ဘဝမှာ အောင်မြင်မှုပန်းတိုင်ကို သွားနေတဲ့လမ်းခရီးမှာ ကျရှုံးမှာကို ကြောက်ရွံ့တဲ့စိတ်က ကျွန်တော်တို့ရဲ့ အိပ်မက်တွေကို ဖျက်ဆီးပစ်တတ်ပါတယ်။
ဒါပေမဲ့ အဲဒီကြောက်စိတ်ကို အဟန့်အတားတစ်ခုအနေနဲ့ မမြင်ဘဲ ရှေ့ဆက်ရမယ့်လမ်းကြောင်းကို ရှင်းလင်းပြတ်သားစေတဲ့ တွန်းအားတစ်ခုအဖြစ် ပြောင်းလဲပစ်နိုင်ပါတယ်။
အောင်မြင်သူတွေဟာ ကျရှုံးမှာကို ကြောက်တဲ့စိတ်ထက် သူတို့ရဲ့ ရည်မှန်းချက်ပန်းတိုင်ကို ရောက်ချင်တဲ့စိတ်က ပိုပြီး ကြီးမားကြပါတယ်။
ဒါကြောင့် သင့်အနေနဲ့ ကြောက်ရွံ့မှုကို ရင်ဆိုင်ပြီး လိုချင်တဲ့ ပန်းတိုင်ကို လျှောက်လှမ်းနိုင်ဖို့ အဓိက လုပ်ဆောင်ရမယ့် အဆင့် ၄ ဆင့်ကို ဖော်ပြပေးလိုက်ပါတယ်။

၁။ ကိုယ်ဘာလိုချင်လဲဆိုတာ သဲသဲကွဲကွဲ သိပါစေ
ကြောက်စိတ်တွေ ဝင်လာတဲ့အခါ ခဏလောက် ရပ်တန့်ပြီး ကိုယ်တကယ် လိုချင်တဲ့ ရည်မှန်းချက်ကို ပြန်လည် ဆန်းစစ်ဖို့ လိုအပ်ပါတယ်။ ကြောက်စိတ်ကြောင့် အမြင်ဝေဝါးမသွားစေဘဲ ကိုယ့်ရဲ့ ပန်းတိုင်ကို အာရုံစိုက်ထားခြင်းက စိတ်ကို တည်ငြိမ်စေဖို့ ကူညီပေးနိုင်ပါတယ်။
၂။ ကိုယ့်ကို တားဆီးနေတဲ့ အရာတွေကို နားလည်အောင် လုပ်ပါ
ရည်မှန်းချက်ကို ရှင်းရှင်းလင်းလင်း သိပြီဆိုတာနဲ့ ကိုယ့်ကို ဘာတွေက ကြောက်ရွံ့စေလဲဆိုတာကို ရဲရဲဝံ့ဝံ့ ဝန်ခံရပါမယ်။ အခက်အခဲကို မြင်အောင်ကြည့်နိုင်မှသာ အဲဒီအခက်အခဲကို ကျော်လွှားနိုင်မှာ ဖြစ်ပါတယ်။

၃။ သက်တောင့်သက်သာ မဖြစ်မှုကို လက်ခံပါ
ကြောက်စိတ်ကြောင့် ကိုယ့်ကိုယ်ကိုယ် အားနည်းမသွားစေဘဲ ကြောက်ရွံ့ခြင်းမှာ ရှိနေတဲ့ ခွန်အားကို ရှာဖွေရပါမယ်။ ကြောက်စိတ်ကို အသုံးချပြီး ကိုယ့်ရဲ့ စွမ်းရည်တွေကို ဖော်ထုတ်နိုင်ဖို့ ကြိုးစားရမှာ ဖြစ်ပါတယ်။
၄။ အခက်အခဲတွေနဲ့ ရင်းနှီးအောင် နေထိုင်ပါ
ပန်းတိုင်ကို ရောက်ဖို့အတွက် ခြေလှမ်းငယ်လေးတွေကနေ စတင်ပြီး ကိုယ့်ရဲ့ သက်တောင့်သက်သာ ရှိတဲ့ ဇုန်ထဲကနေ ရုန်းထွက်ရပါမယ်။ စွန့်စားရမှာကို ရှောင်ရှားပြီး သက်တောင့်သက်သာ နေထိုင်ခြင်းကသာ ပန်းတိုင်နဲ့ ဝေးကွာစေတဲ့ အကြီးမားဆုံး အန္တရာယ် ဖြစ်တယ်ဆိုတာ သတိပြုရပါမယ်။
Ref: weforum


