ယောင်္ကျားပီသတယ်လို့ ပြောရင် ဘယ်အချက်တွေကို အရင်မြင်တတ်ကြမယ် ထင်ပါသလဲ။ အရပ်ရှည်မယ် ၊ ကိုယ်လုံးကိုယ်ပေါက် တောင့်ခိုင်သန်မာနေမယ် ၊ အကြည့်တွေက ထက်မြက်နေပြီး ပြောဟန်က ဌာန်ကျနေမယ် မဟုတ်လား။

စကော့တလန်က စိန့်အန်ဒရူးတက္ကသိုလ် သိပ္ပံပညာရှင်တွေရဲ့ လေ့လာချက်ထဲမှာပဲ လူတစ်ယောက်ကို ဓါတ်ပုံထဲမှာ သူ့ရှိရင်းစွဲထက် ၃ လက်မ အရပ်ပိုရှည်လိုက်ပြီး ကိုယ်လုံးကိုယ်ပေါက်ကို ပိုကြီးသယောင် ပြောင်းလိုက်ခြင်းဟာ ယောင်္ကျားပိုပီသတယ်လို့ မြင်စေတယ်လို့ ဆိုပါတယ်။ ဒါကြောင့် အရပ်ရှည်ပြီး ကိုယ်နေဟန်ထား တောင့်တင်းကြီးမားတာဟာ ယောင်္ကျားဆန်ခြင်းရဲ့ အမှတ်လက္ခဏာတစ်ခုလို့ ဆိုရမှာပါပဲ။

လူတွေအကြားမှာ အရပ်ရှည်ရှည် ခန့်ခန့်ညားညားနဲ့ လူထွားကြီးတစ်ယောက် ပုံပေါက်စေမယ့်နည်းလမ်းလေးတွေ သိထားတာက ယောင်္ကျားတစ်ယောက်ကို ယုံကြည်မှုပုံရှိစေနိုင်တာကြောင့် အဖိုးတန်မယ့်နည်းလမ်းလေးတွေ မျှဝေပေးလိုက်ပါတယ်။

(၁) ပခုံးတွေ ကြံ့ခိုင်အောင် လုပ်ပါ

Photo: Freepik

ပခုံးဆစ်တွေ အားကောင်းပြီး လုံးဝန်းကြံ့ခိုင်နေတာက ယောင်္ကျားတစ်ယောက်ရဲ့ ကိုယ်လုံးကို ပိုကြီးလာတယ်လို့ အထင်ရောက်စေပါတယ်။ Shoulder Exercises တွေက ပခုံးနဲ့ လည်ပင်းတွေ အားကောင်း ကြံ့ခိုင်လာစေနိုင်ပါတယ်။ ပခုံးအတွက် အဓိက ကစားရမယ့် အားကစားတွေထဲမှာ DB Clean မ,တင်,ချ ၊ Barbell Z Press မ,တာမျိုးတွေ ပါပါတယ်။

(၂) ရင်ဘတ်ကစားပါ

Photo: Freepik

အပေါ်ပိုင်း ရင်အုံတောင့်တင်းတာကလည်း လူကို အကောင်အထည် ပိုထွက်လာစေပါတယ်။ ရင်ဘတ်နဲ့ လက်ပြင်ကျော ၊ လက်မောင်း Wings တွေ ထွက်ဖို့ Chin Ups ဆွဲတာ ၊ Rows ကစားတာ ၊ Bench Press နဲ့ Biceps ကစားတာမျိုး လုပ်ပေးသင့်ပါတယ်။ ရင်ဘတ်နဲ့ အပေါ်ပိုင်း ကစားတာဟာ လက်မောင်း ၊ လက်ပြင်နဲ့ပခုံးကြွက်သား အားကောင်းစေသလို Body Posture ပါ ပိုကောင်းစေလို့ အရပ်ထွက်ပြီး ရင်အုပ်ကျယ်လာစေနိုင်ပါတယ်။

(၃) ဗိုက်ဆီချပါ

Photo: Freepik

ခါးဆီတွေက လူရဲ့ ရှိရင်းစွဲ အရပ်အမောင်းကိုပါ မြုပ်စေနိုင်ပါတယ်။ အရပ်အမောင်းကောင်းတဲ့ပုံပေါ်စေချင်ရင် ခါးတစ်ဝိုက် အဆီမစုဘဲ ကျစ်လျစ်နေအောင် ကစားပေးသင့်ပါတယ်။ Low Carbs တွေ သုံးလေးပတ်လောက် စားပါ။ အဆီနည်းမယ့် အစားအစာတွေ ရွေးစားပြီး Body Fat တက်စေမယ့် အစားအသောက်တွေ ရှောင်ပါ။ ဗိုက်ဆီကျအောင် Belly ကစားတာမျိုးလည်း ပုံမှန် လုပ်ပေးသင့်ပါတယ်။

(၄) အောက်ပိုင်း ကစားပါ

Photo: Freepik

အပေါ်ပိုင်း တစ်ခြမ်းတည်း ဘော်ဒီထွက်နေတာက အချိုးအဆစ်မပြေပြစ်တာကြောင့် ကြည့်ရဆိုးတတ်ပါတယ်။ အပေါ်နဲ့အောက် ဝိတ် ဟန်ချက်မျှပြီး အဆစ်အပေါက် ပြေပြစ်နေမှ လူက အရပ်ထွက်သယောင် ဖြစ်လာတာပါ။ အောက်ပိုင်းဆို Squat ထိုင်တာ ၊ Deadlift ကစားတာတွေကို အားပြုကစားနိုင်ပါတယ်။

(၅) အဝတ်အစား ဝတ်တတ်ပါစေ

Photo: Freepik

အရပ်ထွက်တဲ့ပုံပေါက်ချင်ရင် ပွတာကြီးတွေ မဝတ်ပါနဲ့။ ခါးနေရာမှာ ကျဉ်သေးသွားပြီး ပခုံးခွင်နေရာပေးထားတဲ့ အဝတ်အစားမျိုး ရွေးပါ။ အရောင်ကို အရောင်ဖျော့ အရောင်လွင်တာမျိုး ရွေးပါ။ ထောင်လိုက်စင်းတွေ ဝတ်ပါ။ ကန့်လန့်စင်း Pattern တွေ ရှောင်ပါ။ သိပ်ကျပ်လွန်းတဲ့ အဝတ်အစားမျိုးထက် Right Fit ဖြစ်တာမျိုးပဲ ဝတ်ပါ။ ဒါဆိုရင် အများတကာရဲ့ မျက်စိထဲမှာ နဂိုရှိရင်းစွဲထက် အရပ်ပိုရှည်ပြီး ကိုယ်လုံးကိုယ်ပေါက်ဟာ ကြံ့ခိုင်ကြီးမားတယ် မြင်စေမှာ ဖြစ်ပါတယ်။