mountain Climbers

Photo : Edge of Longevity

ချွေးထွက်ချင်တယ် ၊ ခန္ဓာကိုယ် ကျစ်လစ်ချင်တယ်ဆိုရင် Mountain Climbers လေ့ကျင့်ခန်းကို ကစားပါ။ Mountain Climbers လေ့ကျင့်ခန်းဟာ ကွီးတို့ ခန္ဓာကိုယ်မှာရှိတဲ့ အဆီပိုတွေကို ထိရောက်တဲ့ လောင်ကျွမ်းမှု ကောင်းကောင်း ဖြစ်စေပြီး အဆီကျ မာဆယ်တက်စေဖို့ ကူညီပေးနိုင်ပါတယ်။ Lean ဖြစ်တဲ့ Body ကို ပိုင်ဆိုင်နိုင်ရုံမကပဲ သက်လုံစွမ်းအားကိုလည်း တိုးတက်ကောင်းမွန်စေပါတယ်။

Source : Eat This Not That

Featured Photo : Six Star Pro Nutrition