နည်းပညာရဲ့ တိုးတက်လာမှုကြောင့်ပဲ လူသားတွေရဲ့ နေ့စဉ်ဘဝတွေဟာ ပိုမိုလွယ်ကူသက်တောင့်သက်သာ ဖြစ်လာတယ်ဆိုတာ ငြင်းလို့ မရတာအမှန်ပါ။ ခလုတ်လေးတစ်ချက်နှိပ်ရုံ ၊ လက်မလေးတစ်ချက်ရွေ့ရုံနဲ့ တစ်ကိုယ်ရည်သုံး ၊ အိမ်သုံး စသည်ဖြင့် အသုံးအဆောင် ပစ္စည်းတွေကို ထိန်းချုပ်စေခိုင်းလို့ ရနေပါတယ်။ ဒီတစ်ခေါက်မှာတော့ ကိုယ်တိုင် အိမ်ရှင်းရမှာ ပျင်းတဲ့ ကွီးတို့အတွက် အချိန်ကုန် လူသက်သာစေမယ့် အိမ်သန့်ရှင်းရေးသုံး အမိုက်စား ဖုန်စုပ်စက် စက်ရုပ်လေးတွေကို ပြောပြပေးပါမယ်။

(၁) iRobot Roomba i3 Evo

Photo : People

iRobot Roomba i3 Evo လို့ခေါ်တဲ့ Robot Vacuum ကတော့ ကွီးတို့အိမ်ခန်း ၊ ဧည့်ခန်းက ဖုန်နဲ့အညစ်အကြေးတွေကို အလွယ်တကူ ရှင်းလင်းသန့်စင်ပေးမယ့် အိမ်သန့်ရှင်းရေးသုံး ဖုန်စုပ်စက် စက်ရုပ်လေး ဖြစ်ပါတယ်။ အောက်ဘက်မှာ ရော်ဘာစုတ်တံနှစ်ခု ပါရှိတဲ့အတွက် ဖုန်တွေ ၊ အမှုန်တွေနဲ့ အညစ်အကြေးတွေကို ထိရောက်စွာ သန့်ရှင်းရေး လုပ်ပေးနိုင်မှာ ဖြစ်ပါတယ်။ ဈေးနှုန်းကတော့ ၂၄၈ ဒေါ်လာ ဝန်းကျင်ခန့် ရှိပါတယ်။

(၂) Shark Ion

Photo : Tom’s Guide

Robot Vacuum စက်ရုပ် လေးတွေထဲကမှ Budget အမျိုးအစားလေး ရွေးချင်တယ်ဆိုရင်တော့ Shark Ion ရှိပါတယ်။ ဒီကောင်လေးမှာက ဖုန်နဲ့အမှုန်တွေကို စုပ်ယူအားကောင်းတဲ့ Big Bin ကြီးတစ်ခု ပါရှိတာကြောင့် အညစ်အကြေးတွေကို ကောင်းမွန်ထိရောက်စွာ ရှင်းလင်းသန့်စင်ပေးနိုင်မှာပါ။ Replacement Parts အပိုပစ္စည်းတွေလည်း ဝယ်ရလွယ်ကူပြီး ဈေးနှုန်းကတော့ ဒေါ်လာ ၁၃၀ ဝန်းကျင်သာ ရှိပါတယ်။

(၃) DreameBot D10 Plus

Photo : Pro Tool Reviews

DreameBot D10 Plus ကတော့ ပေးရတဲ့ဈေးနဲ့ တန်အောင်ကို စုံလင်တဲ့ လုပ်ဆောင်ချက်တွေ အများကြီး ပါဝင်တဲ့ ဖုန်စုပ်စက် စက်ရုပ် လေးတစ်ခု ဖြစ်ပါတယ်။ ဈေးနှုန်းကတော့ ဒေါ်လာ ၁၃၀ ဝန်းကျင်သာ ရှိပါတယ်။ တံမြက်စည်း လှဲတာ ၊ ဖုန်နဲ့အမှုန်တွေကို ထိရောက်စွာ စုပ်ယူတာ ၊ ကြမ်းတိုက်ပေးတာတွေအပြင် ကိုယ်သန့်ရှင်းရေ မလုပ်စေချင်တဲ့ နေရာတွေကိုလည်း အော်တိုရှောင်ကွင်းပေးနိုင်တဲ့ Keep-out Zones တွေကိုလည်း သတ်မှတ်ပေးလို့ ရပါတယ်။ ဈေးနှုန်းကတော့ ဒေါ်လာ ၂၆၀ ဝန်းကျင် ရှိပါတယ်။

(၄) Yeedi Cube

Photo : NextPit

Yeedi Cube ဖုန်စုပ်စက် စက်ရုပ် လေးကတော့ တော်တော်လေး အထာကျတဲ့ Robot Vacuum တစ်ခုလို့ ပြောရမှာပါ။ ဖုန်စုပ်တာ ၊ ကြမ်းတိုက်တာ စတဲ့ လုပ်ဆောင်ချက်တွေအပြင် စက်ရုပ်လေး ကိုယ်တိုင်ကိုက သန့်ရှင်းရေးလုပ် ၊ အခြောက်ခံစတာတွေကို ပြုလုပ်နိုင်ပါတယ်။ ဈေးနှုန်းအားဖြင့် ၃၉၉ ဒေါ်လာဝန်းကျင်ခန့် ကျသင့်မှာဖြစ်ပြီး ပေးရတဲ့ဈေးနဲ့တန်တဲ့ ခံစားချက်ကို အပြည့်အဝ ရရှိစေမှာပဲ ဖြစ်ပါတယ်။

Source : The Verge

Featured Photo : The Verge