မိုးရွာနေတဲ့အချိန်မှာတောင် ကိုရီးယားမင်းသားတွေလိုမျိုး ဖက်ရှင်ကျစေမယ့် နည်းလမ်းကောင်းအချို့ကို ဝေမျှပေးချင်ပါတယ်။ ဒီနည်းလမ်းကောင်းတွေက သင့်ရဲ့ဖက်ရှင်ကို Level တစ်ဆင့် မြှင့်သွားစေဖို့ ကူညီပေးမှာအမှန်ပါပဲ။

ချည်ထည်အဝတ်အစားများ ဝတ်ဆင်ပါ

မိုးရေစိုတဲ့အခါ အဝတ်အစားတွေက စိုစွတ်သွားပြီး ခန္ဓာကိုယ်မှာ ကပ်ငြိနေတတ်ပါတယ်။ ထူထဲတဲ့အဝတ်အစားဆိုရင်တော့ သင့်ကို အအေးမိ ဖျားနာစေတဲ့အထိ ဖြစ်စေနိုင်ပါတယ်။ ဒါ့ကြောင့် မိုးရေမိပေမယ့် အမြန်ခြောက်သွားမယ့် ချည်ထည်အဝတ်အစားများကို ဝတ်ဆင်သင့်ပါတယ်။

ချည်ထည်အင်္ကျီကို ချီနိုဘောင်းဘီနဲ့ တွဲဖက်ဝတ်ဆင်မယ်ဆိုရင်တော့ အလိုက်ဖက်ဆုံးပဲပေါ့။

ဂျင်းဘောင်းဘီများကို ခဏတာ နှုတ်ဆက်လိုက်ပါ

ဂျင်းဘောင်းဘီက အခြောက်နှေးတဲ့ ဘောင်းဘီတွေပါ။ အဝတ်လျှော်စက်နဲ့ လျှော်ပေမယ့်လည်း နေ မထိတဲ့အခါ မှိုနံ့ နံတတ်ပါတယ်။ ဒါ့ကြောင့် ဂျင်းဘောင်းဘီတွေအစား ချည်ထည်ဘောင်းဘီများ၊ စတိုင်လ်ဘောင်းဘီများ ရွေးချယ်ဝတ်ဆင်လိုက်ပါ။

ဘောင်းဘီတို ဝတ်ဆင်ပါ

မိုးရာသီတွင် လမ်းထဲမှာ ရွံ့တွေ ထူထဲပါတယ်။ ထိုအချိန်မှာ ဘောင်းဘီရှည်ဝတ်တဲ့အခါ သင့် ဘောင်းဘီရှည်သည် ရွံ့ပေကျံနိုင်ပါတယ်။ ဒါ့ကြောင့် မိုးရာသီမှာ ဘောင်းဘီတိုနဲ့သာ ဖက်ရှင်ထုတ်လိုက်ပါ။

ထီးရဲ့အကာအကွယ် ရယူပါ

သင့်ရဲ့လွယ်အိတ်နဲ့ သင့်တစ်ကိုယ်လုံးကို လုံခြုံမှုပေးနိုင်မယ့် ထီးကြီးကြီးကိုသာ ရွေးဝယ်လိုက်ပါ။ ဒါမှ သင့်အဝတ်အစားတွေက မိုးစိုတော့မှာမဟုတ်ဘဲ လွတ်လွတ်လပ်လပ်ဖြင့် စတိုင်လ်ကျနိုင်မှာပဲဖြစ်ပါတယ်။

ရေစိုခံ မိုးကာဂျက်ကတ်

ဒီမိုးကာဂျက်ကတ်တွေက သင့်ကို အနွေးဓာတ်လည်း ပေးနိုင်မှာဖြစ်သလို မိုးရေလေဒဏ်မှလည်း ကာကွယ်ပေးနိုင်ပါတယ်။ မိုးရာသီအတွက် မရှိမဖြစ်လိုအပ်တဲ့ အသုံးအဆောင်ပစ္စည်းတစ်ခုပါပဲ။

ရေစိုခံလက်ပတ်နာရီ

ဘယ်အချိန် မိုးရွာမလဲ မသိတာကြောင့် ရေစိုခံလက်ပတ်နာရီက အကောင်းဆုံးပါပဲ။ အကြမ်းလည်းခံပြီး ဖက်ရှင်ကျစေပါလိမ့်မယ်။

မိုးတွင်းစီးဖိနပ်

မိုးရာသီမှာတော့ မိုးတွင်းစီးဖိနပ်သာ အကောင်းဆုံးပါ။ တခြားဖိနပ်တွေကို ဝတ်ဆင်တဲ့အခါ ထိုဖိနပ် ကြာရှည်ခံမှုကို ဖျက်ဆီးရာရောက်တာကြောင့် ဖိနပ်က အလွယ်တကူ ပျက်စီးသွားပါလိမ့်မယ်။ ဒါ့ကြောင့် ခြေထောက်လည်း ရွံ့ဗွက်မပေ၊ ဖက်ရှင်လည်း ကျစေမယ့် မိုးတွင်းစီးဖိနပ်ကိုသာ ရွေးချယ်ဝတ်ဆင်လိုက်ပါ။

Source: Magicpin.in

Featured Image Source: Newsmobile.in