အားကစား ပြိုင်ပွဲ များ ကြည့်ရှုခြင်းသည် စိတ်ခွန်အား တက်ကြွလန်းဆန်းစေပြီး စိတ်ပျော်ရွှင်စေပါတယ်။ ကိုယ် အားပေးတဲ့အသင်း အနိုင်ရအောင် အားပေးရတာကလည်း စိတ်လှုပ်ရှားမှုတစ်မျိုးပဲဖြစ်ပြီး ကိုယ် အားပေးတဲ့အသင်း အနိုင်ရသွားတဲ့အခါ အတိုင်းမသိပျော်ရွှင်ရပါတယ်။ အနိုင်မရတဲ့အခါကျတော့ အားမလိုအားမရနဲ့ ဝမ်းနည်းသလိုလို ဒေါသထွက်သလိုလိုခံစားရမှာဖြစ်ပါတယ်။

ကမ္ဘာနှင့်တစ်ဝှမ်းကျင်းပနေတဲ့ အားကစား ပြိုင်ပွဲ များ အများအပြားရှိတဲ့အနက် လူကြိုက်အများဆုံးနှင့် အကြည့်အများဆုံး အားကစားပြိုင်ပွဲများရှိပါတယ်။

Tour de France

Photo: Cycling Weekly

Tour de France ကတော့ ပြင်သစ်နိုင်ငံမှာ ကျင်းပလေ့ရှိပြီး နွေရာသီမျာ ကျင်းပကြတဲ့ စက်ဘီးစီးပြိုင်ပွဲပဲဖြစ်ပါတယ်။ ဒီပြိုင်ပွဲလေးသည် အားကစားကြည့်ရှုသူပေါင်း ၃.၅ ဘီလီယံကို ဆွဲဆောင်ထားတာကြောင့် နံပါတ် (၁) လူကြည့်အများဆုံး အားကစား ပြိုင်ပွဲ ပဲဖြစ်ပါတယ်။

Soccer World Cup

Photo: The New York Times

နံပါတ် (၂) နေရာမှာ ရပ်တည်နေတဲ့ အားကစား ပြိုင်ပွဲကတော့ Soccer World Cup ပဲဖြစ်ပါတယ်။ သူကတော့ ကြည့်ရှုသူပေါင်း ၃.၃ ဘီလီယံ ရှိပါတယ်။

Cricket World Cup

Photo: Encyclopedia Britannica

Cricket World Cup ကတော့ ကမ္ဘာတစ်ဝှမ်းကြည့်ရှုသူပေါင်း ၂.၆ ဘီလီယံကို ဆွဲဆောင်လျက်ရှိတဲ့ အားကစားပြိုင်ပွဲတစ်ခု ဖြစ်ပါတယ်။

နွေရာသီ အိုလံပစ်ပြိုင်ပွဲ

Photo: Vax Before Travel

ကမ္ဘာတစ်ဝှမ်းလုံးရဲ့ ကြည့်ရှုသူပေါင်း ၂ ဘီလီယံခန့်ကို ဆွဲဆောင်နေတဲ့ နံပါတ် (၄) နေရာရှိ အားကစားပြိုင်ပွဲတစ်ခုကတော့ နွေရာသီ အားကစားပြိုင်ပွဲများပဲဖြစ်ပါတယ်။

ဆောင်းရာသီ အိုလံပစ်ပြိုင်ပွဲ

Photo: Olympics

ဆောင်းရာသီအားကစားပြိုင်ပွဲများကတော့ လေးနှစ်လျှင် တစ်ကြိမ် ကျင်းပလေ့ရှိပြီး တစ်ခါကျင်းပလျှင် ၁၇ ရက်ကြာ ကျင်းပလေ့ရှိပါတယ်။ ဒီနှစ် ဆောင်းရာသီ အိုလံပစ်ပြိုင်ပွဲကတော့ တရုတ်နိုင်ငံ၊ ဘေကျင်းတွင် ကျင်းပမှာဖြစ်ပါတယ်။

Women’s World Cup

Photo: Forbes

အမျိုးသမီးကမ္ဘာ့ဖလားကတော့ ကြည့်ရှုသူပေါင်း ၁.၁၂ ဘီလီယံကို ဆွဲဆောင်လျက်ရှိပါတယ်။

Boxing

နံပါတ် (၇) နေရာမှာ ရပ်တည်နေတဲ့ လူကြည့်အများဆုံး အားကစားကတော့ လက်ဝှေ့ပဲဖြစ်ပါတယ်။ သူကတော့ ကြည့်ရှုသူပရိသတ်ပေါင်း ၁ ဘီလီယံခန့်ရှိပါတယ်။

UEFA Champions League

Photo: Sporting News

FIFA World Cup နှင့် Euro Cup တို့ပြီးလျှင် နောက်ထပ် လူကြိုက်အများဆုံးကတော့ UEFA Champions League ပဲဖြစ်ပါတယ်။

Super Bowl

Photo: Vox

Super Bowl ကတော့ နိုင်ငံတကာဘောလုံးအသင်းများရဲ့ ချန်ပီယံအားကစားပြိုင်ပွဲဖြစ်ပြီး ကြည့်ရှုသူပေါင်း ၁.၂ မီလီယံကို ဆွဲဆောင်လျက်ရှိပါတယ်။

NCAA Final Four

Photo: CBS Sports

နံပါတ် (၁၀) နေရာမှာ ရပ်တည်နေတဲ့ လူကြိုက်အများဆုံး အားကစားပြိုင်ပွဲကတော့ World Series ပဲဖြစ်ပါတယ်။

ကွီးတို့ရော အခုဖော်ပြခဲ့တဲ့ လူကြည့်အများဆုံး အားကစားပြိုင်ပွဲ (၁၀) မျိုးထဲက ဘယ်အားကစားပြိုင်ပွဲကို အများဆုံးကြည့်ဖြစ်ပါသလဲ။

Source: Playersbio

Featured Image Source: Sportshubnet