လူငယ်ပိုင်းတွေ အဝတ်များတဲ့ Hoodie ဆိုတာ ပုံစံမျိုးစုံနဲ့ စတိုင်အမျိုးမျိုး ထုတ်ပြီး ဝတ်နိုင်တဲ့ Dynamic Outfit ဖြစ်ပါတယ်။ များသောအားဖြင့် Hoodie ကို ပေါ့ပေါ့ပါးပါးနဲ့ လှုပ်ရှားလို့ကောင်းတယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ အားကစားသမားတွေ အဝတ်များပေမယ့် Hoodie ကို ခေတ်မီမီ စတိုင်ကျကျ ဝတ်လို့ရတဲ့ နေရာတွေလည်း ရှိပါတယ်။

(၁) Smart Casual

Photo: apetogentleman

Hoodie ကို အခုခေတ်မှာ Smart Casual ဖက်ရှင်အနေနဲ့ ဝတ်လာကြပါပြီ။ Shirts ဒါမှမဟုတ် Polo တီရှပ်အပေါ်ကနေ ထပ်ဝတ်ပြီး Hoodie ရဲ့ အပေါ်မှာ ဂျက်ကတ်တစ်ထည် ဒါမှမဟုတ်ရင်လည်း Overcoat တစ်ခုခု Layer အနေနဲ့ ဝတ်နိုင်ပါတယ်။ Smart Casual ကျအောင် အကောင်စား Leather Sneaker ဒါမှမဟုတ် Chelsea Boot နဲ့ တွဲစီးပေးပါ။

(၂) Casual

Photo: apetogentleman

တကယ့် Hoodie တွေရဲ့ အသုံးချမှုက Sweatshirt လိုမျိုး အပေါ်ထပ်လက်ရှည်အဖြစ် ဝတ်ဖို့ပါ။ အောက်ခံအနေနဲ့ တီရှပ်အဖြူလေးဝတ်ပြီး အပေါ်မှာ Hoodie စွပ်ချလိုက်ရင် Casual စတိုင်ဖြစ်ပါပြီ။ Casual မှာတော့ Logo ပါတဲ့ Hoodie တွေလည်း ဝတ်နိုင်ပါတယ်။ ကာလာကိုလည်း နှစ်သက်ရာအရောင်ရွေးချယ် ဝတ်ဆင်နိုင်ပါတယ်။

(၃) Athleisure

Photo: apetogentleman

အားကစားသမားလိုရော လုပ်ငန်းခွင်မှာပါ ဝတ်နိုင်မယ့် ဖက်ရှင်ပါ။ သူကတော့ စိတ်အေးလက်အေး အပန်းခြေခရီးတွေမှာ ဝတ်လို့လည်း ကောင်းပါတယ်။ Bomber Jackets လိုမျိုး နူးညံ့တဲ့ ဝါချည် ဒါမှမဟုတ် သိုးမွေး Hoodie မျိုး ဝတ်ပါ။ ဘောင်းဘီကို စမတ် Joggers နဲ့ အောက်မှာ လယ်သာ Sneaker သန့်သန့်လေး စီးရင် အဆင်ပြေပါတယ်။

(၄) Streetwear

Photo: apetogentleman

Streetwear မှာဆို Hoodie ကို Jeans ဘောင်းဘီနဲ့ တွဲဝတ်လို့ ကောင်းပါတယ်။ နည်းနည်း ပိုပြီး စမတ်ကျချင်ရင် အောက်ကဘောင်းဘီကို Sweatpant မျိုး ဝတ်နိုင်ပါတယ်။ အရောင်ရင့် ၊ အရောင်တောက်တွေ နဲ့ Logo ထင်းထင်းကြီးတွေလည်း ရွေးနိုင်ပါတယ်။ Streetwear ဆိုတဲ့အတိုင်း လွတ်လပ်မှုအပြည့်နဲ့ စိတ်ကြိုက်ရွေးဝတ်နိုင်တဲ့ ဖက်ရှင် ဖြစ်ပါတယ်။

(၅) Sports

Photo: apetogentleman

Hoodie တွေဟာ အားကစားဆန်တဲ့ ဖက်ရှင်တွေပါ။ Sports ဆန်ဆန် ဝတ်တာကိုက Hoodie ရဲ့ သရုပ်မှန်သဘောပါပဲ။ အားကစားလုပ်ချိန်မှာ Hoodie ဝတ်မယ်ဆိုရင် Sports ဆန်ပြီး ချွေးစုပ်တဲ့ ချည်သားမျိုး ရွေးဖို့လိုပါတယ်။ အရောင်ကတော့ Monochrome တွေက အဆင်ပြေပါတယ်။