Tequila ဆိုတာ မက္ကဆီကို အရက်ဖြစ်ပြီး အပြာရောင် Agave အပင်မှ ပေါင်းခံထုတ်လုပ် ထားပါတယ်။ အယ်လ်ကိုဟော ပါဝင်နှုန်း ၃၈ ရာခိုင်နှုန်း ကနေ ၅၅ ရာခိုင်နှုန်း အထိပါဝင်ပါတယ်။ အရသာက အချို၊ သစ်သီး နဲ့ အခြားသော အရသာများလည်း ရှိပြီး အရောင်ကတော့ ကြည်လင်သောအရောင်၊ အညိုရောင် သို့မဟုတ် ရွှေရောင် စသည်တို့ ဖြစ်ပါတယ်။ Tequila ၁.၅ အောင်စတွင် အာဟာရအနေနဲ့ ၉၇ ကယ်လိုရီ ပါဝင်ပါတယ်။ Tequila အတွက် အကောင်းဆုံး အရောအစပ်တွေကတော့ ဆိုဒါ အပြင် Grapefruit Soda ၊ နာနတ်သီးဖျော်၊ ရည်လိမ္မော်ရည်၊ Agave Syrup၊ Vermouth၊ Bloody Mary Mix တို့ ဖြစ်ပါတယ်။ မြည်းစမ်းကြည့်ချင်တဲ့ ကွီးတို့ ၂၀၂၂ ခုနှစ် အတွက် အကောင်းဆုံးသော Tequilas များ ကိုဖော်ပြပေးချင်ပါတယ်။

၁။ Patrón Estate Release

Photo : Chula Vista

၂၀၂၂ ခုနှစ် အတွက် အကောင်းဆုံးသော Tequilas ထဲက တစ်ခုကတော့ Patrón Estate Release ပဲဖြစ်ပါတယ်။ အချဉ်၊ သစ်သီး၊ ငရုတ်ကောင်းနဲ ဆေးဘက်ဝင်အပင်အရသာ ခံစားနိုင်တဲ့ Blue Agave ကနေ ‌ပေါင်းခံထုတ်လုပ်တဲ့ မက်ဆီကို အရက်ဖြစ်ပါတယ်၊ အယ်ကိုဟော ၄၂ ရာခိုင်နှုန်း ပါဝင်ပါတယ်။ ၇၅၀ မီလီလီတာ ပုလင်းကို အမေရိကန် ဒေါ်လာ(၁၀၀)ကနေ ဈေးအမျိုးမျိုး ရှိပါတယ်။

၂။ Calirosa Rosa Blanco Tequila

Photo : Binny’s Bevrage Depot

Calirosa Rosa Blanco Tequila ကတော့ Siliver/ Blanco Tequila အမျိုးအစား မက်ဆီကို အရက်ဖြစ်ပါတယ်။ အယ်လ်ကိုဟော ၄၀ ရာခိုင်နှုန်း ပါဝင်ပြီး လိမ္မော်၊ ချယ်ရီ၊ ဘယ်ရီသီး အရသာ ပျော့‌ပျော့ ခံစားနိုင်ပါတယ်။ ၇၅၀ မီလီလီတာ ပုလင်းကို အနည်းဆုံး အမေရိကန် ဒေါ်လာ (၅၀) ကစပြီး အမျိုးမျိုးရှိပါတယ်။

၃။ 818 Tequila

Photo : MarketReview Liquor

818 Tequila ကိုတော့ ၁၀၀ ရာခိုင်နှုန်း blue agave ကနေ ထုတ်လုပ်ထားပါတယ်။ အယ်လ်ကိုဟော ၄၀ ရာခိုင်နှုန်း ပါဝင်ပါတယ်။ ချိုမြိန်သော အရသာကို ခံစားနိုင်ပါတယ်။ အနိမ့်ဆုံးဈေးနှုန်းက အမေရိကန်ဒေါ်လာ(၃၀) ဖြစ်ပါတယ်။

၄။ Don Fulano Tequila Blanco

Photo : Tequila Matchmaker

Don Fulano Tequila Blanco ဟာ အယ်လ်ကိုဟော ၄၀ ရာခိုင်နှုန်း ပါဝင်တဲ့ မက်ဆီကို အရက်ဖြစ်ပါတယ်။ Lemon Peel, Lemongrass အရသာ မျိုးခံစားနိုင်ပါတယ်။ အနည်းဆုံးဈေး ၄၂ ဒေါ်လာရှိပါတယ်။

အမျိုးအစား အများကြီးထဲက ၂၀၂၂ ခုနှစ် အကောင်းဆုံးသော Tequila တချို့ကို ရွေးချယ်ဖော်ပြပေးတာ ဖြစ်ပါတယ်။ မြန်မာပြည်မှာတော့ Tequila (၉)မျိုး လောက် ရနိုင်ပါတယ်။

Featured Photo : Losvinos