Joggers တွေဟာ လူငယ်ထုအကြားမှာ အလျင်အမြန်ရေပန်းစားလာတဲ့ Style Trends တစ်မျိုးဖြစ်ပါတယ်။ Joggers ဘောင်းဘီတွေဟာ Sneaker လူ့အသိုင်းအဝိုင်းကြောင့် ပိုပြီး ရှေ့ရောက်လာတာလို့ ပြောနေကြပါတယ်။ ဖိနပ်ကောင်းတစ်ရံရဲ့ အလှကို ပေါ်လွင်စေသလို အောက်ပိုင်းကြွက်သားလှတဲ့သူတွေနဲ့ လိုက်ဖက်လို့ သူတို့ကို Trainer ဘောင်းဘီတွေလို့လည်း ခေါ်လေ့ရှိပါတယ်။ ခေတ်မီအောင် Joggers ဝတ်တော့မယ်ဆိုရင် စဉ်းစားသင့်တဲ့ အဓိကအချက် ၃ ချက်ရှိပါတယ်။

(၁) စတိုင်ကျဖို့လား သက်တောင့်သက်သာရှိဖို့လား

Photo: hiconsumption

Joggers တွေဟာ အားကစားသမားတွေအဓိက ဝတ်လေ့ရှိတဲ့ Sweatpant အမျိုးအစားပါ။ ဒါကြောင့် Comfort ဖြစ်မှုမှာ မေးခွန်းထုတ်စရာမလိုပါဘူး။ Comfort ဖြစ်ဖို့က အဓိကဆိုရင် Joggers ရွေးတာ မှန်ပါတယ်။ တစ်ခုရှိတာက စတိုင်လည်း ကျရမယ်ဆိုရင် သေချာရွေးရပါတယ်။ သူက Jeans လို အကြမ်းခံချည်သားလည်း မဟုတ်တော့ သိပ်အရည်အသွေးမကောင်းတဲ့ Joggers တွေဆို ချည်သား ပါးပြီး အရည်အသွေးမမှန်တတ်လို့ ဖြစ်ပါတယ်။

(၂) ကိုယ့်အရွယ်ကို ပြန်ကြည့်ပါ

Photo: Wear Foehn

လူငယ်အနေနဲ့ ဘယ် Joggers ဝတ်ဝတ် အဆင်ပြေပါတယ်။ လူလတ်ပိုင်းလောက်ဆို High-Quality ဖြစ်တဲ့ Joggers ဝယ်ထားတာ စိတ်ချရပါတယ်။ နည်းနည်းပါးပါး အလုပ်ရာထူး ရှိတဲ့သူဆိုရင် Joggers ကို အမျိုးအစားကောင်းတာ ဝယ်ထားတာက ပိုတင့်တယ်ပါတယ်။ အဝယ်လည်း မှားးစရာ အကြောင်းနည်းလို့ပါ။

(၃) အပေါ်မှာ ဘာဝတ်မလဲ စဉ်းစားပါ

Photo: theadultman

Joggers ဝတ်ရင် အပေါ်မှာ T-Shirt တို့ Hoodies တို့ ဝတ်တာက အမှန်ဆုံးပါပဲ။ တစ်ခုရှိတာက အခြေခံ ဖက်ရှင်စည်းမျဉ်းအတိုင်း Fit ဖြစ်ဖို့တော့ လိုပါတယ်။ တီရှပ်ဆိုလည်း Fit Well ဖြစ်ပြီး အောက်က Joggers နဲ့ ဟန်ချက်မျှနေဖို့ ဂရုပြုရပါမယ်။