အားကစားပညာရပ်သည် ကိုယ့်ရဲ့ အတွေ့အကြုံနဲ့ လေ့ကျင့်မှုပေါ် မူတည်ပြီး ကိုယ့်ရဲ့ကျွမ်းကျင်ခြင်းသည်လည်း ကွာသွားတတ်ပါတယ်။ အသက် ၂၀ နှစ်နဲ့ ၂၇ နှစ်ကြား အားကစားသမား များသည်လည်း အများအပြားရှိတဲ့အနက် ကမ္ဘာ့အတော်ဆုံး အားကစားသမား တွေက ဘယ်သူတွေဖြစ်မလဲ။

ကွီးတို့အားပေးကြတဲ့ အားကစားသမားများလည်း ဒီစာရင်းထဲမှာပါမလားဆိုတာကို ဆက်လေ့လာကြည့်လိုက်ပါ။ ဒီလိုမျိုး အသက် ၂၀ နှစ်နဲ့ ၂၇ နှစ်ကြား လူကြိုက်အများဆုံး အားကစားသမား များသည် အားကစားပရိသတ်တွေရဲ့ မဲပေးစနစ်အရ ဘယ်သူက လူကြိုက်အများဆုံးလဲဆိုတာ ခွဲထားတာဖြစ်ပါတယ်။

အသက် ၂၀ နှစ်အရွယ် ကစားသမား Usman Garuba

Photo: Silver Screen and Roll

Usman Garuba ကတော့ စပိန်လူမျိုး ဘက်စကပ်ဘောကစားသမားတစ်ယောက်ဖြစ်ပါတယ်။ ဘက်စကပ်ဘောကစားသမားတစ်ယောက်ဖြစ်တဲ့အားလျော်စွာ သူ့အရပ်သည် ၂.၀၃ မီတာအထိ မြင့်ပါတယ်။ သူသည် အခြားသော ကစားသမားလေးယောက်နဲ့ ပြိုင်ကာ မဲပေးဖို့အတွက် ရွေးချယ်လိုကတဲ့အခါ သူက မဲ ၄၃ ရာခိုင်နှုန်းနဲ့ လူကြိုက်များတာဖြစ်ပါတယ်။

၂၁ နှစ်အရွယ် ကစားသမား Erling Haaland

Photo: The Mirror

သူကတော့ နော်ဝေးလူမျိုး ပရော်ဖက်ရှင်နယ်ဘောလုံးသမားတစ်ယောက်ဖြစ်ပါတယ်။ သူ့ကိုတော့ ၂၀၀၀ ခုနှစ်၊ ဇူလိုင်လ ၂၁ ရက်နေ့က မွေးဖွားခဲ့တာဖြစ်ပါတယ်။

၂၂ နှစ်အရွယ် ကစားသမား Joao Felix

Photo: Everything Barca

သူကတော့ ပေါ်တူဂီလူမျိုး ပရော်ဖက်ရှင်နယ်ကစားသမားတစ်ယောက်ဖြစ်ပါတယ်။ သူ့ကို ဘောလုံးကစားရာမှာ လျင်မြန်ဖြတ်လတ်ပြီး ကိုယ်ပိုင်ဆော့နည်းဆော့ဟန်ရှိတဲ့အတွက်ကြောင့် လူကြိုက်များကြပါတယ်။

၂၃ နှစ်အရွယ် ကစားသမား Luka Doncic

Photo: Sports Illustrated

Luka Doncic ကတော့ ဘက်စကပ်ဘောကစားသမားတစ်ယောက်ဖြစ်ပြီး သူ့ကို ၁၉၉၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ ရက်နေ့က မွေးဖွားခဲ့တာဖြစ်ပါတယ်။ သူ့ရဲ့အရပ်ကတော့ ၂.၀၁ မီတာရှည်ပါတယ်။

၂၄ နှစ်အရွယ် ကစားသမား Max Verstappen

Photo: Yahoo Movies Canada

ပြိုင်ကားအားကစားသမားတွေထဲမှာတော့ အသက် ၂၄ နှစ်အရွယ်ရှိပြီဖြစ်တဲ့ Max Verstappen က မဲအများဆုံးပေးခံရပါတယ်။ သူ့ကိုတော့ ၁၉၉၇ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်နေ့က မွေးဖွားခဲ့တာဖြစ်ပါတယ်။ သူ့ရဲ့ဖခင်ကတော့ Formula One ပြိုင်ကားမောင်းသမားဖြစ်တဲ့ Jox Bestappen ပဲဖြစ်ပါတယ်။

၂၅နှစ်အရွယ် ကစားသမား Egan Bernal

Photo: Eurosport

သူကတော့ ကိုလံဘီယာလူမျိုး စက်ဘီးအားကစားသမားပဲဖြစ်ပါတယ်။ သူသည် ၂၀၁၉ တုန်းက Tour De France ဆိုတဲ့ အားကစားပြိုင်ပွဲမှာ အနိုင်ရရှိခဲ့တဲ့သူဖြစ်ပါတယ်။

၂၆ နှစ်အရွယ်ကစားသမား Daniil Medvedev

Photo: Daniil Medvedev

သူကတော့ ရုရှားလူမျိုး တင်းနစ်ကစားသမားပဲဖြစ်ပါတယ်။ သူသည် တင်းနစ်လောကတွင် နာမည်ကြီးအကျော်အမော်တစ်ယောက်ဖြစ်ပြီး ပြိုင်ပွဲပေါင်းများစွာမှာလည်း ဆုဖလားရရှိအောင် ကြိုးပမ်းနိုင်ခဲ့သူဖြစ်ပါတယ်။

၂၇ နှစ်အရွယ်ကစားသမား Giannis Antetokoumpo

Photo: Sports Illustrated

Giannis Antetokoumpo ကတော့ ဂရိလူမျိုး ဘက်စကပ်ဘောအားကစားသမားတစ်ယောက်ဖြစ်ပါတယ်။ သူ့ရဲ့ ဘက်စကပ်ဘောစွမ်းရည်နှင့် လျင်မြန်မှုကတော့ သြချရလောက်ပါတယ်။

Source: Marca

Featured Image: Planetf1