အတော်များများကတော့ နွေဆို ဘောင်းဘီအတိုနဲ့ အပြင်ထွက်တတ်ကြပါတယ်။ ဘောင်းဘီတိုဆိုတာက နေရာတိုင်းတော့လည်း သွားလို့ကောင်းတဲ့ ဖက်ရှင်မဟုတ်ဘူးမလား။ Shorts တွေနဲ့ Dating တွေ့လို့ မရပါဘူး။ Pub မှာ ထိုင်လို့ မကောင်းပါဘူး။ Smart-Casual လည်း ဖြစ်တယ် ၊ ပေါ့ပါးပြီး နွေဘက်မှာ ချောင်ချောင်ချိချိနဲ့ ဝတ်လို့ ကောင်းတာကတော့ Chinos ဘောင်းဘီတွေ ဖြစ်ပါတယ်။

Chino တွေက ဒင်နာပါတီတွေမှာ ဝတ်မလား ၊ အလုပ်ပါးတဲ့ ရက်တွေ လမ်းလျှောက်ထွက်မလား ၊ အိမ်မှာပဲ Staycation နေမလား အဆင်ပြေပါတယ်။Chino တွေထဲမှာလည်း ရွေးစရာတွေ ရှိပါတယ်။ ဒီထဲက နွေရာသီမှာ ဝတ်လို့ကောင်းမယ့် Chino ဘောင်းဘီးတချို့အကြောင်း ပြောပြပေးချင်ပါတယ်။

(၁) Ralph Lauren တည့်ပွ ဆွဲသား Chino

Photo: thegentlemansjournal

Chino တွေ ဝတ်ရင် ဆွဲသား Stretch မျိုး ဝယ်တာ ပုံအကျပိုမှန်တတ်ပါတယ်။ Ralph Lauren ထုတ် Chino တွေထဲမှာ Straight Stretch ဒီဇိုင်းတွေက ချည်နဲ့ထုတ်ထားလို့ သက်တောင့်သက်သာရှိပါတယ်။ နှစ်အတော်ကြာအောင် အဝတ်ခံပြီး အရောင်မကျွတ်တတ်လို့လည်း နာမည်ကြီးပါတယ်။ နွေဘက်မှာမို့ အရောင်ကို ပိုလင်းတဲ့ကာလာမျိုး ရွေးချယ်သင့်ပါတယ်။

(၂) Sunspel ဆွဲသား Slim Fit Chino

Photo: thegentlemansjournal

သပ်သပ်ရပ်ရပ်နဲ့ အပြင်ထွက်ချင်တယ်ဆိုရင် Slim Fit Chino က ကောင်းပါတယ်။ Sunspel က ထုတ်ထားတဲ့ ဖက်ရှင်က Flat-Fronted ဒီဇိုင်းဖြစ်လို့ ပေါင်လယ်မှာ ဘာခေါက်ရိုးမှ မပေါ်ဘဲ ကြည့်လို့ အဆင်ပြေစေပါတယ်။ အပေါ့သား Stretch Cotton နဲ့ ထုတ်ထားပြီး နူးညံ့တဲ့ ခံစားမှု ပေးပါတယ်။ အများဆုံးအရောင်က နက်ပြာရောင်ထွက်ပါတယ်။

(၃) Sir Plus ချည်သား Chino

Photo: thegentlemansjournal

Brushed Cotton လို့ ခေါ်တဲ့ ချည်ယက်လုပ်ပြီး နောက်ဆုံးအဆင့်မှာ ချည်ကြမ်းတွေ ပွတ်ချထားတဲ့ ချည်နဲ့ ထုတ်ထားတာပါ။ သဘာဝအော်ဂဲနစ်ချည်သားနဲ့လာလို့ ပူအိုက်တဲ့ ရာသီဒဏ်ကို ခံနိုင်တယ် ၊ ပေါ့ပေါ့ပါးပါးရှိပြီး ဝတ်လို့ကောင်းပါတယ်။ ကြေးရောင်ဖျော့ကာလာလိုမျိုး ကာလာတွေနဲ့ ထွက်ပါတယ်။

(၄) Charles Tyrwhitt Chino

Photo: thegentlemansjournal

လတ်ဆတ်တဲ့ အစိမ်းရင့်ရောင် Chino မျိုးတွေကို Charles Tyrwhitt က အထုတ်များပါတယ်။ လူလတ်ပိုင်းအကြိုက် ဒီဇိုင်းမျိုး ဖြစ်ပြီး ခေတ်မီတဲ့ Classic Style နဲ့ လာပါတယ်။ အပေါ့စား Breathable ဖြစ်တဲ့ ချည်သုံးထားလို့ အပူဒဏ်ကို ခံနိုင်စေမှာပါ။ရေလျှော်ပြီး မီးပူထိုးစရာမလိုတဲ့ Non-Iron ဒီဇိုင်းတွေ ဖြစ်လို့ အလုပ်ရှုပ်မှာ မကြိုက်တဲ့ ယောင်္ကျားလေးတွေအကြိုက်တွေ့ကြမှာပါ။