အပြေးလေ့ကျင့်ရတာ ဝါသနာပါရင် Running Shoes ကောင်းကောင်းတစ်ရံတော့ ဝယ်ထားဖို့ လိုပြီ ဖြစ်ပါတယ်။ အပြေးဖိနပ်တွေက ပြေးနေချိန် ဟန်ချက်မှန်ဖို့ ၊ ပြေးအားတင်နိုင်ပြီး ခြေထောက်ဒဏ်မဖြစ်ဖို့ သေချာထုတ်လုပ်ထားတာပါ။ ဒါကြောင့် ရေရှည်ခရီးဝေးပြေးရာမှာ သက်တောင့်သက်သာရှိပြီး ပြေးလို့ကောင်းသလို လွတ်လပ်ပေါ့ပါးမှုပါ ပေးပါတယ်။ ဒီလို Running Shoes တွေထဲကမှ ၂၀၂၂ ခုနှစ်အတွက် အကောင်းဆုံး Brands တွေကတော့

(၁) Nike

Photo: frontofficesports

အမေရိကန် အားကစားဖက်ရှင်ဒီဇိုင်းကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ Nike က အားကစားဖိနပ် ၊ အားကစားဝတ်စုံနဲ့ အားကစားအသုံးအ‌ဆောင်တွေ ကမ္ဘာအနှံ့ဖြန့်ချိနေတဲ့ ထိပ်သီးကုမ္ပဏီကြီးပါ။ ၁၉၇၄ ခုနှစ်မှာ ပထမဆုံး Waffle Sole တွေ ထုတ်ပြီး Running Shoes လောကထဲမှာ ဂုဏ်သိက္ခာကြီးတဲ့ အားကစားအမှတ်တံဆိပ်တစ်ခု ဖြစ်လာတာပါ။ ပရော်ဖက်ရှင်နယ် အားကစားသမားတွေအပြင် အပျော်တမ်း ကျန်းမာရေးအရ ပြေးတဲ့သူတွေလည်း Nike Shoes တွေကို လူကြိုက်များကြပါတယ်။

(၂) Adidas

Photo: manofmany

Nike ရဲ့ အကြီးဆုံးပြိုင်ဘက်တစ်ခုဖြစ်တဲ့ Adidas ကလည်း အပြေးဖိနပ်နည်းပညာပိုင်းမှာ ရှေ့တန်းရောက်တဲ့ အမှတ်တံဆိပ် ဖြစ်ပါတယ်။ Adidas ရဲ့ ဆန်းသစ်တဲ့ Boost Midsole Foam ထုတ်ကုန်တွေက ကူရှင်ပိုင်းနဲ့ အပြေးဖိနပ်တစ်ရံရဲ့ စွမ်းဆောင်ရည်လောကမှာ ထင်ရှားပါတယ်။ မာရသွန်ပြိုင်ပွဲကြီးတွေမှာ အနိုင်ရခဲ့တဲ့ ဝီလ်ဆင် ကစ်ပ်ဆန်နဲ့ မေရီ ကိတ်တန်နီတို့ဟာ Adidas ရဲ့ Adios Adizero Boost ဖိနပ်စီးပြီး ပြိုင်ခဲ့တာပါ။

(၃) ASICS

Photo: asics

ဂျပန်ဖက်ရှင်အမှတ်တံဆိပ် ASICS ကလည်း အပြေးသမားတွေအကြားမှာ အကြီးအကျယ်အားပေးမှု ရထားတဲ့ အမှတ်တံဆိပ်ပါ။ ၁၉၇၇ ခုနှစ်ကတည်းက စတင် တည်ထောင်ခဲ့တဲ့ အမှတ်တံဆိပ်ဖြစ်ပြီး ဆန်းသစ်တီထွင်မှုနဲ့ ခေတ်နဲ့ လိုက်ဖက်အောင် ဖန်တီးမှုတွေကြောင့် ကျော်ကြားလာတာပါ။ ဂျပန်တွေရဲ့ စေ့စပ်သေချာမှုနဲ့ နည်းပညာဆန်းသစ်မှုကို ASICS Brand မှာ တွေ့ရမှာပါ။

(၄) SAUCONY

Photo: saucony

အမေရိကန်အားကစား ဖက်ရှင်အမှတ်တံဆိပ်တစ်ခုဖြစ်တဲ့ Saucony က ၁၈၉၈ ခုနှစ်ကတည်းက တည်ထောင်ခဲ့တဲ့ တကယ့် သက်တမ်းရင့်အမှတ်တံဆိပ် ဖြစ်ပါတယ်။ Saucony ဆိုတာ ဒေသရင်း အမေရိကန်စကား Saconk က လာပါတယ်။ အဓိပ္ပါယ်က မြစ်နှစ်စင်းဆုံရာတဲ့။ ဒါကြောင့်ပဲ Saucony ထုတ်ဖိနပ်တွေမှာ မြစ်ရေစီးသင်္ကေတဆန်ဆန် လှိုင်းကလေးတွေကို Logo မှာ မြင်ရတာ ဖြစ်ပါတယ်။

(၅) Brooks

Photo: Runner’s World

Brooks Sports ကို Brooks Running လို့လည်း လူသိများပါတယ်။ အမေရိကန် Sports Brand တစ်ခုဖြစ်ပြီး ၁၉၁၄ ခုနှစ်ကတည်းက စတင် တည်ထောင်ခဲ့တဲ့ ကုမ္ပဏီ ဖြစ်ပါတယ်။ နှစ်သက်တမ်း ၁၀၀ ကျော်အတွင်းမှာ Brooks အမှတ်တံဆိပ် Casual နဲ့ ခရီးဝေးအပြေးသမားတွေအတွက် နာမည်ကျော်ဖိနပ်အမျိုးမျိုး ထုတ်လုပ်ရောင်းချခဲ့ပါတယ်။ Brooks Shoes တွေက အကြမ်းခံပြီး သက်တောင့်သက်သာ ရှိတာကြောင့် နာမည်ကျော်ပါတယ်။

Featured Photo: HiConsumption