အားကစားသမားတွေရဲ့ ဘော်ဒီက သာမန်လူတွေထက် ကြည့်ကောင်းပြီးသားပါ။ ဒါကြောင့် အားကစားသမားတွေ အဝတ်အစားဝတ်လိုက်ရင် သူတို့ဘော်ဒီနဲ့ လိုက်ဖက်အဆင်ပြေပြီး ကြည့်လို့ကောင်းတာများပါတယ်။ ဒါပေမယ့်လည်း အဝတ်အစားဝယ်တော့မယ်ဆိုရင်တော့ Bodybuilding ကစားသူတွေလည်း သိသင့်တာတွေ ရှိပါတယ်။

(၁) Fit ဖြစ်နေပါစေ

Photo: luxe.digital

Fit ဖြစ်တယ်ဆိုတာ အသားနဲ့ ကပ်ပြီး ကျပ်ထုတ်နေတာမျိုးကို ပြောတာ မဟုတ်ပါဘူး။ ဝတ်လိုက်ရင် ‘တော်’ ပြီး သူ့နေရာနဲ့သူ ကပ်သင့်တဲ့နေရာကပ် ၊ ပွသင့်တဲ့နေရာ ပွဖို့ လိုပါတယ်။ ခြုံပြောရရင် Fit ဖြစ်တယ်ဆိုတာ ဝတ်လိုက်သူရဲ့ ခန္ဓာကိုယ်ဖွဲ့စည်းပုံကို ပိုပြီး ကြည့်ကောင်းအောင် ပုံဖော်နိုင်တဲ့ ချုပ်ရိုးချုပ်သားမျိုးကို ပြောတာ ဖြစ်ပါတယ်။ Fit ဖြစ်ခြင်းဟာ Bodybuilding ကစားသူတွေကို ကြွက်သားအလှပိုပေါ်စေပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိစေသလို ပုံမှန်ဘော်ဒီပိုင်ရှင်တွေအတွက်လည်း ကိုယ်ဝတ်လိုက်တဲ့ အဝတ်အစားကြောင့် စိတ်ကျေနပ်မှုရစေနိုင်ပါတယ်။

(၂) ချည်ရွေးမှန်ပါစေ

Photo: readersdigest

ကိုယ်ကြိုက်တဲ့ အဝတ်အစားလည်း တွေ့တယ် ၊ Fit လည်း ဖြစ်တယ်ဆိုရင် နောက်တစ်ဆင့် ကြည့်ရမှာက ချည် Fabric ဖြစ်ပါတယ်။ BodyBuilder တစ်ယောက်အတွက် အဝတ်အစား‌ရွေးတဲ့အခါ ဆွဲဆန့်နိုင် Stretch ဖြစ်တဲ့ ချည်မျိုးက သက်တောင့်သက်သာရှိစေသလို လှုပ်ရှားမှုအတွက်လည်း အထောက်အပံ့ဖြစ်စေပါတယ်။ BodyBuilder တစ်ယောက်ရဲ့ အဝတ်အစားဟာ ပိုလီအီစတာတို့ နိုင်လွန်တို့လို Synthetic ချည်သားမျိုးက ပိုအကြမ်းခံလို့ အဆင်ပြေပါတယ်။

(၃) Brand ဦးစားပေး စဉ်းစားပါ

Photo: realmenrealstyle

Brand ဆိုတာနဲ့ ဈေးကြီးပေးရ ပြီးရော ဝယ်ဖို့ ပြောတာ မဟုတ်ပါဘူး။ Sports Brand ဖက်ရှင်တွေက အားကစားသမားတွေအတွက် အထူးဒီဇိုင်းထုတ်ထားတာ ဖြစ်လို့ သက်တောင့်သက်သာရှိမှု ၊ အဆွဲအဆန့်ခံ ၊ အကြမ်းခံပြီး ဝတ်ရတာ ဘော်ဒီပါ ပုံထွက် ပိုကောင်းအောင် Support ပေးနိုင်လို့ ဖြစ်ပါတယ်။ ရှင်းရှင်းပြောရရင် နာမည်ရ Brands တွေက အရွေးမှားတာမျိုး အဖြစ်နည်းလို့ပါ။

Workout Brands တွေလို့ ပြောလိုက်ရင် Alo Yoga ၊ Under Armour ၊ Champion ၊ Adidas ၊ Puma ၊ Nike ၊ ReeBok စသည်ဖြင့် နာမည်ကြီးတဲ့ Brands တွေထဲက စဉ်းစားရွေးချယ်နိုင်ပါတယ်။ ဒီလို Brand နောက် မလိုက်ချင်ရင်လည်း ကိုယ်နဲ့ အဆင်ပြေမပြေကို အပေါ်က အချက်တွေနဲ့ ချင့်ချိန်ပြီးမှ ဝတ်ဖို့ အကြံပြုချင်ပါတယ်။

Featured Photo: realmenrealstyle