ကွီးတို့ရေ ယနေ့ခေတ် နည်းပညာ ဟာ အရှိန်အဟုန်နဲ့ ပြောင်းလဲတိုးတက်နေပါတယ်။ နည်းပညာ ရေစီးကြောင်းကို လူအများစိတ်ဝင်စားကြပါတယ်။ နည်းပညာရေစီးကြောင်းဆိုတာ ဈေးကွက်နှင့် စက်မှုနယ်ပယ်မှာ မကြာခင်ကာလက လူကြိုက်များပြီး အဆင်သင့် လက်ခံ အသုံးပြုလာတဲ့ ကျွမ်းကျင်မှုနည်းပညာများကို သတိပြုနေတာကို ရည်ညွှန်းပါတယ်။ နည်းပညာရေစီးကြောင်းဟာ COVID -19 ဖြစ်ပွားမှုကြောင့် ပိုပြီး ပြောင်းလဲလာတာကို တွေ့နိုင်ပါတယ်။ မကြာခင်ကာလမှာ ထိတွေ့မှုမရှိသော ကမ္ဘာကြီးဆိုတာ မရှိနိုင်တော့ဘူးလို့ ပြောကြပါတယ်။ ကဲ ကွီးတို့ရေ ၂၀၂၂ ခုနှစ် ထိပ်တန်း နည်းပညာ ရေစီးကြောင်းတွေကို လေ့လာကြည့်ရအောင်။

(၁) Computing Power

Photo : Datafloq

၂၀၂၂ ခုနှစ်အတွက် ထိပ်တန်းနည်းပညာ ရေစီးကြောင်းများထဲက ပထမဆုံးဖော်ပြပေးချင်တာ ကတော့ Computing Power ပဲဖြစ်ပါတယ်။ ကွန်ပျူတာတစ်လုံး၏ ရည်မှန်းထားသော အလုပ်ပြီးမြောက်အောင် လုပ်ပေးနိုင်သော စွမ်းရည်ဖြစ်ပါတယ်။ ဒစ်ဂျစ်တယ်ခေတ်မှာ ကွန်ပျူတာစွမ်းအားကို စက်ပစ္စည်းအားလုံး သို့မဟုတ် စက်ပစ္စည်းအားလုံးနီးပါးကို ကွန်ပျူတာစနစ်ဖြင့် ပြုလုပ်ထားပြီး ဖြစ်ပါတယ်။ စက်ပစ္စည်းတွေမှာ ကွန်ပျူတာအသုံးပြုမှုများလေလေ ဆက်သွယ်ရေးမန်နေဂျာများ၊ စားသုံးသူဆိုင်ရာ အချက်အလက်ကျွမ်းကျင်သူစတဲ့ နည်းပညာရှင်များလိုအပ်ချက် ရှိလေလေ ဖြစ်ပါတယ်။ ဒေတာသိပ္ပံ ကျွမ်းကျင်သူများက ယခုရှိနှင့်ပြီး ကွန်ပျူတာအခြေခံအဆောက်အအုံဟာ လာမည့်နှစ်များအတွင်း ပိုမိုကောင်းမွန်လာမည်ဟု ခန့်မှန်းထားပါတယ်။ ကွန်ပျူတာ စွမ်းရည်ဟာ စီးပွားရေးလုပ်ငန်းတွေရဲ့ စီးပွားရေး ဆိုင်ရာအချက်အလက်များရဲ့ လုံခြုံမှုရှိရေး၊ လုပ်ငန်းလည်ပတ်ရေးကိစ္စရပ်တွေမှာ အရေးကြီးတဲ့ အနေအထားကနေ လုပ်ဆောင်ပါတယ်။

(၂) Smarter Devices

Photo : Teach Thirsty

ကုမ္ပဏီများဟာ Artificial Intelligence (A I) နည်းပညာသုံး ပို၍ စမတ်ကျသော စက်ပစ္စည်း များထုတ်လုပ်လာကြပါတယ်။ ယနေ့အချိန်မှာ Smarter Devices မျိုးစုံကို အသုံးပြုနေကြပါတယ်။ Smartphone, Tablets, Smart Watches, Smart Glasses စသည် တို့ဖြစ်ပါတယ်။ အလုပ်တိုင်းနီးပါးတွင် လုပ်ငန်းခွင်ကို ပိုမို စီမံခန့်ခွဲနိုင်ဖို့အတွက် Smart Software များလိုအပ်ပါတယ်။ ဈေးကွက်လိုအပ်ချက်အရ IT နဲ့ Automation အပိုင်းတွေမှာ ပိုပြီး ကောင်းမွန်ကျွမ်းကျင်လာကြပါတယ်။ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်သူတွေအတွက် အလုပ်အကိုင် အခွင့်အလမ်းတွေ ပိုရှိလာပါတယ်။

(၃) Genomics

Photo : Genomes2people

ကွီးတို့ရဲ့ DNA ကိုလေ့လာပြီး ကျန်းမာရေးကို မြှင့်တင်ပေးနိုင်သည့် နည်းပညာတစ်ခုကို လေ့လာကြည့်ရအောင်။ Genomics နည်းပညာဟာ ရောဂါကုသရေးအတွက် အရေးပါတဲ့ နည်းပညာ ဖြစ်ပါတယ်။ လူသားများရဲ့ DNA များ၏ ဖွဲ့စည်းတည်ဆောက်ပုံ ၊ လုပ်ငန်းဆောင်ရွက်ပုံ နဲ့ သဘာဝ မဟုတ်သော ပြောင်းလဲမှုတွေကို လေ့လာပြီး ကျန်းမာရေးဆိုင်ရာ ပြဿနာများကို ဖော်ထုတ် နိုင်ပါတယ်။ Genomics ကလည်း ၂၀၂၂ ခုနှစ်အတွက် ထိပ်တန်းနည်းပညာ ရေစီးကြောင်းများ ထဲကတစ်ခု ဖြစ်ပါတယ်။

