Suit လို့ ဆိုတာနဲ့ ပွဲတက်ဝတ်စုံအဖြစ် ဝတ်စုံပြည့်နဲ့ပဲ ပြေးမြင်လေ့ရှိကြပါတယ်။ တကယ်က Suit တွေကို သိပ် Formal ကြီး မဆန်ဘဲ Smart-Casual ဖြစ်အောင် ဝတ်လို့လည်း ရပါတယ်။ Suit ကို နက်ခ်တိုင်မပါဘဲ ဝတ်တဲ့ဖက်ရှင်မျိုးက အခုခေတ် လူငယ် Gentleman တွေအကြားမှာ ခေတ်စားနေပါတယ်။ ဒီတော့ နက်ခ်တိုင်မပါဘဲ Suit ကို စတိုင်ကျအောင် ဝတ်လို့ရမယ့် နည်းလမ်းတွေကို ကွီးပရိသတ်ကြီးအတွက် မျှဝေပေးလိုက်ပါတယ်။

(၁) Cuban Collar နဲ့ ဝတ်ခြင်း

Photo: Fashion Beans

Camp Collar လို့လည်း ခေါ်တဲ့ Cuban Collar နဲ့ Suit ဖက်ရှင်က အရင့်အရင်ကတည်းက ခေတ်စားတဲ့ ဖက်ရှင်ဖြစ်ပါတယ်။ နက်ခ်တိုင်မလိုဘဲ Suit ပေါ်မှာ Cuban Collar ဖြန့်ထားတာပါ။ ရှပ်အင်္ကျီရဲ့ အပေါ်ဆုံး ကြယ်သီးတစ်လုံးကိုလည်း ဖွင့်ထားတတ်ပါတယ်။ Cuban Collar နဲ့ လိုက်ဖက်တဲ့ ဂျက်ကတ်ကတော့ အပြာရင့်ရောင်ဖြစ်ရင် ပိုကောင်းပါတယ်။

(၂) Collarless ဝတ်ခြင်း

Photo: Fashion Beans

လည်ကတုံးဖက်ရှင်နဲ့လည်း Suit ကို တွဲဖက် ဝတ်ဆင်လို့ ရပါတယ်။ Collarless Shirt ဆိုတာ Stand-Collar လို့လည်း ခေါ်ပါတယ်။ နက်ခ်တိုင် တပ်စရာမလိုတဲ့ Shirt အင်္ကျီဖြစ်ပါတယ်။ တက်မယ့်ပွဲပေါ်လိုက်ပြီး Dress Shoes ၊ Sneaker သင့်ရာနဲ့ ရွေးဝတ်နိုင်ပါတယ်။ ဝတ်တဲ့ Shirt ဟာ အဖြူရိုးရိုး ဒါမှမဟုတ်အပြာဖျော့ဖျော့ ရွေးနိုင်ပါတယ်။

(၃) Don An Air-Tie

Photo: Fashion Beans

လည်ပင်းကြယ်သီးအပြည့် တပ်တဲ့ စတိုင်ကို ပါတီတွေ ၊ မင်္ဂလာဆောင်နဲ့ Date Night တွေမှာ ဝတ်လာကြပါတယ်။ ဒီဖက်ရှင်ကို အလုပ်မီတင်နဲ့ အရေးကြီးတဲ့ ပွဲတက်အခမ်းအနားတွေမှာလည်း ပွဲတက်ဖက်ရှင်အဖြစ် ဝတ်ဆင်နိုင်ပါတယ်။ သပ်ရပ်ပြီး ကိုယ်တိုင်းနဲ့ချုပ်ထားတဲ့ Trousers တွေ ၊ Oxford Leather Shoes တွေနဲ့ ဝတ်ကြသလို သက်တောင့်သက်သာရှိတဲ့ Loafers ၊ Desert Boots ၊ Sneakers တွေနဲ့လည်း Casual ဖက်ရှင်ဆန်ဆန် ဝတ်ကြပါတယ်။

(၄) Polo Shirt ဖက်ရှင်နဲ့ ဝတ်ခြင်း

Photo: Fashion Beans

Suit ကို Polo Shirt လို ကော်လာပါတဲ့ တီရှပ်တွေနဲ့လည်း စတိုင်ကျကျ ဝတ်နိုင်ပါတယ်။ ဒီဖက်ရှင်ဟာ Comfy & Casual ဖြစ်ပြီး လုပ်ငန်းရှင်တွေ ပေါ့ပေါ့ပါးပါး ဝတ်စရာအဖြစ် အဝတ်များပါတယ်။ အရောင်ကိုတော့ Neutral ဖြစ်တဲ့ အရောင်မျိုးက ပေါ့ပေါ့ပါးပါး Summer Office Attire အနေနဲ့ ဝတ်နိုင်ပါတယ်။

(၅) Open Collar နဲ့ ဝတ်ခြင်း

Photo: Fashion Beans

ဒီဖက်ရှင်ကိုလည်း Suit ချစ်သူတွေ အဝတ်များပါတယ်။ Suit ဝတ်စုံပြည့် ဝတ်တာဟာ စိတ်ကျဉ်းကြပ်တယ်လို့ ခံစားရနိုင်ပါတယ်။ Open Collar လို့ ခေါ်တဲ့ အပေါ်ဆုံးကြယ်သီးဖွင့်ထားတဲ့ Shirt အပေါ်မှာ Suit ထပ်ဝတ်လိုက်ရင် လွတ်လပ်ပေါ့ပါးပြီး သပ်ရပ်ရှင်းသန့်တဲ့ Smart Casual ဖက်ရှင်ထွက်လာမှာပါ။

Featured Photo: Fashion Beans