နံနက်စာဆိုတာ တစ်နေ့တာလုံးအတွက် အရေးအကြီးဆုံး အစားအစာတစ်ခု ဖြစ်ပါတယ်။ ဒါပေမဲ့ ဘာစားသလဲဆိုတာထက် ဘယ်အချိန်မှာ စားသလဲဆိုတာက သင့်ရဲ့ သက်တမ်းကို အဆုံးအဖြတ်ပေးနိုင်ပါတယ်။

အထူးသဖြင့် အသက် ၄၀ ကျော်အရွယ် ကွီးတို့အတွက် နံနက်စာစားတဲ့ အချိန်က အသက်အန္တရာယ်နဲ့ တိုက်ရိုက်ပတ်သက်နေပါတယ်။

မကြာသေးခင်က ပြုလုပ်ခဲ့တဲ့ သုတေသနအသစ်တွေအရ နံနက်စာကို နောက်ကျမှစားတာက ကျန်းမာရေးအတွက် ကြီးမားတဲ့ ဆိုးကျိုးတွေ ဖြစ်စေနိုင်ကြောင်း တွေ့ရှိခဲ့ရပါတယ်။

အဓိကအချက်များ

🛑 ဥရောပ ဆေးဘက်ဆိုင်ရာ အာဟာရဂျာနယ်မှာ ဖော်ပြချက်အရ အသက် ၄၀ နဲ့အထက် လူပေါင်း ၃ သောင်းကျော်ကို လေ့လာခဲ့ရာမှာ နံနက်စာကို နေ့လယ် ၁၂ နာရီနောက်ပိုင်းမှ စားသူတွေဟာ စောစောသေဆုံးနိုင်ခြေ ၂၉ ရာခိုင်နှုန်း ပိုများပါတယ်။

🛑 နံနက် ၇ နာရီနဲ့ ၈ နာရီကြား စားသူတွေနဲ့ နှိုင်းယှဉ်ရင် ၈ နာရီနဲ့ ၁၀ နာရီကြား စားသူတွေမှာ သေဆုံးနိုင်ခြေ ၁၀ ရာခိုင်နှုန်း ပိုများပြီး ၁၀ နာရီနဲ့ ၁၂ နာရီကြား စားသူတွေမှာ ၁၉ ရာခိုင်နှုန်းအထိ ပိုများပါတယ်။

🛑 နေ့လယ်ပိုင်းမှ နံနက်စာစားတာက နှလုံးရောဂါနဲ့ လေဖြတ်ခြင်းလိုမျိုး သွေးကြောဆိုင်ရာ ရောဂါတွေကြောင့် သေဆုံးနိုင်ခြေကို ၄၆ ရာခိုင်နှုန်းအထိ မြင့်တက်စေပါတယ်။

🛑 အသက် ၅၀ ကျော်အရွယ်တွေမှာဆိုရင် နောက်ကျမှ စားလေ့ရှိသူတွေရဲ့ ပျမ်းမျှ သက်တမ်းဟာ ၂ နှစ်ခွဲခန့် ပိုတိုတောင်းသွားပါတယ်။

🛑 အဲဒီလို နောက်ကျမှ စားတာက ဇီဝနာရီကို ထိခိုက်စေပြီး သွေးတွင်းသကြားဓာတ် မြင့်တက်တာ၊ စိတ်ဖိစီးမှု ဟော်မုန်းတွေ များလာတာနဲ့ စိတ်ကျရောဂါ၊ သွားနဲ့ခံတွင်း ပြဿနာ ဖြစ်နိုင်ခြေတွေကိုပါ မြင့်တက်စေပါတယ်။

Ref: nypost