ကွီးတို့ရေ တစ်နေ့တစ်နေ့ တိုးတက်ပြောင်းလဲလာတဲ့ ခေတ်ကြီးထဲမှာ နည်းပညာကလည်း တိုးတက်လာသလို လူတွေရဲ့ အသုံးအဆောင် ပစ္စည်းတွေကလည်း အဆင့်အတန်း မြင့်မားလာကြပါတယ်။ ကွီးတို့လို လူငယ်တွေ ကြိုက်တဲ့ Earbuds တွေကလည်း ထိုနည်းလည်းကောင်းပါပဲ။ တစ်နေ့ထက် တစ်နေ့ Earbuds တွေ့ရဲ့ Performance တွေ ၊ Sound Quality တွေ စသည်တို့ကို ပိုမိုကောင်းမွန်အောင် အမှတ်တံဆိပ်မျိုးစုံက အပြိုင်အဆိုင် ကြိုးစားထုတ်လုပ်နေ ကြပါတယ်။ စျေးကွက် ထဲမှာလည်း Earbuds မျိုးစုံကို တွေ့နိုင်ပါတယ်။ ဒါကြောင့် Earbuds ဝယ်ဖို့ စဉ်းစားနေတယ်ဆိုရင် ကွီးတို့အတွက် ရွေးချယ်နိုင်ဖို့ ၂၀၂၂ ခုနှစ်အတွက် အကောင်းဆုံး Earbuds များကို ဖော်ပြပေးချင်ပါတယ်။

၂၀၂၂ ခုနှစ်အတွက် အကောင်းဆုံး Earbuds ကတော့……

(၁) Sony’s WF-1000XM4

Photo : The Economic Times

ကွီးတို့ရေ ဒီနှစ်အတွက် ရွေးချယ်ဖို့ကောင်းတဲ့ အကောင်းဆုံး Wireless Earbuds တွေထဲကတစ်ခုကတော့ Sony ရဲ့ WF-1000XM4s ပဲဖြစ်ပါတယ်။ ဘတ်ထရီ သက်တမ်း ၈ နာရီခန့်ရှိပြီး ကောင်းမွန်တဲ့ အသံအရည်အသွေးနဲ့ ဆူညံသံများကို ပယ်ဖျက်ပေးပါတယ်။ စျေးနှုန်းကတော့ ဒေါ်လာ ၂၀၀ ကျော် ခန့် ကျသင့်မှာ ဖြစ်ပါတယ်။

(၂) Jabra’s Elite 3

Photo : Engdget

Jabra ရဲ့ Elite 3 Earbuds တွေကလည်း ရွေးချယ်ဖို့ အကောင်းဆုံးထဲမှာ ပါပါတယ်။ Jabara ကုမ္ပဏီက အရင် ထုတ်ကုန်များထက် Elite 3 ၏ ဒီဇိုင်းကို ပိုမို ဆန်းသစ်ထားပါတယ်။ ဒီနားကြပ်ရဲ့ စျေးနှုန်းကတော့ ဒေါ်လာ ၈၀ သာကျသင့်မှာဖြစ်တဲ့အတွက် စျေးနှုန်း သင့်တင့်ပြီးကောင်းမွန်တဲ့ နားကြပ်ရှာနေရင်တော့ ဒီနားကြပ်လေးကိုပဲ ရွေးချယ်လိုက်ပါ။

(၃) Samsung’s Galaxy Buds 2

Photo : The Verge

Samsung ကိုမှ ကြိုက်နှစ်သက်ပါတယ် လက်ရှိ ကိုင်နေတဲ့ဖုန်းကလည်း Samsung ပဲဆိုရင်တော့ Samsung Galaxy Buds 2 က တကယ်ကို ရွေးချယ်စရာ နားကြပ်တွေထဲက အကောင်းဆုံးတစ်ခုပဲ ဖြစ်ပါတယ်။ ဒီနားကြပ်က ကွီးတို့ကို စတိုင်လ် ကျစေရုံမက ကောင်းမွန်သော အသံအရည်သွေးကိုလည်းပေး စွမ်းပါတယ်။ ထို့အပြင် နားကြပ်ကို ကြာကြာတတ်ထားတဲ့ ကွီးတို့အတွက်လည်း သက်တောင့်သက်သာရှိစေပါလိမ့်မယ်။ စျေးနှုန်းအားဖြင်ကြတော့ ဒေါ်လာ ၁၅၀ ခန့်ရှိပါတယ်။

(၄) Apple’s AirPods Pro

Photo : The Verge

၂၀၂၂ ခုနှစ်အတွက် ရွေးချယ်ဖို အကောင်းဆုံး နားကြပ်တွေထဲက တစ်ခုကိုပြောပါဆိုရင် Apple ရဲ့ AirPods Pro မပါရင် မပြည့်စုံပါဘူး။ Airpods Pro က ကွီးတို့ နားကြပ်လုံးဝ မတတ်ထားသလိုမျိုး သက်တောင့်သက်သာ ရှိစေပါတယ်။ Apple ချစ်သူ ကွီးတို့ကတော့ AirPods Pro ကို ရွေးချယ်သင့်ပါတယ်။ စျေးနှုန်းအားဖြင့် ဒေါ်လာ ၂၀၀ ကျော် ကျသင့်မှာဖြစ်ပါတယ်။

အခု ဖော်ပြပေးလိုက်တာကတော့ ၂၀၂၂ ခုနှစ် အတွက် အကောင်းဆုံး ရွေးချယ်သင့်တဲ့ Ear Buds တွေပဲ ဖြစ်ပါတယ်။ ကွီးတို့ရော ဘယ်လိုအမျိုးအစားကို ကြိုက်နှစ်သက်ပါသလဲ။

Source : The Verge

Featured Photo : Pcmag