အမျိုးသားများအတွက် စွပ်ကျယ်အင်္ကျီမှအစ ပိုလိုရှပ်အင်္ကျီအဆုံး ရွေးချယ်စရာတွေက အများအပြားပဲရှိပါတယ်။ ထိုအဝတ်အစားများကို ဖက်ရှင်ကျအောင် သေသေချာချာရွေးချယ်ဝတ်ဆင်ပေးမယ်ဆိုရင်တော့ စမတ်ကျကျနဲ့ စတိုင်လ်ကျကာ ဆွဲဆောင်မှုမြင့်မားတဲ့အမျိုးသားတစ်ယောက်ဖြစ်မှာ အသေအချာပါပဲ။

အောက်ခံစွပ်ကျယ်

ဒီစွပ်ကျယ်တွေဝတ်တဲ့အခါ ဖြစ်နိုင်မယ်ဆိုရင်တော့ ဗွီပုံသဏ္ဍာန်လည်ပင်းကျရှိတဲ့ စွပ်ကျယ်မျိုးကိုသာ ရွေးချယ်သင့်ပါတယ်။ ဒါမှ ရှပ်အင်္ကျီအောက်မှာ မြှုပ်ဝတ်လို့ရမှာဖြစ်ပါတယ်။

တီရှပ်အဖြူ

အမျိုးသားတိုင်းမှာ ရှိသင့်တဲ့ အဝတ်အစားအမျိုးအစားထဲမှာ တီရှပ်အဖြူကလည်း တစ်ခုအပါအဝင်ဖြစ်ပါတယ်။ တီရှပ်အဖြူသည် ဘယ်လိုဘောင်းဘီအမျိုးအစား၊ အရောင်တွေနဲ့မဆို လိုက်ဖက်ညီစွာ ဝတ်ဆင်နိုင်ပါတယ်။

Sweatshirt

Sweatshirt တွေကတော့ လူငယ်ဆန်ပြီး ပေါ့ပေါ့ပါးပါး ဝတ်ဆင်နိုင်တဲ့ ရှပ်အင်္ကျီတစ်မျိုးဖြစ်ပြီး Gym သွားတဲ့အခါမျိုး အားကစားပြုလုပ်မယ့်အချိန်မျိုးမှာ ဝတ်စားဆင်ယင်နိုင်ပါတယ်။

Sweatshirt ဖက်ရှင်များကိုလည်း စတိုင်လ်ကျအောင် ဘယ်လိုဝတ်ဆင်နိုင်မလဲဆိုတာကို လေ့လာကြည့်လိုက်ရအောင်

ကော်လံပါ ရှပ်အင်္ကျီ

သင့်အနေနဲ့ လူကြီးဆန်ဆန် စမတ်ကျကျ ဝတ်ဆင်ချင်တယ်ဆိုရင်တော့ ကော်လံပါရှပ်အင်္ကျီလေးတွေက အသင့်တော်ဆုံးပါပဲ။

Dress Shirt

Dress Shirt ဖက်ရှင်များ

ပိုလိုရှပ်အင်္ကျီ

ပိုလိုရှပ်အင်္ကျီကို ဒီလိုနည်းလမ်းများဖြင့် ဝတ်ဆင်ကြည့်လိုက်ပါ

ချည်ထည်အကွက်များ

လည်ပင်းတွင် ကြယ်သီးသုံးလုံးခန့်သာ ပါသော ရှပ်အင်္ကျီ

Source: Gentlemanwithin.com