ညအိပ်ရာဝင်ချိန်မှာ ကောင်းမွန်တဲ့ အိပ်စက်ခြင်းကို ရရှိဖို့ ညဘက်အလေ့အထတွေနဲ့ တိုက်ရိုက်သက်ဆိုင်ပါတယ်။ ပြောရရင် ညစာကို ညဉ့်နက်မှ စားတဲ့အကျင့်ဟာ ကောင်းစွာအိပ်စက်အနားယူဖို့အတွက် ခက်ခဲသွားစေနိုင်ပါတယ်။ ဒါပေမယ့် စိတ်မပူပါနဲ့ ညစာစားပြီးတဲ့အချိန်မှာ ယောဂလေ့ကျင့်ခန်း တချို့လုပ်ပေးတာက ကွီးတို့ကို ကောင်းကောင်းအိပ်ပျော်စေဖို့ ကူညီပေးနိုင်ပါတယ်။ ယောဂလေ့ကျင့်ခန်းက တင်းမာနေတဲ့ ကြွက်သားတွေကို ပြေလျော့စေပြီး အိပ်ချင်စိတ်ကို နှိုးဆွပေးနိုင်ပါတယ်။ ကဲဒါဆို ကွီးတို့ အိပ်ရာမဝင်ခင်မှာ ဘယ်လိုယောဂ လေ့ကျင့်ခန်းတွေ လုပ်သင့်လဲဆိုတာ ဆက်ဖတ်ကြည့်ရအောင်ပါ။

(၁) Downward Dog Pose (Adho Mukha Svanasana)

Photo : Freepik

ဒါကတော့ လွယ်ကူရိုးရှင်းပြီး လူကြိုက်များတဲ့ ယောဂ Poses တွေထဲကတစ်ခုပါ။ ဒီ Pose ကို ညဘက်အိပ်ခါနီးမှ မဟုတ်မပါဘူး တစ်နေ့တာအတွင်း ကြိုက်တဲ့အချိန် လုပ်နိုင်ပါတယ်။ ကွီးတို့ရဲ့ ကိုယ်ဟန်အနေအထားကို ပိုကောင်းစေပြီး ဝမ်းဗိုက်ကြွက်သားတွေကို ပြေလျော့သက်သာစေပါတယ်။

(၂) Standing Forward Bend Pose (Uttanasana)

Photo : Freepik

Standing Forward Bend Pose (Uttanasana) ကတော့ မတ်တပ်ရပ်ပြီး ခါးကိုကွေးညွတ်ရတဲ့ လေ့ကျင့်ခန်း ဖြစ်ပါတယ်။ အစာအိမ်နဲ့ အူလမ်းကြောင်းအတွက် အထူးကောင်းမွန်ပြီး ဝမ်းချုပ်ခြင်း သို့မဟုတ် ဖောရောင်ခြင်းတွေကို သက်သာစေပါတယ်။ လေ့ကျင့်ခန်းလုပ်ချိန်မှာ တံကောက်ကြောကြွက်သားတွေ တင်းမာမှုကို ခံစားရမှာ ဖြစ်ပြီး တကယ်လို့ တင်းမာမှုမခံစားရပါက ခြေထောက်ကို ဖြောင့်ဖြောင့်တန်းတန်းထားဖို့ လိုပါတယ်။

(၃) Camel Pose (Ustrasana)

Photo : Freepik

Camel Pose ကလည်း ညစာစားပြီးနောက်မှာ ပြုလုပ်နိုင်တဲ့ ယောဂကျင့်စဉ်တွေထဲကတစ်ခု ဖြစ်ပြီး နောက်ကျောကြွက်သားတွေအတွက် ထိရောက်မှုရှိပါတယ်။ ပုံအရတော့ လေ့ကျင့်ခန်း လုပ်ရတာခက်ခဲပြီး နောက်ကျောကို ဆိုးရွားစွာ ထိခိုက်စေတယ်လို့ ထင်ရပေမယ့် တကယ်တမ်းမှာတော့ နောက်ကျောကြွက်သားတွေကို သန်မာစေရုံသာမက အစာအိမ်ပြဿနာတွေကို သက်သာစေကာ အစာခြေစနစ်ကို အထောက်အကူပြုတယ်လို့ လေ့လာမှုက ဆိုထားပါတယ်။

(၄) Bow Pose (Dhanurasana)

Photo : Freepik

Bow Pose (Dhanurasana) ကတော့ ဝမ်းချုပ်ခြင်းကို သက်သာစေပြီး ဗိုက်အင့်တာကို သက်သာစေဖို့အကောင်းဆုံး ယောဂလေ့ကျင့်ခန်း တစ်ခုပါ။ နောက်ကျော ၊ ဝမ်းဗိုက်ကြွက်သားတွေကို ထိရောက်မှုရှိပြီး ခန္ဓာကိုယ်ရဲ့ ပျော့ပျောင်းမှုကို တိုးစေပါတယ်။ စလုပ်ချိန်မှာတော့ အနည်းငယ်ခက်ခဲပြီး သက်တောင့်သက်သာရှိတဲ့ ပုံစံမျိုး မဟုတ်ပါဘူး။ ဒါပေမယ့် တဖြည်းဖြည်း ကြွက်သားတွေ ပြေလျော့လာပြီး ပြုလုပ်ရလွယ်ကူလာပါလိမ့်မယ်။

Featured Photo : Alomoves