Skinny ဘော်ဒီကနေ ကြွက်သား အပြိုင်းပြိုင်းနဲ့ Muscular ဘော်ဒီအဖြစ်သို့ လုံးဝပြောင်းလဲပစ်နိုင်ဖို့ Bodybuilding စလုပ်မယ့် ကွီးတို့အနေနဲ့ သိထားသင့်တဲ့ အရာလေးတွေ အများကြီးရှိပါတယ်။ Bodybuilding လုပ်တယ်ဆိုတာ ခန္ဓာကိုယ်မှာရှိတဲ့ ကြွက်သားတွေကို ကြံ့ခိုင်သန်မာလာအောင် လေ့ကျင့်ခန်းနဲ့ အစားအသောက်ကိုအချိုးကျ မျှတစွာ တည်ဆောက်ရတဲ့ လုပ်ငန်းစဉ် ဖြစ်ပါတယ်။ ရေရှည်ခရီးတစ်ခုလည်း ဖြစ်တာကြောင့် Bodybulding လုပ်ရာမှာ စိတ်ရှည်ဖို့လိုသလို အမှားနည်းပြီး ထိရောက်မှုရှိစေဖို့ သိထားရမယ့် အခြေခံအချက်လေးတွေကို ပြောပြပေးမှာဖြစ်ပါတယ်။

(၁) Free weights တွေနဲ့ စတင်ပါ

Photo : Best Products

Bodybulding စလုပ်မယ်ဆိုရင် Gym ရုံထဲက နည်းပညာမြင့် ခေတ်မှီစက်ကြီးတွေကိုပဲ အာရုံစိုက်မနေဖို့ မှာချင်ပါတယ်။ ကြွက်သားတည် ဆောက်ဖို့ ပထမဆုံးခြေလှမ်းအနေနဲ့ စတင်ရမှာက Dumbbells နဲ့ Brbells လို Free weights တုံးတွေနဲ့ ကစားဖို့ပါပဲ။ Free weights တုံးတွေနဲ့ ကစားတာဟာ စက်တွေထက် ကြွက်သားတည်ဆောက်ရာမှာ ပိုပြီး အထောက်အကူ ဖြစ်စေပါတယ်။

(၂) Program နဲ့သွားပါ

Photo : Muscle & Fitness

ကြွက်သားတက်မြန်ပြီး ထိရောက်မှုရှိစေဖို့ အရေးကြီးဆုံးက Workout Program တစ်ခု ရှိဖို့ပါပဲ။ ကိုယ်လုပ်ရမယ့် လေ့ကျင့်ခန်း အမျိုးအစားတွေ ၊ Chest / Back / Leg ကြွက်သားတွေအတွက် ဘယ်နေ့မှာ ဘာကစားရမယ်ဆိုတဲ့ လမ်းညွှန်းချက်တွေ နဲ့ လေ့ကျင့်ခန်းတစ်ခုကို ဘယ် နှစ်ကြိမ်ကစားရမယ်ဆိုတဲ့ အကြိမ်အရေအတွက်တွေကို တိတိကျကျဖော်ပြပေးထားတဲ့ Program တစ်ခု Trainer နဲ့ သေချာတိုင်ပင်ရေးဆွဲဖို့လိုပြီး Program အတိုင်း တိတိကျကျလိုက်နာရမှာ ဖြစ်ပါတယ်။

(၃) ပရိုတင်းများများစားပါ

Photo : ELCIES.com

ကြွက်သားတည်ဆောက်ရာမှာ ပရိုတင်းဓာတ်က မရှိမဖြစ်လိုအပ်ပါတယ်။ ကြက်သား ၊ ငါး၊ ဥအမျိုးမျိုး ၊ နွားနို့၊ ပဲ၊ အခွံမာသီးနဲ့ ထောပတ်သီးစတဲ့ အစားအစာတွေမှာ ပရိုတင်းဓာတ်ပေါပေါများများရနိုင်ပါတယ်။ ကျွမ်းကျင်သူ အများစုကတော့ ခန္ဓာကိုယ်အလေးချိန် တစ်ပေါင်တက်ဖို့ ပရိုတင်း 1 gram ထက်မနည်း စားပေးဖို့ အကြံပြုထားပါတယ်။ တစ်နေ့တာအတွက် ပရိုတင်းဓာတ် လုံလောက်စွာစားသုံးဖို့ ခက်ခဲပါက protein shake / protein bar လို ဖြည့်စွတ်စာတွေ သောက်ပေးနိုင်ပါတယ်။

(၄) ဖြည်းဖြည်းချင်း ဝိတ်တိုးသွားပါ

Photo : Greatist

စကစားတဲ့အချိန်မှာ Heavy weight တွေနဲ့ ကစားဖို့ လုံးဝမလိုအပ်ပါဘူး။ လေ့ကျင့်ခန်းတစ်ခုစီတိုင်းကို နည်းစနစ်တကျနဲ့ ကျွမ်းကျင်ပိုင်နိုင်လာပြီဆိုမှသာ တဖြည်းဖြည်းချင်း ဝိတ်ကို တိုးပြီး ကစားသွားရမှာ ဖြစ်ပါတယ်။ ပျှမ်းပျှအားဖြင့်တော့ နှစ်ပတ်တစ်ကြိမ်လောက် ဝိတ်တိုးပြီး ကစားတာက ကြွက်သားတွေကို ပိုပြီး ကြီးထွားသန်မာလာစေမှာဖြစ်ပါတယ်။

Featured Photo : Grenade