ကျန်းမာရေးကြောင့်ပဲ ဖြစ်ဖြစ် ကိုယ်လုံးကိုယ်ပေါက်လှချင်လို့ ဖြစ်ဖြစ် အားကစားလုပ်တော့မယ်ဆိုရင် အားကစားအသုံးအဆောင်လေးတွေ ရှိထားဖို့ လိုလာပါပြီ။ Gym ကစားသူတွေအတွက် လိုအပ်တဲ့ အသုံးအဆောင် Accessory ဆိုတာကလည်း တစ်ယောက်နဲ့တစ်ယောက် တူချင်မှတူမှာပါ။ ဒါပေမယ့်လည်း Gym Guy တိုင်း မရှိမဖြစ် လိုအပ်တဲ့ အခြေခံပစ္စည်းစာရင်းတွေကိုတော့ အောက်က စာရင်းမှာ ဖော်ပြထားပါတယ်။

(၁) Supplements နဲ့ တခြား Fitness Gears တွေ

Photo: infinitefitnesspro

Gym ကို စွဲစွဲမြဲမြဲကစားတဲ့ Workout သမားတွေဆို ပရိုတိန်းဖြည့်စွက်အစာလိုမျိုး Supplement တွေ သုံးလေ့ရှိပါတယ်။ Gym Enhancement Gear တွေဟာ ကြွက်သားကြီးထွားမှုကို မြန်ဆန်စေပြီး ခွန်အားမြှင့်တင်ပေးနိုင်စွမ်းရှိပါတယ်။ ဒါကြောင့်ပဲ Fitness ကစားသူတွေအတွက် Supplement တွေကလည်း Workout ကစားသူတွေရဲ့ Gym Bag မှာ အရေးပါတဲ့ပစ္စည်းအဖြစ် ထည့်ထားဖို့ လိုပါတယ်။

(၂) ရေဗူး

Photo; fitnessandwellnessnews

အားကစားလုပ်သူတိုင်း ကိုယ်ပိုင် ရေဗူးဆောင်လာသင့်ပါတယ်။ အမျိုးအစားကောင်းပြီး ‌ရေထည့်ပြီးပြန်သုံးနိုင်မယ့် ရေဗူးကောင်းကောင်းတစ်လုံး ဝယ်တာ အကောင်းဆုံးပါပဲ။ အလူမီနီယံနဲ့ စတိန်းလတ်စတီးရေဗူးတွေက ပလတ်စတစ်ဗူးတွေထက် အကြမ်းပိုခံလို့ ဝယ်မယ်ဆိုရင် အရည်အသွေးကောင်းတဲ့ အလူမီနီယံရေဗူးနဲ့ စတိန်းလတ်စတီးရေဗူးမျိုး ဝယ်ယူသင့်ပါတယ်။

(၃) Weight Belt

Photo; barbend

Weight Lifter တွေအတွက် ဝိတ်ခါးပတ်က မရှိမဖြစ်လိုအပ်တဲ့ ပစ္စည်းတစ်ခုပဲ ဖြစ်ပါတယ်။ Weight Belt ဟာ ခါးရိုးဆစ်ကို ထိန်းထားနိုင်သလို ကြွက်သားတွေ ညှစ်အားပိုကောင်းအောင်လည်း ပံ့ပိုးနိုင်ပါတယ်။ Size အမျိုးမျိုး ၊ သုံးတဲ့ Material အစုံစုံ ရှိတာကြောင့် Wight Belt ဝယ်မယ်ဆိုရင် ကိုယ့်ရဲ့ Gym Trainer နဲ့ တိုင်ပင်ပြီး ဝယ်ဖို့လည်း အကြံပေးချင်ပါတယ်။

(၄) နားကြပ်

Photo: menstylefitness

သီချင်းနားထောင်ရင်း Gym ကစားတာဟာ အားကစားလုပ်ရာမှာ ပိုပြီး အာရုံစိုက်နိုင်သလို စိတ်ဓါတ်လည်း ပိုပြီး တက်ကြွထက်သန်လာစေနိုင်ပါတယ်။ နားကြပ်အမျိုးမျိုး ရှိပေမယ့် Gym Earphones တွေ ဝယ်မယ်ဆိုရင် Bluetooth နားကြပ်တွေ ဝယ်တာက လွတ်လွတ်လပ်လပ် အားကစားလုပ်ရင်း သီချင်းနားထောင်နိုင်လို့ ပိုအဆင်ပြေပါတယ်။

(၅) Workout Shoes

Photo: verywellfit

Gym ကစားမယ်ဆိုရင် Workout Shoes ကောင်းကောင်းနဲ့ ကစားဖို့ လိုပါတယ်။ Workout Shoes တွေက ခြေကုပ်အားကောင်းပြီး ခြေဖနောင့် ၊ ခြေကျင်းဝတ်နဲ့ ဖဝါးတည်ငြိမ်မှုကို ထိန်းပေးနိုင်စွမ်းရှိပြီး အားကစားလုပ်ချိန် ဖြစ်တတ်တဲ့ ထိခိုက်ဒဏ်ရာရမှုတွေ အဖြစ်နည်းစေနိုင်ပါတယ်။ ဒီတော့ Gym သွားမယ်ဆိုရင် သင့် Gym Bag မှာ Workout Shoes တစ်ရံထည့်သွားဖို့လည်း မမေ့သင့်ပါဘူး။

(၆) ချွေးစုပ်နိုင်တဲ့ တီရှပ်

Photo: mensjournal

Gym သွားတဲ့အခါ ဝတ်မယ့်အဝတ်အစားဟာ ချွေးစုပ်နိုင်တဲ့ အဝတ်အစားမျိုးတွေ ဖြစ်ဖို့ လိုပါတယ်။ အားကစားလုပ်ချိန်မှာ ဘယ်သူမဆို ချွေးပြိုက်ပြိုက်ကျတတ်တာကြောင့် ချွေးစုပ်နိုင်တဲ့ တီရှပ်အပိုတစ်ထည်တော့ ဆောင်ထားသင့်ပါတယ်။ ချွေးစုပ်နိုင်တဲ့ တီရှပ်အပြင် Towel နဲ့ Wet Wipes တစ်သျှူးတွေလည်း Gym Bag ထဲမှာ ထည့်သွားသင့်ပါတယ်။

(၇) Workout လက်အိတ်များ

Photo: goodfon

Workout Gloves တွေဟာ တန်းခို Push-Ups လုပ်တာ ၊ Row-Up ကြိုးဆွဲတာ ၊ Weight တံ မ,တာမျိုးတွေမှာ အထူးအသုံးဝင်တဲ့ အသုံးအဆောင်တစ်မျိုး ဖြစ်ပါတယ်။ Workout Glove ဝယ်မယ်ဆိုရင်လည်း သက်တောင့်သက်သာရှိပြီး ကိုယ့်လက်အရွယ်အစားနဲ့ Fit ဖြစ်တဲ့ အမျိုးအစားကို ဝယ်ဖို့ လိုပါတယ်။

Featured Photo: menstylefitness