Jeans Pant တွေ ဝယ်တော့မယ်ဆိုရင် အဓိက စဉ်းစားရတာက ဘယ်လို Fits စတိုင်မျိုးလည်း ဆိုတာပါပဲ။ အရောင်တွေ ၊ Brands တွေနဲ့ ခါးဆိုဒ်တွေက အရေးမပါတာ မဟုတ်ပေမယ့် ဝယ်ဖို့ နောက်ဆုံး ဆုံးဖြတ်ရမယ့်အချက်ဟာ ကိုယ်နဲ့ Fits ဖြစ်ရမယ်ဆိုတဲ့အချက်ပဲ ဖြစ်ပါတယ်။

ပုံမှန်အားဖြင့် Jeans တွေကို Skinny ၊ Slim ၊ Straight ဆိုပြီး Labels တွေ တပ်ထားလေ့ရှိပါတယ်။ ယောင်္ကျားလေးတွေအတွက် အဝတ်များတဲ့ Denim Fits ပုံစံတွေကို ပြန်ကြည့်ရင် ၅ မျိုး ထွက်လာပါတယ်။

(၁) Skinny

Photo: The Broadwalk

Jeans ဖက်ရှင်တွေထဲမှာ နောက်ဆုံးမှ ထွက်ပေါ်လာတဲ့စတိုင်တစ်မျိုးက Skinny ဖြစ်ပါတယ်။ ခြေထောက်နဲ့ တင်ပါးနေရာ ခပ်ကျပ်ကျပ်စတိုင် ဖြစ်ပြီး များသောအားဖြင့် ကိုယ်ခန္ဓာပိန်ပါးတဲ့ အမျိုးသားတွေ အဝတ်များပါတယ်။ Skinny ဖက်ရှင်တွေဟာ ခါးအောက်ပိုင်း နည်းနည်း ခွကျတဲ့ Low Crotch တို့ ၊ ချက်အောက်ကျတဲ့ Low Rise စတိုင်တို့နဲ့ လာလေ့ရှိပါတယ်။

(၂) Slim

Photo: theadultman

မကျပ်လွန်း ၊ မချောင်လွန်းတဲ့ Jeans Type ဖြစ်ပါတယ်။ တင်ပါးတစ်လျှောက် Straight တဖြောင့်တည်း သွားပြီး ပေါင်နေရာ Slim ဖြစ်ရာကနေ ခြေဝဘက် ကျဉ်းသွားတဲ့ စတိုင် ဖြစ်ပါတယ်။ Slim Type သမားတွေဟာ ရှပ်အင်္ကျီကို ဘောင်းဘီထဲ ထိုးဝတ်လေ့ရှိတာကြောင့် Mid Rise လို့ ခေါ်တဲ့ ချက်နား ဘောင်းဘီခါး ကပ်လျက်ရှိတဲ့ စတိုင်မျိုး ရွေးချယ်သင့်ပါတယ်။

(၃) Regular

Photo: cheatsheet

Regular Fit စတိုင်တွေဟာ တည့်သွားတဲ့ Straight Leg စတိုင်ဖြစ်ပြီး ပုံမှန်အားဖြင့် Mid Rise ဒီဇိုင်းနဲ့ ထွက်ပါတယ်။ ဘောင်းဘီခြေထောက်ဟာ ဒူးကနေ ဖနောင့်အထိ တစ်ဖြောင့်တည်း ဆင်းသွားပါတယ်။ Regular Fit တွေက ခြေထောက်ပွင့် နည်းနည်းကျယ်သယောင် ထင်ရပါတယ်။

(၄) Relaxed

Photo: onpointfresh

ကိုယ်လုံးကိုယ်ပေါက် ခပ်ကြီးကြီး အမျိုးသားတွေ အဝတ်များတဲ့စတိုင်ဖြစ်ပါတယ်။ Relaxed စတိုင်တွေဟာ ချောင်ချောင်ချိချိနဲ့ Loose ဖြစ်တဲ့ စတိုင်ဖြစ်ပါတယ်။ ခပ်ဖိုင့်ဖိုင့်သမားတွေအတွက် ရွေးစရာ Jeans Type နှစ်မျိုး ပဲ ရှိပါတယ်။ Regular နဲ့ Relaxed ဖြစ်ပါတယ်။ ပုံမှန်အားဖြင့် ဝတဲ့ဘက် ပိုကဲလာရင်‌တော့ Relaxed တွေနဲ့ပဲ အဆင်ပြေပါတယ်။

(၅) Loose

Photo: mensfashionmagazine

Loose ဖြစ်တဲ့ ဘောင်းဘီဆိုတာခပ်ပွပွ Baggy Fit ကျတာကို ပြောတာပါ။ တစ်ခေတ်ကတော့ ဒါမျိုးကို စတိုင်အနေနဲ့ ဝတ်ခဲ့ကြဖူးပါတယ်။ Loose Fit ဟာ ပေါင် ၊ တင်ပါးနဲ့ ခြေထောက်နေရာ များများစားစား ပေးထားပါတယ်။ တစ်ခါတလေ Loose ဖက်ရှင်တွေက ခြေထောက်အောက်အထိ ပုံကျနေတတ်ပါတယ်။