ဝမ်းဗိုက်အဆီချဖို့အတွက် ပင်ပင်ပန်းပန်းကြီး ကြိုးစားနေစရာမလိုပါဘူး။ ကျန်းမာရေးနဲ့ ညီညွှတ်အောင် စားသုံးပြီး လေ့ကျင့်ခန်း မှန်မှန်ပြုလုပ်ပေးဖို့ပဲလိုပါတယ်။
လေးပတ်အတွင်း ဗိုက်အဆီချဖို့အတွက် ပြုလုပ်ပေးရမယ့် လေ့ကျင့်ခန်းကလည်း (၄) မျိုးပဲဖြစ်ပါတယ်။
လေ့ကျင့်ခန်း (၁) Plank ထောက်ခြင်း

ဒီလေ့ကျင့်ခန်းကတော့ ပုံမှန်ပြုလုပ်နေကျ ရိုးရိုး Plank ထောက်ရတဲ့ လေ့ကျင့်ခန်းပါပဲ။
လေ့ကျင့်ခန်း (၂) Side Plank

ဒီလေ့ကျင့်ခန်းကိုတော့ နှစ်မျိုးပြန်ခွဲရပါမယ်။ ညာတံတောင်ဖြင့် Side Plank ထောက်ခြင်းနှင့် ဘယ်တံတောင်ဖြင့် Side Plank ထောက်ခြင်းပဲဖြစ်ပါတယ်။
လေ့ကျင့်ခန်း (၃) Mountain Climber Push-Ups

Source: Furthermore.equinox.com
ဒီလေ့ကျင့်ခန်းကတော့ Mountain Climber လေ့ကျင့်ခန်းနဲ့ Push-Ups လေ့ကျင့်ခန်း နှစ်ခုပေါင်းထားတဲ့ 2 in 1 လေ့ကျင့်ခန်းလေးပဲဖြစ်ပါတယ်။
လေ့ကျင့်ခန်း (၄) Sit-Ups

Source: Menshealth.com
ဒီလေ့ကျင့်ခန်းကတော့ အိပ်ထမတင်လို့ လူသိများတဲ့ လေ့ကျင့်ခန်းပဲဖြစ်ပါတယ်။
ဒီလေ့ကျင့်ခန်း (၄) မျိုးအကြောင်း သိသွားပြီဆိုတော့ လေးပတ်အတွင်း ဘယ်နှကြိမ်ပြုလုပ်ပေးရမလဲဆိုတာကို ဆက်လက်ပြောပြပေးသွားပါမယ်။
ပထမပတ်တွင် လေ့ကျင့်ခန်း (၁) ကို ၂၀ စက္ကန့်၊ လေ့ကျင့်ခန်း (၂) ညာတံတောင်ဖြင့် Side Plank ထောက်ခြင်းကို ၂၀ စက္ကန့်၊ လေ့ကျင့်ခန်း (၃) ကို ၃ ကြိမ်၊ လေ့ကျင့်ခန်း (၂) ဘယ်တံတောင်ဖြင့် Side Plank ထောက်ခြင်းကို ၂၀ စက္ကန့်နှင့် လေ့ကျင့်ခန်း (၄) ကို ၃ ကြိမ် ပြုလုပ်ရပါမယ်။
ဒုတိယအပတ်တွင်တော့ လေ့ကျင့်ခန်း (၁) ကို ၃၀ စက္ကန့်၊ လေ့ကျင့်ခန်း (၂) ညာတံတောင်ဖြင့် Side Plank ထောက်ခြင်းကို ၃၀ စက္ကန့်၊ လေ့ကျင့်ခန်း (၃) ကို ၅ ကြိမ်၊ လေ့ကျင့်ခန်း (၂) ဘယ်တံတောင်ဖြင့် Side Plank ထောက်ခြင်းကို ၃၀ စက္ကန့်နှင့် လေ့ကျင့်ခန်း (၄) ကို ၅ ကြိမ် ပြုလုပ်ရပါမယ်။

တတိယအပတ်တွင် လေ့ကျင့်ခန်း (၁) ကို ၄၅ စက္ကန့်၊ လေ့ကျင့်ခန်း (၂) ညာတံတောင်ဖြင့် Side Plank ထောက်ခြင်းကို ၄၅ စက္ကန့်၊ လေ့ကျင့်ခန်း (၃) ကို ၇ ကြိမ်၊ လေ့ကျင့်ခန်း (၂) ဘယ်တံတောင်ဖြင့် Side Plank ထောက်ခြင်းကို ၄၅ စက္ကန့်နှင့် လေ့ကျင့်ခန်း (၄) ကို ၇ ကြိမ် ပြုလုပ်ရပါမယ်။
စတုတ္ထအပတ်တွင်တော့ လေ့ကျင့်ခန်း (၁) ကို ၁ မိနစ်၊ လေ့ကျင့်ခန်း (၂) ညာတံတောင်ဖြင့် Side Plank ထောက်ခြင်းကို ၁ မိနစ်၊ လေ့ကျင့်ခန်း (၃) ကို ၁၀ ကြိမ်၊ လေ့ကျင့်ခန်း (၂) ဘယ်တံတောင်ဖြင့် Side Plank ထောက်ခြင်းကို ၁ မိနစ်နှင့် လေ့ကျင့်ခန်း (၄) ကို ၁၀ ကြိမ် ပြုလုပ်ရပါမယ်။
Source: Brightside.me

