ခေါင်းဆောင်ကောင်းတစ်ယောက် ဖြစ်လာဖို့ဆိုတာ ရာထူးတစ်ခု ရယူလိုက်ရုံနဲ့ မလုံလောက်ဘဲ မိမိကိုယ်ကိုယ် ယုံကြည်မှုအပြည့် ရှိနေဖို့ လိုအပ်ပါတယ်။

ယုံကြည်မှုရှိတဲ့ ခေါင်းဆောင်တွေဟာ အောင်မြင်မှုကို မျှော်မှန်းနိုင်သလို အခက်အခဲတွေ ကြုံလာတဲ့အခါမှာလည်း ရဲရဲဝံ့ဝံ့ ဆုံးဖြတ်ချက်ချနိုင်ကြပါတယ်။ ဒါပေမဲ့ အဲဒီ ယုံကြည်မှုဆိုတာ ချက်ချင်းဖြစ်တည်လာတာမျိုး မဟုတ်ဘဲ အတွေ့အကြုံနဲ့ လေ့ကျင့်မှုတွေကနေတစ်ဆင့် တည်ဆောက်ယူရတာ ဖြစ်ပါတယ်။

အခုဖော်ပြပေးမယ့် အချက်တွေကတော့ လုပ်ငန်းခွင်မှာ ယုံကြည်မှုရှိတဲ့ ခေါင်းဆောင်တစ်ယောက်အဖြစ် ဘယ်လို တည်ဆောက်ရမလဲ ဆိုတဲ့ လမ်းညွှန်ချက်တွေပဲ ဖြစ်ပါတယ်။

🛑စိတ်နေစိတ်ထား ပြောင်းလဲပါ: အမှားတွေကို သင်ခန်းစာယူစရာအဖြစ် မြင်ပြီး ရည်မှန်းချက်အပေါ် ယုံကြည်မှု ထားရှိပါ။

🛑ကိုယ်ဖြစ်ချင်တဲ့ ခေါင်းဆောင်ပုံစံကို သတ်မှတ်ပါ: ကိုယ့်ရဲ့ လုပ်ဖော်ကိုင်ဖက်တွေကို လမ်းညွှန်မှုပေးနိုင်ပြီး သူတို့ လိုအပ်နေတဲ့အချိန်မှာ ကူညီပေးနိုင်တဲ့ ခေါင်းဆောင်မျိုး ဖြစ်အောင် ကြိုးစားပါ။

🛑အပြုသဘောဆောင်တဲ့ အကြံပြုချက်တွေကို လက်ခံပါ: အခြားသူတွေဆီက အကြံပြုချက်တွေကို နားထောင်ပြီး ပြုပြင်ပြောင်းလဲတာက ယုံကြည်မှုကို ပြသရာ ရောက်ပါတယ်။

🛑ခေါင်းဆောင်မှု စွမ်းရည်တွေကို လေ့လာတည်ဆောက်ပါ: အတွေ့အကြုံနဲ့ ကျွမ်းကျင်မှုတွေ တိုးတက်လာတာနဲ့အမျှ ယုံကြည်မှုလည်း ပိုတိုးလာမှာ ဖြစ်ပါတယ်။

🛑စာနာနားလည်မှု ရှိပါ: အခက်အခဲ ကြုံတွေ့နေရတဲ့ အဖွဲ့ဝင်တွေကို ကိုယ်ချင်းစာတရားနဲ့ ကူညီဖေးမပေးပါ။

🛑မိမိကိုယ်ကိုယ် သံသယဖြစ်တာတွေကို ဖြေရှင်းပါ: ကိုယ်မသိတာကို ရိုးသားစွာ ဝန်ခံပြီး အဖွဲ့ရဲ့ စုပေါင်းအင်အားနဲ့ အတွေ့အကြုံကို ရယူပါ။

🛑အဆိုးမြင်တာတွေကို ရှောင်ရှားပြီး အားသာချက်တွေပေါ်မှာ အာရုံစိုက်ပါ: အဖွဲ့ရဲ့ အားသာချက်တွေနဲ့ လုပ်နိုင်စွမ်းတွေအပေါ်မှာသာ အာရုံစိုက်ပါ။

🛑တခြားသူတွေကို မြှင့်တင်ပေးပါ: အဖွဲ့ဝင်တွေရဲ့ ကောင်းမွန်တဲ့ လုပ်ဆောင်ချက်တွေကို အသိအမှတ်ပြု ချီးကျူးပေးတာက အပြန်အလှန် ယုံကြည်မှုကို တည်ဆောက်နိုင်ပါတယ်။

🛑ပြောင်းလွယ်ပြင်လွယ် ရှိပါ: အခြေအနေသစ်တွေနဲ့ အချက်အလက်တွေပေါ် မူတည်ပြီး လိုအပ်သလို ပြောင်းလဲဆုံးဖြတ်နိုင်စွမ်း ရှိပါစေ။

🛑ရုပ်ပိုင်းဆိုင်ရာ အသွင်အပြင်ကို သပ်ရပ်စွာ ထားရှိပါ: ယုံကြည်မှုရှိတဲ့ ပုံစံပေါက်အောင် ဝတ်စားဆင်ယင်မှုနဲ့ အနေအထိုင်ကို ဂရုစိုက်ပါ။

🛑စိတ်ကျန်းမာရေးကို ဂရုစိုက်ပါ: ကိုယ့်ရဲ့ ကန့်သတ်ချက်တွေကို နားလည်ပြီး စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို ဂရုစိုက်ပါ။

🛑ကတိတည်ပါ: ကိုယ်ပြောထားတဲ့အတိုင်း လုပ်ဆောင်ခြင်းက ခေါင်းဆောင်မှုရဲ့ အဓိကကျတဲ့ ယုံကြည်မှုကို တည်ဆောက်ပေးပါတယ်။

Ref: situational