ဝီစကီကောင်းတစ်ခွက်ဟာ Neat သောက်လို့ကောင်းတယ်ဆိုပေမယ့် တခြား ပါဝင်ပစ္စည်းလေးတွေနဲ့ ရောစပ်သောက်လိုက်ရင် ချိုမြပြင်းရှပြီး ကျပ်ခိုးနံ့ကို ပိုသင်းပျံ့လာစေနိုင်စွမ်းရှိပါတယ်။ Single Malts နဲ့ တန်ဖိုးကြီးရှားပါး Bourbons တွေ သောက်မယ်ဆိုရင်တော့ သူချည်းရေခဲနည်းနည်းနဲ့ သောက်လို့ရပါတယ်။ ပုံမှန်တန်း ဝီစကီတွေဆို အခုပြောမယ့် Mixers တွေနဲ့ ရောသောက်ကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။

(၁) Ginger Ale

Photo: sprecherbrewery

Ginger Ale ဟာ ဝီစကီရဲ့ အရသာကို ပိုမြူးစေနိုင်တဲ့ Mixer ဖြစ်ပါတယ်။ Bourbon နဲ့ Ginger Ale တွဲစပ်သောက်တာက နာမည်ကြီးသလို Ginger beer နဲ့ Irish Whiskey အတွဲကလည်း လူကြိုက်များကြတာပါပဲ။

(၂) Sweet Vermouth

Photo; Whisky Advocate

အရသာကောင်းတဲ့ ဝီစကီ-ဗားမောင့် ကော့တေးလ်လုပ်ရာမှာ သုံးဖို့ပါ။ ဒါကို Manhattan ယမကာလို့လည်း ခေါ်ကြပါတယ်။ ရိုင်းဝီစကီတွေနဲ့ဆို ပူရှတဲ့အရသာနဲ့ ဗားမောင့်ရဲ့ချိုမြမှုအတွဲကြောင့် ပိုပြီး သောက်ရအဆင်ပြေပါတယ်။

(၃) Soda Water

Photo: FullBar

ဝီစကီကို ဆိုဒါရေနဲ့ တွဲသောက်တာက ဝီစကီထဲက ရနံ့ကို ပိုပြီး ယဉ်စေပါတယ်။ ဝီစကီနဲ့ Soda Highball အတွဲကလည်း တစ်ခေတ်ပြန်ထလာပြီ ဖြစ်ပါတယ်။ နည်းနည်းပိုပြီး သင်းပျံ့တဲ့ရနံ့နဲ့ အရသာခံချင်ရင် အပေါ်မှာ သံပရာတစ်ညှစ်စာလောက် ထည့်သောက်နိုင်ပါတယ်။

(၄) Coca Cola

Photo: bittersoutherner

ကိုကာကိုလာနဲ့ ဝီစကီအတွဲက ဈေးသက်သာသလောက် တာသွားပါတယ်။ ကိုကာကိုလာသိပ်များရင်တော့လည်း အဆင်မပြေပါဘူး။ ကိုလာအချိုကို ပြန်ထိန်းချင်ရင် သံပရာတစ်စက်နှစ်စက်လောက် ထည့်သောက်နိုင်ပါတယ်။