ကွီးတို့ရေ ဆိုဂျူး ကတော့ ကွီးတို့ အကုန် သိပြီးသားဖြစ်တဲ့အတိုင်း ကိုးရီးယား အဖျော်ယမကာ တစ်မျိုးပါ။ ကိုးရီးယား ရဲ့ ယဉ်ကျေးမှုနဲ့လည်းဆက်စပ်မှုရှိ ရုံသာမက ကိုးရီးယားလူမျိုးတွေကလည်း နှစ်နှစ်ခြိုက်ခြိုက် သောက်သုံးကြပါတယ်။ ဆိုဂျူးကို ကိုးရီးယားနိုင်ငံအနှံ တွင်သာမက ယခုဆို နိုင်ငံတော်တော် များများမှာပါ အလွယ်တကူ ရရှိနိုင်ပါတယ်။ အခုတစ်ခါမှာတော့ ကွီးတို့အတွက် ၂၀၂၂ ခုနှစ်အတွက် အကောင်းဆုံး ကိုးရီးယား ဆိုဂျူး များ ကိုဖော်ပြပေးချင်ပါတယ်။

၂၀၂၂ ခုနှစ်အတွက် အကောင်းဆုံး ဆိုဂျူး တွေကတော့…….

(၁) CHEOEUM CHEOREOM

Photo : Creatrip

Cheoeum Cheoreom ဆိုတဲ့ ဆိုဂျူး ကတော့ အယ်လ်ကိုဟော ပါဝင်မှုနှုန်း ၁၆ ဒဿမ ၉ ရှိပါတယ်။ ဒီအမှတ်တံဆိပ်ရဲ့ အဓိပ္ပါယ်ကတော့ “ပထမအကြိမ် ကဲ့သို့ပင် ” ပဲဖြစ်ပါတယ်။ ကိုးရီးယားမှာ အဓိကကျတဲ့ အမှတ်တံဆိပ်တွေထဲက တစ်ခုအပါအဝင်ဖြစ်ပါတယ်။

(၂) JINRO FRESH CHAMISUL

Photo : Creatrip

Jinro Fresh Chamisul ကတော့ ကိုးရီးယား မှာလူကြိုက်အများဆုံး ဆိုဂျူးပဲ ဖြစ်ပါတယ်။ ၎င်းတွင်လည်းပဲ အရက်ပါဝင်မှုနှုန်း ၁၆ ဒဿမ ၉ ရှိပါတယ်။ ကွီးတို့လည်း ကိုးရီးယားမှာ လူကြိုက်အများဆုံး ဖြစ်တဲ့ ဒီဆိုဂျူး ကို မြည်းစမ်းကြည့်ကြပါဦးနော်။

(၃) JINRO VINTAGE BLUE BOTTLE

Photo : Creatrip

Jinro Vintage Blue Bottle ကတော့ Vintage ဆန်တဲ့ အပြာရောင် ဖန်ပုလင်း နဲ့ ထုတ်လုပ်ထားပါတယ်။ ဒါပေမဲ့လည်း ခေတ်မှီတဲ့ ရွေးချယ်စရာ တစ်ခုအနေနဲ့ပါဝင်ပါတယ်။ အယ်လ်ကိုဟော ပါဝင်မှုနှုန်း ကတော့ အခြားအရက်များကဲ့သို့ ၁၆ ဒဿမ ၉ ရှိသော်လည်းပဲ ဒီ ဆိုဂျူးက အရသာ နည်းနည်းပိုပြီး ချောမွေ့တယ်လို့ ဆိုပါတယ်။

(၄) CHUNGHA

Photo : Creatrip

ကွီးတို့ရေ ၂၀၂၂ ခုနှစ်အတွက် အကောင်းဆုံး ဆိုဂျူးထဲမှာ အယ်လ်ကိုဟော ပါဝင်မှုနှုန်း ၁၃ ရာခိုင်နှုန်းသာရှိတဲ့ Chungha ကလည်း တစ်ခုအပါအဝင် ဖြစ်ပါတယ်။ ဒီ ဆိုဂျူးကတော့ သောက်ချင်ပေမဲ့ သိပ်မမူးချင်တဲ့ ကွီးတို့နဲ့တော့ ကွက်တိပါပဲ။ ဆိုဂျူး သိပ်မကြိုက်တဲ့ ကွီးတို့လည်း အယ်လ်ကိုဟော ပါဝင်နှုန်းနည်းတဲ့ ဒီ ဆိုဂျူးကို အရင်ဆုံး စမ်းကြည့်လို့ ရပါတယ်။

(၅) MAEHWASU

Photo : Creatrip

“Maehwa” ဆိုတာကတော့ ကိုးရီးယား ဘာသာစကားမှာ ဇီးသီးလို့ အဓိပ္ပါယ်ရပါတယ်။ ဒီ ဆိုဂျူး ကတော့ အလွန်ချိုမြိန်ပြီး ချဉ်တဲ့ ဇီးသီးအရသာမျိုးပါ။ Maehwasu ဆိုဂျူးမှာတော့ အယ်လ်ကိုဟော ပါဝင်နှုန်း ၁၂ သာ ရာခိုင်နှုန်းရှိပါတယ်။ တချို့ကတော့ သူ့ရဲ့ အရသာက ဆေးရည်လို အရသာရှိတယ်လို့ ဆိုပါတယ်။

ကွီးတို့ရေ အခုဖော်ပြပေးလိုက်တာကတော့ ၂၀၂၂ ခုနှစ် အတွက် အကောင်းဆုံး ကိုးရီးယား ဆိုဂျူး များပဲ ဖြစ်ပါတယ်။ ဒါကြောင့် ကွီးတို့ အခါအခွင့်ကြုံရင် ဒီ ဆိုဂျူးတွေကို မြည်းစမ်းကြည့်လိုက်ပါ။

Source : Creatrip

Featured Photo : Touristsecrets