အသားခြောက် တက်တဲ့ Dry Skin အမျိုးအစား အသားအရေ ပိုင်ရှင်တွေအနေနဲ့ ပုံမှန် အသားအရေတွေလို Skincare လုပ်ရိုးလုပ်စဉ်တွေအတိုင်း အသားအရေ ထိန်းသိမ်းလို့ မရပါဘူး။ Dry Skin ဆိုတာဟာ အသားအရေက အချိန်တော်တော်များများ ခြောက်သွေ့နေတာ ၊ အသားအရေ နီမြန်းနေတာ ၊ အက်ကွဲကြမ်းတမ်းနေတာ စတဲ့ အခြေအနေတွေ ရှိတက်ပြီး အသားအရေ အစိုဓာတ်ခန်းခြောက်ခြင်း ကဲ့သို့အရေပြားပြဿနာတွေ ရှိတဲ့ Skin Type ကို ရည်ညွှန်းပါတယ်။ အထူးသဖြင့် နေရောင်ခြည်နဲ့ တိုက်ရိုက်ထိတွေ့တဲ့အခါ ဒါမှမဟုတ် အပူပေးစက် သို့မဟုတ် လေအေးပေးစက်တွေကြောင့် အသားအရေခြောက်သွေ့မှုဟာ ပိုဆိုးလာပြီး အသားအရေ ပိုမိုရောင်ရမ်းတာ သို့မဟုတ် ယားယံခြင်းတို့ကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ဒီတစ်ခေါက်မှာတော့ အသားခြောက်တက် သူတွေအတွက် Skincare Tips လေးတွေကို မျှဝေပေးပါမယ်။

(၁) ရေပူချိုးခြင်း ရှောင်ကြဉ်ပါ

Photo : Men’s Health

အသားခြောက် သူတွေကတော့ ရေပူချိုးတာ ၊ ရေနွေးနဲ့ မျက်နှာသစ်တာတွေကို တက်နိုင်သမျှ ရှောင်ကြဉ်ရပါမယ်။ ရေပူချိုးတာက အသားအရေရဲ့ သဘာဝအစိုဓာတ်ထိန်းညှိမှုကို အနှောင့်အယှက် ဖြစ်စေပြီး အရေပြားကို ယားယံစေနိုင်ပါတယ်။ ဒါကြောင့် ရေပူချိုးတာ ၊ ရေနွေးနဲ့ မျက်နှာသစ်တာတွေအစား ရိုးရိုးရေအေးနဲ့သာ မျက်နှာသစ် ရေချိုးဖို့ အကြံပြုလိုပါတယ်။

(၂) Soap-free မျက်နှာသစ်ဆေးနဲ့ ရေချိုးဆပ်ပြာကိုသာ သုံးပါ

Photo : Rolling Stone

အသားခြောက် သူတွေအနေနဲ့ ဆပ်ပြာပါရှိတဲ့ အသားအရေ ထိန်းသိမ်းရေးနဲ့ တစ်ကိုယ်ရည်သန့်ရှင်းရေး ထုတ်ကုန်တွေကို အသုံးမပြုတာ ကောင်းပါတယ်။ ဘာလို့ဆို အဆိုပါထုတ်ကုန်တွေက အသားအရေပေါ်က သဘာဝအဆီတွေကို ဖယ်ရှားပစ်နိုင်တဲ့အတွက် အသားအရေကို ပိုမို ခြောက်သွေ့စေတက်လို့ပါ။ အဲ့ဒီအစား Soap-free မျက်နှာသစ်ဆေးနဲ့ ရေချိုးဆပ်ပြာတွေကိုသာ ရွေးချယ်အသုံးပြု သင့်ပါတယ်။

(၃) Hyaluronic Acid ပါတဲ့ ထုတ်ကုန်တွေ သုံးပါ

Photo : www.cafecodiac.ca

Hyaluronic Acid ဟာ အသားအရေ အစိုဓာတ်ကို အဆ ၁၀၀၀ အထိ ထိန်းထားနိုင်တဲ့အတွက် အသားခြောက် တက်တဲ့ အသားအရေ ပိုင်ရှင်တွေအတွက် အကောင်းဆုံး ထုတ်ကုန်တစ်ခု ဖြစ်ပါတယ်။ Hyaluronic Acid ပါတဲ့ ထုတ်ကုန်တွေကို မျက်နှာသစ် Toner သုံးပြီးနောက်မှာ အသုံးပြုပေးတာဟာ အကောင်းဆုံးဖြစ်ပြီး ပြီးတဲ့နောက်မှာတော့ နောက်တဆင့် Moisturizer ထပ်လိမ်းပေးနိုင်ပါတယ်။

(၄) ရေချိုးပြီးတာနဲ့ Moisturizer ချက်ချင်းလိမ်းပါ

Photo : Best SkinCare Products – TuSuva

Dry Skin သမားတွေ သေချာပေါက် လုပ်ရမှာကတော့ ရေချိုး/မျက်နှာသစ်ပြီးတာနဲ့ Moisturizer ချက်ချင်းလိမ်းပေးဖို့ပါပဲ။ အစိုဓာတ်ထိန်းခရမ်င်ကို ထိရောက်မှန်ကန်စွာ အသုံးပြုပေးခြင်းဖြင့် အသားအရေအတွက် လိုအပ်တဲ့ အစိုဓာတ်ကို ထိန်းညှိပေးနိုင်တာကြောင့် ရေချိုး/မျက်နှာသစ်ပြီးတာနဲ့ မိနစ်အနည်းငယ်အတွင်း Moisturizer မဖြစ်မနေ လိမ်းပေးဖို့ လိုအပ်ပါတယ်။

(၅) အမွှေးရနံ့ပါတဲ့ Skincare ထုတ်ကုန်တွေ ရှောင်ပါ

Photo : Minimalist

Skincare ထုတ်ကုန်တွေ ရွေးချယ်တဲ့အခါ အမွှေးရနံ့ပါတဲ့ ထုတ်ကုန်တွေကို သတိထားရှောင်ရပါမယ်။ ဒါက အသားခြောက် သူတွေရော ထိလွယ်ရှလွယ်ရှိတဲ့ Sensitive Skin သမားတွေပါ လိုက်နာရမယ့် အချက်တစ်ခုပါ။ အမွှေးရနံ့ပါတဲ့ Skincare ထုတ်ကုန်တွေက အသားအရေကိုခြောက်သွေ့စေပြီး ကြမ်းတမ်းပျက်စီး စေနိုင်ပါတယ်။ ဒါကြောင့် အမွှေးရနံ့နဲ့ ဓာတုပစ္စည်းတွေပါဝင်တဲ့ Skincare ထုတ်ကုန်တွေအစား သဘာဝပစ္စည်းတွေကို အခြေခံထုတ်လုပ်ထားတဲ့ Skincare ထုတ်ကုန်တွေကိုသာ ရွေးချယ်သုံးဖို့ အကြံပေးချင်ပါတယ်။

Source : Man Of Many

Featured Photo : Real Men Real Style