ကိုယ်အလေးချိန် တိုးလာခြင်းရဲ့ဆိုးကျိုးတွေကတော့ ကြောက်စရာကောင်းတဲ့ ဆီးချိုနှလုံး သွေးတိုး အစရှိသဖြင့် ရောဂါတွေ ရရှိလာနိုင်တာပါပဲ။ ဒါကြောင့် သင့်ခန္ဓာကိုယ် မှာ အဆီတွေစုလာစေမဲ့ အစားအစာတွေ နေထိုင်မှုပုံစံတွေကို ပြောင်းလဲဖို့လိုအပ်ပါတယ်။ တစ်လက်စတည်း အဆီပိုဖြစ်စေတဲ့ ရှောင်ရမယ့်အဆိုးဆုံး အစားစာတွေကိုပါ မျှဝေပေးလိုက်ပါတယ်နော်။

(၁) Fast Food ခေါ်အမြန်ရ အစားအစာများ

Photo : The Jakarta Post

အသားနဲ့ ပေါင်မုန့်တွေပါတဲ့ ဘာဂါလိုသရေစာတွေက ဘာလို့ကျန်းမာရေးအတွက် မကောင်းရမှာလဲဆိုပြီး လူတွေကမေးကြပါတယ်။ ကျွမ်းကျင်သူတွေကတော့ ဓာတ်ပါဝင်မှုမညီမျှတာကြောင့်လို့ ပြောထားပါတယ်။ ဟမ်ဘာဂါ နဲ့ အာလူးချောင်းကြော်တွေဟာ အဆီပါဝင်မှုနှုန်း အင်မတန်မြင့်မားကြပါတယ်။ အမြန်ရအစားအစာတွေဖြစ်တဲ့ ဟမ်ဘာဂါ၊ ဟော့ဒေါ့ တွေမှာ အဆီပါဝင်မှုနှုန်းနဲ့ ညီမျှတဲ့ အသီးအရွတ်တွေ မပါဝင်တာကြောင့် အများကြီးမစားသင့်ပါဘူး။

(၂) Trans Fats

Photo : www.self.com

Trans Fats ဟာအဆီတွေပိုလာစေတဲ့ အဓိကတရားခံလို့ ပြောလို့ရပါတယ်။ ကွတ်ကီးတွေ ခရက်ကာတွေဟာ သကြား၊ ယိုတွေနဲ့ Trans fats တွေအများကြီးပါဝင်နေပါတယ်။ အေးခဲထားတဲ့ ပီဇာတွေ၊ ပြုပြင်ထားတဲ့ ဂျူံမုန့်တွေ၊ ကော်ဖီထဲထည့်သောက်ရတဲ့ ခရင်မ်တွေက Trans fats တွေပမာဏများစွာပါဝင်တာကြောင့် ရှောင်စားသင့်ပါတယ်။

(၃) သကြား

Photo : The Economic Times

ဆိုဒါနဲ့ အချိုရည်တော်တော်များများဟာ ပြုပြင်ထားတဲ့ သကြား (သို့) Fructose (ပျားရည်မှရသော သကြားတစ်မျိုး) ကိုအသုံးပြုပြီး ထုတ်လုပ်ထားကြတာပါ။ဈေးကွက်တွေမှာ တွေ့ရတဲ့ ယိုအများစုမှာ သကြားပါဝင်မှုနှုန်း ၆၀ကျော် ရာခိုင်နှုန်းရှိပါတယ်။ သစ်သီးယိုတွေအများစုဟာ အသီးအနည်းပဲပါဝင်ပါတယ်။ WHO (ကမ္ဘာ့ကျန်းမားရေးအဖွဲ့ချုပ်) ကတော့ တစ်နေ့ကို သကြား ၅၀ ဂရမ်ထက်ပိုပြီး မစားဖို့ တိုက်တွန်းထားပါတယ်။ ကိုလာ သံဘူးတစ်ဘူးမှာ သကြားပါဝင်မှုနှုန်း ၅၀ ဂရမ်ထက် များပြားတာကြောင့် အများကြီးမသောက်ကြဖို့လည်း အကြံပြုပါရစေ။

Featured Photo : Healthline