(၄) Blockchain

Photo : TyN Magazine

Bitcoin ကဲ့သို့သော Cryptocurrencies လိုငွေကြေးတွေကို တစ်ဦးမှ တစ်ဦးသို့ လွှဲပြောင်းရာမှာသုံးသော နည်းပညာ ဖြစ်ပါတယ်။ ဒီနည်းပညာမှာ အသုံးပြုသူများရဲ့ ကွန်ပြူတာမှတ်တမ်းများကို ထိန်းချုပ်ထားခြင်းအားဖြင့် လုံခြုံမှုရရှိ စေပါတယ်။ ဒီနည်းပညာက မှတ်တမ်းတွေကို ပြောင်းလဲ၊ တည်းဖြတ် ဖျက်ဆီးလို့ မရအောင် ဆောင်ရွက်ပေးနိုင်ပါတယ်။ လုပ်ငန်းအများအပြားတွင် Blockchain နည်းပညာ အကောင်အ ထည်ဖော်ဆောင်ရွက်လျက်ရှိ ပြီး Blockchain နည်းပညာအသုံးပြုမှု တိုးလာသည်နှင့်အမျှ ကျွမ်းကျင်သော ကျွမ်းကျင်ပညာရှင်များရဲ့ လိုအပ် ချက်များလည်း တိုးလာပါတယ်။ တကယ်လို့ ကွီးအနေနဲ့ Blockchain နဲ့ အသုံးချပလီကေးရှင်းများကို စိတ်ဝင်စားပြီး ဒီနည်းပညာကို အသက် မွေးဝမ်းကျောင်းလုပ်ငန်းအဖြစ် လုပ်ကိုင်မယ်ဆိုရင် အခုအချိန်ဟာ စတင်လေ့လာဖို့ အကောင်းဆုံးအချိန် ဖြစ်ပါတယ်။

(၅) New Energy Solutions

Photo : PV Magazine

၂၀၂၂ ခုနှစ်အတွက် ထိပ်တန်းနည်းပညာ ရေစီးကြောင်းများထဲက နောက်တစ်ခုကတော့ New Energy Solutions ပဲဖြစ်ပါတယ်။ တစ်နေ့ထက် တစ်နေ့ ကမ္ဘာကြီးက ပူနွေးလာတယ်၊ ရာသီဥတုပြောင်းလဲလာတယ်၊ လူသားတွေ မကောင်းတဲ့ အကျိုးဆက်တွေ ခံစားလာရတယ်။ ဒါကြောင့် ကမ္ဘာကြီးကို ပူနွေးစေတဲ့ ဖန်လုံအိမ်ဓါတ်ငွေ့ ထုတ်လုပ်မှုကို လျော့ချဖို့လုပ်ရင်း ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်လို New Energy Solutions တွေကို ရှာဖွေဖော်ထုတ်လာကြပါတယ်။ စွမ်းအင်သစ်ရရှိရေး နည်းပညာအဖြစ် ဆိုလာနည်းပညာ၊ ဇီဝနည်းပညာ၊ ရေစွမ်းအင်နည်းပညာ၊ စွန့်ပစ်အမှိုက်သုံးနည်းပညာ ၊ လေစွမ်းအင် စသည်များကို ဖော်ထုတ်လျက်ရှိပါတယ်။

(၆) Robotic Process Automation ( RPA)

Photo : Majorel

လူသားလုပ်သားရှားပါးတာ၊ လူအတွက်အန္တရာယ်ရှိသော လုပ်ငန်းများမှာ နည်းပညာ သုံးစက်ရုပ်တွေ အသုံးချလာကြပါတယ်။ RPA ဟာ နည်းပညာ ဆော့ဝဲလ်ကို သုံးပြီး အလိုအလျောက် အလုပ်လုပ်စေတဲ့ စနစ်ဖြစ်ပါတယ်။ လူသား‌တွေ အကြိမ်ကြိမ် အထပ်ထပ်လုပ်နေရတဲ့ လုပ်ငန်းတွေ လုပ်နိုင်အောင် နည်းပညာတွေ ထည့်ထားပါတယ်။ ဥပမာ ဘာသာပြန်၊ အချက်အလက် နဲ့ အီးမေးလ်ပို့ အက်ပလီကေးရှင်းတွေ သုံးထားပါတယ်။ တဖက်မှာတော့ RPA နည်းပညာ တိုးတက်လာတာနဲ့အတူ ကျွမ်းကျင်လုပ်သားတွေရဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေကို ခြိမ်းခြောက်လာနိုင်ပါတယ်။ RPA နည်းပညာဟာ ဆော့ဝဲလ်အင်ဂျင်နီယာ၊ ပရောဂျက်မန်နေဂျာ၊ စီးပွားရေး သုံးသပ်သူ၊ ဗိသုကာ ပညာရှင်တွေ ရဲ့ နယ်ပယ်မှာတွင်ကျယ်စွာ အသုံးပြုလျက်ရှိပါတယ်။

ကွီးတို့အတွက် အသက်မွေးဝမ်းကြောင်းနယ်ပယ်မှာ အသုံးချဖို့ အတွက် ၂၀၂၂ ခုနှစ်အတွက် ထိပ်တန်းနည်းပညာ ရေစီးကြောင်းများ ထဲက နည်းပညာအချို့ကို အမြည်းအဖြစ် ဖော်ပြပေးလိုက်ခြင်း ဖြစ်ပါတယ်။

Source : Digital Trends

Featured Photo : Wallpaper