Gym ကစားတဲ့ သူတွေအနေနဲ့ Rowing Machine နဲ့ ကစားဖူးကြမှာပါ။ Rowing ဆွဲတာဟာ လက်မောင်း ၊ ခြေထောက် နဲ့ ကျောက အဓိကကြွက်သားအုပ်စုကြီးတွေကို သန်မာအောင် လေ့ကျင့်ပေးတဲ့ လေ့ကျင့်ခန်း ဖြစ်ပါတယ်။ တချို့တွေက Rowing ကစားတာကို အပေါ်ပိုင်း Upper Muscles တွေ သန်မာစေဖို့အတွက် ကစားကြပြီး တချို့ကျတော့လည်း ဝိတ်ကျအောင်ဆိုပြီး Rowing ကစားလေ့ရှိပါတယ်။ တကယ်က Rowing ကစားနည်းမှာ အခုပြောတာတွေထက် ပိုပြီး ကြီးမားတဲ့ အကျိုးကျေးဇူးတွေလည်း ပေးစွမ်းနိုင်ပါတယ်။

(၁) တစ်ကိုယ်လုံး လှုပ်ရှားစေတယ်

Photo: Live Science

Rowing ကစားတာဟာ အလွန်ကောင်းမွန်တဲ့ သွေးပူလေ့ကျင့်ခန်း Warmup တစ်ခုပါပဲ။ အကြမ်းပတမ်း Workout တွေ အောင်အောင်မြင်မြင် ကစားနိုင်ဖို့ အရင်ဆုံး Warmup လုပ်ဖို့ လိုပါတယ်။ Warmup လုပ်မယ်ဆိုရင်လည်း နှလုံး ၊ ကြွက်သား ၊ အဆစ်အမြစ်တွေအပြင် စိတ်ပိုင်းဆိုင်ရာပါကြိုပြီး ပြင်ဆင်ပြီး ဖြစ်နေရမှာပါ။

Rowing ဆွဲတာဟာ ခြေထောက်ကို ၇၅% အလုပ်ပေးပြီး အပေါ်ပိုင်း Body ကို ၃၅% လှုပ်ရှားခိုင်းပါတယ်။ တစ်ကိုယ်လုံးက ကြွက်သားတွေကို အလုပ်လုပ်ခိုင်းတဲ့ Total Body Workout ဖြစ်လို့ တခြား Workout တွေ မလုပ်ခင် တစ်ကိုယ်လုံးကို အားကစားလှုပ်ရှားမှုတွေအတွက် ကြိုတင် လှုံ့ဆော်ပြင်ဆင်ပြီး ဖြစ်စေမယ့် လေ့ကျင့်ခန်းလို့ ဆိုရမှာ ဖြစ်ပါတယ်။

(၂) Fitness Levels တိုင်းအတွက် ကောင်းတယ်

Photo: gympros

ဘယ်လို Workout မျိုးပဲ ကစားကစား Rowing လေ့ကျင့်ခန်းကို ထည့်ကစားလို့ ရပါတယ်။ ဒီလေ့ကျင့်ခန်းမျိုးက Low-Impact ဖြစ်တဲ့ အားကစားဖြစ်လို့ ခန္ဓာကိုယ်မှာ ဖိစီးမှု မဖြစ်စေဘဲနဲ့ High-Intensity Rowing Workout တွေ ကစားနိုင်ပါတယ်။ အထိအခိုက်နည်းပြီး နှလုံးနဲ့ ကြွက်သားသန်စွမ်းစေတဲ့ လေ့ကျင့်ခန်းလည်း ဖြစ်ပါတယ်။ အဆုတ်ကျန်းမာရေးအားပေးပြီး သွေးလည်ပတ်မှုလည်း မြှင့်တင်ပေးနိုင်ပါတယ်။ သက်လုံနဲ့ စွမ်းအား တက်ချင်သူတွေလည်း ထည့်ကစားပေးသင့်တဲ့ အားကစားဖြစ်ပါတယ်။

(၃) စိတ်တည်ငြိမ်စေတယ်

Photo: planetfitness

Rowing ဆွဲတာဟာ စိတ်နဲ့ ကိုယ် ဆက်သွယ်မှု မြင့်မားတဲ့ လေ့ကျင့်ခန်းဖြစ်ပြီး Rowing ဆွဲတိုင်း တစ်ဆင့်ချင်းမှာ စိတ်က ကြွက်သားတွေ တင်းတဲ့နေရာမှာ အာရုံပိုစိုက်နိုင်ပါတယ်။ စက်နဲ့ Rowing ဆွဲရင်းနဲ့ အသက်ရှုမှုကို မှန်အောင် ထိန်းရင်း စည်းချက်မိအောင် လုပ်ရာကနေ လှုပ်ရှားမှုမှာ သတိကပ်လာပါတယ်။ ဒါကြောင့်ပဲ Rowing ဆွဲတာဟာ စိတ်ကြည်လင်စေပြီး Endorphins ထွက်စေတယ်လို့ ပြောကြတာ ဖြစ်ပါတယ်။

(၄) အကောင်းဆုံး အဆုံးသတ် လေ့ကျင့်ခန်းဖြစ်တယ်

Photo: holodia

Gym ကစားလို့ နောက်ဆုံးအပိတ်မှာ Belly ကစားပြီး ပိတ်လေ့ရှိပါတယ်။ တကယ်တော့ Gym Finisher တွေထဲမှာ Rowing ကစားနည်းလည်း ထည့်ပြောသင့်ပါတယ်။ Gym ကစားမှု အပိတ်မှာ ၅ မိနစ် ၁၀ မိနစ်လောက် အချိန်ယူပြီး Rowing ဆွဲတာကလည်း ပြီးပြည့်စုံတဲ့ Finishing တစ်ခုပါပဲ။

Featured Photo: planetfitnes