ကျွန်တော်တို့ဆီမှာ အနောက်တိုင်းဝတ်စုံလို့ ခေါ်နေကြတဲ့ Suits ဟာ Formal ဖက်ရှင်ထဲမှာ ပါပါတယ်။ အခမ်းအနားတက်ဝတ်စုံဆိုတဲ့အတိုင်း အများအားဖြင့် ခေတ်မီမီ ပွဲတက်တဲ့အခါမှာ ဝတ်ကြတာပါ။

အနောက်နိုင်ငံတွေမှာ Suit ဖက်ရှင်ကို ဝတ်လာကြတာ နှစ်ပေါင်း ၂၀၀ ကျော်တောင် ကြာပြီ ဖြစ်ပါတယ်။ Globalization ယဉ်ကျေးမှုအရ ကျွန်တော်တို့ဆီမှာလည်း အနောက်တိုင်း ဝတ်စုံကို ဝတ်စုံပြည့်မဟုတ်တောင် Smart Casual တန်းအဖြစ် ဝတ်လာကြပါတယ်။ အမျိုးသားတွေအနေနဲ့ Suits ဘာလို့ မကြာမကြာ ဝတ်ပေးသင့်သလဲဆိုတာနဲ့ ပတ်သက်ပြီး ပြောစရာအချက်တချို့ ရှိပါတယ်။

(၁) ပွဲတက်မှ ဝတ်ရတာ မဟုတ်တော့ပါဘူး

Photo; Unsplash

အခုခေတ်မှာ Casual ထက် ပိုပြီး သပ်သပ်ရပ်ရပ်ဖြစ်ချင်ရင် ပေါ့ပေါ့ပါးပါး Blazer Coat အပါးကို တီရှပ် ၊ Pant နဲ့ Sneaker အဖြူသန့်သန့်လေး တွဲဆင်လိုက်ရင် ဖြစ်ပါတယ်။ Formal မဆန်အောင် နက်ခ်တိုင်နဲ့ Formal Shirt မဝတ်ရင် ရပါတယ်။ ဒါက စတိုင်မိရုံတင်မဟုတ်ဘဲ လူနေမှုပုံစံပါ အဆင့်မြင့်စေနိုင်ပါတယ်။ ဒီလို ဖက်ရှင်ကို Casual Dinner တို့ ကလပ်သွားတာတို့မှာ ဝတ်နိုင်ပါတယ်။

(၂) Smart ကျစေတယ်

Photo; Unsplash

Suit ဝတ်တယ်ဆိုတာ Quality ရှိတဲ့ ခံစားမှု ၊ အများနဲ့ ကွဲပြားပြီး ကိုယ်ပိုင်ဟန်ရှိတဲ့ အသွင်အပြင်တို့ကို ပေးပါတယ်။ စမတ် Casual ဆန်ချင်ရင် Chino နဲ့ Shirt ဝတ်လေ့ရှိပါတယ်။ ပိုပြီး စမတ်ကျချင်တယ် ၊ Impressive ဖြစ်စေချင်တယ်ဆိုရင် ချည်အပါးသား Suit နဲ့ Smart Pant တစ်ခုခု ဝတ်သွားသင့်ပါတယ်။

(၃) အမြဲခေတ်မီတယ်

Photo; Unsplash

အပေါ်မှာ ပြောခဲ့သလိုပါပဲ။ Suit တွေဟာ နှစ်ပေါင်း ရာနဲ့ချီ မျိုးဆက်အသီးသီး ဝတ်လာခဲ့တဲ့ ဖက်ရှင်ဖြစ်ပါတယ်။ Suit ဖက်ရှင်တွေ ဝတ်လိုက်ရင်ဘယ်တော့မှ ရိုးသွားတယ် မရှိပါဘူး။ ဒါကြောင့် ခေတ်မတိမ်တဲ့ Timeless Nature ကို သဘောကျရင် Suit ကောင်းကောင်းတစ်ထည်ဝတ်ဖို့ ပြောချင်ပါတယ်။ Suit တွေက ဝတ်တဲ့လူရဲ့ ခန္ဓာကိုယ်ကို Fit ဖြစ်စေလို့ လူကို ပိုပြီး ကြည့်ကောင်းစေပါတယ်။ ဒါကပဲ Suit တွေကို အမြဲခေတ်မီဖက်ရှင်ဖြစ်စေတဲ့ အချက် ဖြစ်ပါတယ်။

(၄) ကိုယ်ရည်ကိုယ်သွေးကို ပိုထင်ရှားစေတယ်

Photo; Unsplash

လူတစ်ယောက်ရဲ့ ဝတ်စားဆင်ယင်မှုဟာ သူ့ရဲ့ ယဉ်ကျေးမှု ၊ သူ့ရဲ့ စိတ်နေစိတ်ထားနဲ့ ကိုယ်ရည်ကိုယ်သွေးပါပဲ။ ညစ်ပေပြီး အပြဲအစုတ်များတဲ့ အဝတ်အစားကို ဝတ်ထားတဲ့လူရဲ့ ပုံစံနဲ့ သပ်သပ်ရပ်ရပ် ဝတ်ဆင်ထားသူရဲ့ ပုံစံချင်း ကွာသလို သူ့ရဲ့ Personality နဲ့ တန်ဖိုးအပေါ် လူတွေရဲ့ သဘောထားအမြင်တွေလည်း ကွာသွားပါတယ်။ Suit ဝတ်လို့တန်ဖိုးရှိသွားတာတော့ မဟုတ်ပါဘူး။ Suit ကောင်းကောင်း ဝတ်တာဟာ အမြင်ပြောင်းစေတယ်လို့ ဆိုတာပါ။