နွေရာသီအားလပ်ရပ် ကမ်းခြေကို အလည်အပတ်သွားဖို့ စိတ်ကူးရှိတယ်ဆိုရင် သောင်ပြင်မှာ စီးဖို့ ဖိနပ်ပါ တစ်ခါတည်း ထည့်သွားဖို့ လိုမှာပါ။ ပုံမှန်အိမ်စီး ၊ ရုံးစီး ဖိနပ်တွေကတော့ ကမ်းခြေက သောင်ပြင်ပူပူမှာ အဆင်ပြေမှာ မဟုတ်ပါဘူး။ အခုပြောတဲ့ ဖိနပ်တွေကတော့ နွေဘက်မှာပါ သက်တောင့်သက်သာနဲ့ ပေါ့ပေါ့ပါးပါး စီးလို့ ကောင်းမယ့် ဖိနပ်တွေ ဖြစ်ပါတယ်။

(၁) Sandals

Photo: hiconsumption

ခြေညှပ် Sandals တွေဟာ နွေရာသီနဲ့ အလိုက်ဖက်ဆုံးဖိနပ်ဖြစ်ပါတယ်။ Summer Footwear တွေအကြောင်း ပြောရင် Sandals တွေကို ချန်ထားလို့ မရပါဘူး။ Sandals တွေက ကြိုးသိုင်း ၊ ကွင်းထိုး ၊ ခြေညှပ် အမျိုးမျိုး လာပြီး အရောင်လည်း ၄-၅ မျိုး ထွက်ပါတယ်။ အညိုရောင် ၊ စိမ်းပြာရောင် ၊ အနက်ရောင်တွေက ဘယ်လို အဝတ်အစား Outfit မျိုးမဆိုနဲ့ လိုက်ဖက်ပါတယ်။

(၂) Espadrilles

Photo: hiconsumption

Sandal တွေက Stylish မဖြစ်ဘူး ထင်ရင် Espadrilles ဖိနပ်ကို ရွေးဖို့ အကြံပေးချင်ပါတယ်။ Espadrilles တွေဟာ လယ်သာ သားရေပျော့အပါအဝင် တခြား Materials အစုံနဲ့ ထုတ်လေ့ ရှိပါတယ်။ နွေဘက်မှာ စီးဖို့အတွက် ပေါ့ပါးပြီး အကြမ်းခံတဲ့ Canvas သား Espadrilles မျိုး ဝယ်တာ ပိုကောင်းပါတယ်။

Espadrilles တွေလည်း အရောင်စုံ ထွက်ပါတယ်။ ကမ်းခြေစီးဖို့ဆိုရင် အနက် ၊ နက်ပြာနဲ့ အညိုဖျော့ရောင်တွေက လူကြိုက်များတဲ့ အရောင်တွေဖြစ်ပါတယ်။ အရောင်လွင်တာကို သဘောကျရင်တော့ သဲဆန်တဲ့ မီးခိုးဖျော့ရောင်နဲ့ အဖြူရောင်မျိုးကို ရွေးချယ်နိုင်ပါတယ်။