ပိတ်ရက်တွေမှာ အချစ်နဲ့အတူ အပူရှောင်ရင်း ပျော်စရာကောင်းတဲ့ အားလပ်ရက် ဖြတ်သန်းမှုလေးရဖို့ အိုင်ဒီယာကောင်းလေးတစ်ခု ညွှန်းပေးချင်ပါတယ်။ ဒါကတော့ Bowling ပစ်ဖို့ပါ။ Bowling ပစ်တာက ချစ်သူစုံတွဲတွေအတွက် အကောင်းဆုံး Date အိုင်ဒီယာတွေထဲက တစ်ခု ဖြစ်ပါတယ်။ ဘာကြောင့်လဲ သိချင်ရင်တော့ ဒီဆောင်းလေးကို အဆုံးထိ ဖတ်ကြည့်လိုက်ပါ။

(၁) ပျော်စရာကောင်းတယ်

Photo : The Cold Wire

Bowling ပစ်တာ ပျော်စရာအရမ်း ကောင်းပါတယ်။ ချစ်သူနှစ်ဦးတည်း ဒိတ်လုပ်လို့ရသလို ဘော်ဒါတွေစုပြီး ပျော်ပျော်ပါးပါး အဖွဲ့လိုက် ကစားလို့လည်း ရပါတယ်။ တစ်ခါမှ မ Try ဘူးသေးဘူးဆိုရင် Try ကြည့်ဖို့ အကြံပေးချင်ပါတယ်။

(၂) ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ပြိုင်ဆိုင်မှုတစ်ခုပါ

Photo : Stars and Strikes

Bowling ကစားတာက ယှဉ်ပြိုင်မှု တစ်ခုပါပဲ။ ဒါပေမယ့် ချစ်သူနှစ်ဦး တစ်ယောက်နဲ့တစ်ယောက် မာနချင်းယှဉ်ပြိုင် အနိုင်ယူတာမျိုး မဟုတ်ပဲ ပျော်ပျော်ပါးပါးနဲ့ Healthy တဲ့ ပြိုင်ဆိုင်မှုမျိုး ဖြစ်ပါတယ်။

(၃) စိတ်ရောကိုယ်ပါ ကျန်းမာစေတယ်

Photo : FABUspot.com

Bowling ပစ်တာက လှုပ်လှုပ်ရှားရှား ကစားရတဲ့ အားကစားနည်း တစ်ခုပါ။ ပုံမှန် ရုပ်ရှင်ဒိတ်တာ ၊ ဆိုင်ကောင်းကောင်းမှာ ဒိတ်တာတွေထက် ပိုကျန်းမာပြီး စိတ်ရောကိုယ်ပါ လန်းဆန်းတက်ကြွမှုကို ပေးပါတယ်။

(၄) အတွေ့အကြုံအသစ်တွေ ရစေတယ်

Photo : Hitched

Bowling ကစားနည်းကို တစ်ခါမှမဆော့ဖူး သူတွေအတွက်တော့ ရင်ခုန်စရာကောင်းတဲ့ အတွေ့အကြုံအသစ်တွေကို ရစေမှာ အသေအချာပါပဲ။ ချစ်သူနှစ်ဦး ပုံမှန်လုပ်နေကျအရာတွေနဲ့ မတူညီတဲ့ လှုပ်ရှားမှုတစ်ခု ဖြစ်တာကြောင့် အားလပ်ရက် ကို ပျော်ရွှင်စရာ နေ့တစ်နေ့အဖြစ် ပြောင်းလဲပေး နိုင်ပါလိမ့်မယ်။ ဒါတင်မကသေးပါဘူး Bowling ဟာ Social Activity တစ်ခုလည်း ဖြစ်တဲ့အတွက် ပေါင်းသင်းဆက်ဆံရေးကိုလည်း တိုးတက်စေနိုင်ပါတယ်။

Featured Photo : Stars and Strikes