ကွီးတို့ ဦးနှောက် ကျန်းမာရေးကို ဆိုးဆိုးရွားရွား ထိခိုက်စေနိုင်တဲ့ Drinks တွေအကြောင်း သိပြီးပြီလား ? ကွီးတို့ ကိုယ်တိုင် သတိမထားမိပဲ နေ့တိုင်းသောက်မိနေတဲ့ Drinks တွေထဲမှာ ဦးနှောက်ရဲ့ ကျန်းမာရေး ၊ ဦးနှောက်ရဲ့ လုပ်ဆောင်ချက်တွေကို ဆိုးကျိုးများစွာ သက်ရောက်စေတဲ့ သောက်စရာ တွေ များစွာ ရှိနေပါတယ်။ ဒီဆောင်းပါးမှာတော့ ဘယ်လို သောက်စရာတွေက ကွီးတို့ Brain Health ကို ထိခိုက်စေလဲဆိုတာ ပြောပြပေးပါမယ်။

(၁) မစ်ရှိတ်

Photo : Emborg

ကလေးရော လူကြီးပါ ကြိုက်နှစ်သက်ကြတဲ့ မစ်ရှိတ်ဖျော်ရည်တွေဟာ ဦးနှောက် ကျန်းမာရေးအတွက်တော့ ထောင်ချက်တစ်ခုပါပဲ။ မစ်ရှိတ်တွေမှာ သကြားအမြောက်အများနဲ့ ပြည့်ဝဆီတွေ အများကြီးပါပါတယ်။ ပြည့်ဝဆီနဲ့ သကြားဓာတ်ဟာ LDL-Cholesterol Levels ကို တက်စေပြီး အယ်လ်ဇိုင်းမားရောဂါ ၊ စိတ်ကျရောဂါတွေ အပါအဝင် ဦးနှောက်ကျန်းမာရေးကို နှစ်ဆနီးပါး အဆိုးရွားဆုံး ထိခိုက်စေနိုင်ပါတယ်။

(၂) ဆိုင်ဖျော် ကော်ဖီ

Photo : Uno Casa

Black ကော်ဖီလို ကော်ဖီသီးသန့်ပါတဲ့ ‌Drinks တွေဟာ အသင့်အတင့်သောက်မယ်ဆိုရင် ခန္ဓာကိုယ်အတွက် ကောင်းကျိုးရှိနိုင်ပေမယ့်လို့ သကြားနဲ့ နို့တွေ ၊ ခရင်မ်တို့လို မပျော်ဆီတွေ ပါဝင်တဲ့ ဆိုင်ဖျော်ကော်ဖီတွေကတော့ များများစားစာသောက်ရင် ကွီးတို့ ကျန်းမာရေးအတွက် လုံးဝမကောင်းပါဘူး။ ဒီလို ဆိုင်ဖျော်ကော်ဖီတွေဟာ အချိုရည်သံဗူး ၂ ဗူးစာနဲ့ ညီမျှတဲ့ သကြားပါဝင်မှု ရှိပါတယ်။ သကြား အလွန်အကျွံ စားသုံးတာဟာ ဦးနှောက် ကျန်းမာရေးအပြင် ခန္ဓာကိုယ်အတွက် ဘေးထွက်ဆိုးကျိုးတွေ အရမ်းကို များပါတယ်။

(၃) Sports Drinks

Photo : The Nutrition Source – Harvard University

အားကစားသမားတွေ သောက်ကြတဲ့ ရေဓာတ်ဖြည့် Sports Drinks အချိုရည်တွေကိုလည်း ကျန်းမာရေးနဲ့ အရမ်းညီညွှတ်တယ်လို့တော့ မထင်လိုက်ပါနဲ့။ Sports Drinks တွေက ဆိုဒါဖျော်ရည်တွေနဲ့ အခြား ရယ်ဒီမိတ် အချိုရည်တွေထက် ကျန်းမာရေးနဲ့ ပိုညီညွှတ်တယ်ဆိုပေမယ့်လည်း ပျှမ်းမျှ Sports Drinks တစ်ဗူးမှာ ကယ်လိုရီ ၁၄၀ နဲ့ သကြား ၃၄ ဂရမ် ခန့်လောက်တော့ ပါဝင်ပါသေးတယ်။ ဒါကြောင့် Sports Drinks တွေကို များများသောက်မယ်ဆိုရင် ကိုယ်အလေးချိန်တက်တာ ၊ အမျိုးအစား ၂ ဆီးချိုရောဂါ ၊ နှလုံးသွေးကြောဆိုင်ရာရောဂါ ၊ ဦးနှောက် နဲ့ အာရုံကြောဆိုင်ရာပြဿနာတွေ ဖြစ်နိုင်ခြေ မြင့်တက်စေနိုင်ပါတယ်။

(၄) အားဖြည့်အချိုရည်

Photo : Sustain

ကဖိန်းဓာတ်ပါတဲ့ ခွန်အားဖြည့် အချိုရည်တွေဟာ စိတ်ကိုလန်းဆန်း နိုးကြားစေပြီး ဦးနှောက်ကို တက်ကြွဖျက်လက် စေတယ်လို့ လူသိများပါတယ်။ သို့သော် ကွီးတို့ မသိသေးတာတစ်ခုက အားဖြည့်အချိုရည်တွေမှာ သကြားဓာတ် လွန်ကဲစွာ ပါဝင်နေတာပါ။ ယေဘုယျ အားဖြည့်အချိုရည်တစ်ဗူးမှာ သမားကြား ၁၆၈ ကယ်လိုရီနဲ့ သကြား ၃၇ ဂရမ်ခန့်ပါပါတယ်။ ကဖိန်းဓာတ်ပါလို့ အချိန်ခဏလောက်ပဲ ဦးနှောက်ကို နိုးကြားလန်းဆန်းသွားစေမှာ ဖြစ်ပြီး ရေရှည်စွဲစွဲမြဲမြဲ သောက်မယ်ဆိုရင်တော့ ဦးနှောက် ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်လာနိုင်ပါတယ်။

Source : Eat This Not That

Featured Photo : News – Inquirer.net