အခြေခံအားဖြင့်တော့ ဖက်ရှင်တွေဟာ ရာသီဥတုနဲ့ ဝတ်ရမယ့် အခြေအနေပေါ်လိုက်ပြီး ပြောင်းပေးရတဲ့ သဘောရှိပါတယ်။ နေ့တိုင်း အပြင်ထွက်ဖို့ ကိုယ့်ဗီရိုကို ဖွင့်ပြီး အဝတ်အစားရွေးတိုင်း စိတ်မညစ်ချင်ရင် နေ့ရက်အလိုက် ဝတ်သင့်တဲ့ ဖက်ရှင်အကြံပြုချက်တချို့ပေးချင်ပါတယ်။

(၁) ရုံးပိတ်ရက် ဝတ်စရာ

Photo: Smarter Travel

ရုံးပိတ်ရက်ဆိုတာ ကိုယ့်အတွက်ကို အချိန်ပေးတဲ့ နေ့ရက်တွေပါပဲ။ ရုံးပိတ်ရက်တွေမှာ သူငယ်ချင်းတွေ ၊ ညနေဝိုင်းတွေနဲ့ မိသားစုအပန်းဖြေခရီးတွေနဲ့ အချိန်ဇယားပြည့်နေတတ်ပါတယ်။ ဒီလိုနေ့တွေမှာ အကောင်းဆုံးက ကိုယ်ရောစိတ်ပါ သက်တောင့်သက်သာရှိပြီး ပေါ့ပါးတဲ့ Relaxed & Casual ဒီဇိုင်းမျိုး ဝတ်သင့်ပါတယ်။ ရာသီဥတု ခပ်အေးအေးဆိုရင် မိုးပြာဖျော့ Mid-Wash Denim Jeans ဘောင်းဘီ နဲ့ Classic Grey Sweatshirt မျိုး ရွေးတာ မှားစရာ မရှိပါဘူး။ အခုလို ပူအိုက်တဲ့ရာသီတွေမှာဆိုရင်တော့ Mid-Wash Denim နဲ့ ရိုးရိုးရှင်းရှင်း အဖြူရောင် Plain T-Shirt ၊ Classic Sneaker တို့ကို ဝတ်နိုင်ပါတယ်။ အရောင်အနေနဲ့ အဖြူရောင်အပြင် မီးခိုးရောင် ၊ အညိုရောင် နဲ့ အနက်ရောင်တွေလည်း ရွေးချယ်နိုင်ပါတယ်။

(၂) Smart Casual

Photo: Just Luxe

Smart Casual တွေဟာ ယောင်္ကျားတိုင်းရဲ့ အဝတ်ဗီရိုမှာ အမြဲတမ်း အသုံးတည့်တဲ့ ဖက်ရှင်စတိုင်ဖြစ်ပါတယ်။ Smart Casual တွေဟာ ရှင်းသန့်ပြီး ထက်မြက်တဲ့ ခံစားချက်ကို ပေးပါတယ်။ များသောအားဖြင့် ရုံးတက်ဖက်ရှင်အဖြစ် ဝတ်လေ့ရှိပြီး အရောင်ရင့် Dark Colours တွေကို အခြေခံပါတယ်။ Smart Casual စတိုင်တွေမှာ ဖိနပ်တွေက Smart & Formal ဖြစ်ပြီး အပေါ်ပိုင်းမှာ ပေါ့ပါးပြီး သပ်ရပ်တဲ့ ဂျက်ကတ်အပါးလိုမျိုးကို Mid-Layer ထပ်ဝတ်လေ့ရှိပါတယ်။

(၃) Monochrome

Photo: esquire

Black & White တွေက ဝတ်တိုင်း လိုက်ဖက်တဲ့ ကာလာအတွဲအစပ်တွေ ဖြစ်ပါတယ်။ အဝတ်အစားအတွက် ခေါင်းမစားချင်ရင် အခြေခံအကျဆုံး Monochrome Colours စတိုင်တွေ ရွေးသင့်ပါတယ်။ အပြင်သွားဖို့အတွက် ဝတ်သင့်တဲ့ အဝတ်အစားတွေထဲမှာ High-Quality အဖြူရောင် တီရှပ် ၊ Black Chino Trouser ဘောင်းဘီအတွဲလည်း ဗီရိုထဲမှာ ထည့်ထားဖို့ လိုပါတယ်။ ဖိနပ်အနေနဲ့ အကြံပြုချင်တာက အနက်ရောင် လယ်သာ Chelsea Boot ဒါမှမဟုတ် အဖြူရောင် Leather Sneaker တို့ ဖြစ်ပါတယ်။

(၄) Minimalist

Photo: Pinterest

ပြီးခဲ့တဲ့နှစ်အနည်းငယ်အတွင်း ဖက်ရှင်လောကမှာ အရိုးရှင်းဆုံးနဲ့ စိတ်ကို ဆွဲဆောင်နိုင်မယ့် Minimalist စတိုင်တွေ ခေတ်စားလာခဲ့ပါတယ်။ Minimalist စတိုင်ဆိုတာ အိတ်ကပ်တွေနဲ့ ရှုပ်ရှက်ခပ်မနေသလို အစင်း ၊ အကွက်တွေနဲ့ မျက်စိမနောက်စေဘဲ ရှင်းရှင်းသန့်သန့်နဲ့ Quality ကောင်းကောင်း ဦးစားပေး ဖက်ရှင်စတိုင်ဖြစ်ပါတယ်။ ကြည့်လိုက်တာနဲ့ မျက်စိကို ငြိမ်းစေတဲ့ ကာလာနဲ့ ဒီဇိုင်းဖြစ်ဖို့က Minimalism ရဲ့ အနှစ်သာရတစ်ခုပါပဲ။

(၅) လုပ်ငန်းခွင် ဝတ်စရာ

Photo: Mr Porter

Workwear ကတော့ ကိုယ်လုပ်တဲ့ အလုပ်နဲ့ လိုက်ဖက်တဲ့ ဖက်ရှင်ဝတ်တာမျိုးကို ပြောတာပါ။ ရုံးမှာတင် အလုပ်လုပ်ရတဲ့ Programmer တစ်ယောက် ၊ မန်နေဂျာတစ်ယောက်ရဲ့ ဖက်ရှင်နဲ့ ပြင်ပ Site ထဲ ဆင်းရတဲ့ အင်ဂျင်နီယာတစ်ယောက်ရဲ့ ဖက်ရှင် မတူပါဘူး။ ဒီလိုပါပဲ Work From Home လုပ်သူတွေရဲ့ ဖက်ရှင်နဲ့လည်း တူမှာ မဟုတ်ပါဘူး။ ပုံမှန်အားဖြင့် အပြင်မှာ အလုပ်လုပ်ရသူဟာ အပေါ်ထပ် Overshirt တစ်ထည်ထပ်ဝတ်ပြီး Boots စီးလို့ အဆင်ပြေပါတယ်။ ရုံးမှာ အလုပ်လုပ်သူတွေက ပိုပြီး Formal ကျတဲ့ Shirt နဲ့ Pants တွေ ဝတ်ရတာမျိုးဖြစ်ပါတယ်။ ဒီတော့ ကိုယ့်အလုပ်နဲ့ အဆင်ပြေတဲ့ အလုပ်သွားဝတ်စုံ ၃/၄ စုံလောက်လည်း ကိုယ့်ဗီရိုထဲမှာ ထည့်ထားဖို့ လိုပါတယ်။