တစ်ခါတစ်ရံ လိင်စိတ်ဆန္ဒ လျော့ကျတာဟာ လူတိုင်းနီးပါး ကြုံတွေ့ရတဲ့ ပြဿနာတစ်ခုပါပဲ။ အသက်အရွယ် ပြောင်းလဲမှုအရ လိင်စိတ်ဆန္ဒ လျော့ကျနိုင်သလို လွဲမှားနေတဲ့ နေထိုင်မှုပုံစံတွေကြောင့်လည်း ဖြစ်တက်ပါတယ်။ ဒါပေမယ့် Libido တိုးဖို့အတွက် ဖြေရှင်းချက်အချို့တော့ အမြဲရှိပါတယ်။ အဓိကအားဖြင့် ရုပ်ပိုင်းဆိုင်ရာ လှုပ်ရှားမှုနဲ့ အစားအသောက်တွေဟာ လိင်စိတ်ဆန္ဒအပေါ် အများကြီး သက်ရောက်မှု ရှိစေပါတယ်။ ဒီတစ်ခေါက်မှာတော့ အိပ်ရာပေါ်မှာ စိတ်ပါပါနဲ့ တူနှစ်ကိုယ် ရင်ခုန်ရတဲ့ အခိုက်အတန့်တွေကို ဖန်တီးနိုင်ဖို့ သောက်ပေးသင့်တဲ့ သောက်စရာ အချို့ကို ပြောပြပေးချင်ပါတယ်။

(၁) Green Tea

Photo : HealthyWomen

Green Tea ဟာ ကိုယ်အလေးချိန် လျှော့ချဖို့အတွက် အကောင်းဆုံး သောက်စရာတစ်ခုလို့ လူသိများပါတယ်။ ဒါတင်ပဲလားဆိုတော့ မဟုတ်သေးပါဘူး။ ကွီးတို့ရဲ့ လိင်စိတ်ဆန္ဒကိုလည်း မြှင့်တင်ပေးနိုင်တဲ့ အကျိုးသက်ရောက်မှု ရှိပါတယ်။ အကြောင်းကတော့ Green Tea မှာက Catechins လို့ခေါ်တဲ့ ကြွယ်ဝဒြပ်ပေါင်းတွေ ပါဝင်ပြီး ၎င်းက သွေးစီးဆင်းမှုကို အားကောင်းစေကာ လိင်စိတ်ဆန္ဒကို မြှင့်တင်ပေးတာပဲ ဖြစ်ပါတယ်။

(၁) Black Coffee

Photo : Black Insomnia Coffee

အားလုံးသိကြတဲ့အတိုင်း ကော်ဖီဟာ လူတွေရဲ့ စိတ်ခံစားမှုကို မြှင့်တင်ပေးနိုင်စွမ်း ရှိပါတယ်။ ကော်ဖီမှာ ပါဝင်တဲ့ ကဖိန်းဓာတ်ဟာ အမျိုးသားရော အမျိုးသမီးတွေမှာပါ လိင်မှုရေးရာခံစားမှုတွေအတွက် အကျိုးပြုတယ်လို့ လေ့လာမှုအချို့က ဆိုထားပါတယ်။ ၂၀၀၅ ခုနှစ်က ပြုလုပ်ခဲ့တဲ့ Houston မှာရှိတဲ့ University of Texas Health Science Center ရဲ့ လေ့လာမှုတစ်ခုမှာတော့ ကော်ဖီနေ့စဉ်သောက်သုံးတဲ့ အမျိုးသားတွေဟာ လိင်အင်္ဂါမသန်စွမ်းမှုပြဿနာ ဖြစ်နိုင်ခြေ နည်းပါးလို့ သိရပါတယ်။

(၃) ဝိုင်နီ

Photo : Barcino

ဝိုင်နီဟာလည်း လိင်မှုဆိုင်ရာ နိုးကြားတက်ကြွမှုကို တိုးမြင့်စေနိုင်တယ်လို့ သုတေသီတွေက ပြောထားပါတယ်။ တစ်နေ့ကို ဝိုင်အနီနှစ်ခွက်ခန့် ပုံမှန်သောက်ပေးတာက အမျိုးသမီးတွေမှာဆိုရင် လိင်စိတ်ဆန္ဒကို မြှင့်တင်ပေးနိုင်ပြီး အမျိုးသားတွေမှာလည်း ဝိုင်နီဟာ Testosterone ထုတ်လုပ်မှု ပမဏကို တိုးစေနိုင်တယ်လို့ ဆိုပါတယ်။

(၃) ငှက်ပျောသီး ဖျော်ရည်

Photo : Allrecipes

Banana Shake ဟာ ခန္ဓာကိုယ်မှာရှိတဲ့ ကြွက်သားတွေ ကြံ့ခိုင်သန်မာမှုကို တိုးစေရုံမက လိင်မှုဘဝကိုလည်း မြှင့်တင်ပေးစွမ်းရှိပါတယ်။ ကျွမ်းကျင်သူတွေရဲ့အဆိုအရတော့ ငှက်ပျောသီးမှာ အမျိုးသားတွေအတွက် Libido နဲ့ Testosterone ပမဏကိုတိုးစေတဲ့ Bromelain အင်ဇိုင်းတွေ ပါရှိတယ်။ Libido လျော့ကျမှုကို ကုစားဖို့အတွက်ဆို ငှက်ပျောသီး ဖျော်ရည် တစ်ရက်ကို ၂ ကြိမ်ခန့် သောက်ပေးသင့်တယ်လို့ သုတေသီတွေက ဆိုထားပါတယ်။

(၅) သလဲသီးဖျော်ရည်

Photo : Verywell Health

သလဲသီးဖျော်ရည်မှာ လိင်မှုဆိုင်ရာဟော်မုန်းတွေကို မြှင့်တင်ပေးနိုင်တဲ့ အကျိုးကျေးဇူးတွေ ရှိပါတယ်။ သလဲသီးဖျော်ရည် သောက်ပေးခြင်းဟာ လိင်အင်္ဂါဆီ သွေးစီးဆင်းမှုကို တိုးစေပြီး လိင်စိတ်ဆန္ဒကို တိုးစေတယ်လို့ အမေရိကန်နိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ International Journal of Impotence Research မှာ ဖော်ပြထားပါတယ်။ ရယ်ဒီမိတ်ဖျော်ရည်ဗူးတွေထက် အသီးအစစ်ကို ဖျော်စပ်သောက်သုံးတာက ပိုပြီး ထိရောက်မှု ရှိပါတယ်။

Featured Photo : Healthline