ကိုယ့်ရဲ့ လုပ်ငန်းခွင်နဲ့ ကယ်ရီယာလမ်းကြောင်း တိုးတက်ဖို့အတွက် ခိုင်မာတဲ့ လူမှုကွန်ရက်တစ်ခု ရှိထားဖို့က အရမ်းအရေးကြီးပါတယ်။
အဲဒီလို ကွန်ရက်တွေကနေ အလုပ်အကိုင် အခွင့်အလမ်းသစ်တွေ၊ အဖိုးတန်တဲ့ အကြံဉာဏ်တွေနဲ့ လုပ်ငန်းပိုင်းဆိုင်ရာ အထောက်အပံ့ကောင်းတွေ ရရှိနိုင်ပါတယ်။
လူသစ်တွေနဲ့ စတင်မိတ်ဖွဲ့ဖို့ဆိုတာ အမြဲတမ်း မလွယ်ကူပေမယ့် မှန်ကန်တဲ့ နည်းဗျူဟာတွေ သုံးမယ်ဆိုရင်တော့ ထိရောက်တဲ့ အချိတ်အဆက်တွေ တည်ဆောက်နိုင်မှာ သေချာပါတယ်။
အခုဖော်ပြပေးမယ့် အချက်တွေကတော့ အောင်မြင်တဲ့ ပရော်ဖက်ရှင်နယ် ကွန်ရက်တစ်ခု တည်ဆောက်ဖို့အတွက် အကောင်းဆုံး နည်းလမ်းကောင်းတွေပဲ ဖြစ်ပါတယ်။

🛑 ရည်မှန်းချက်တွေ သတ်မှတ်ပါ - အလုပ်သစ် ရှာဖွေဖို့၊ အကြံပေးပုဂ္ဂိုလ် ရှာဖို့ ဒါမှမဟုတ် လုပ်ငန်းပိုင်းဆိုင်ရာ ဗဟုသုတတွေ ရဖို့ စတဲ့ ရည်မှန်းချက်တွေ သတ်မှတ်ထားဖို့ လိုအပ်ပါတယ်။
🛑 ပစ်မှတ်ထားရမယ့် အဆက်အသွယ်တွေကို ရှာဖွေပါ - လုပ်ငန်းတူ လုပ်ကိုင်နေသူတွေ၊ သြဇာလွှမ်းမိုးနိုင်သူတွေ၊ ကျောင်းနေဖက်တွေနဲ့ လုပ်ဖော်ကိုင်ဖက်ဟောင်းတွေနဲ့ အချိတ်အဆက် ပြုလုပ်ထားသင့်ပါတယ်။
🛑 အွန်လိုင်း ပရိုဖိုင် တည်ဆောက်ပါ - LinkedIn လိုမျိုး ပလက်ဖောင်းတွေမှာ ကိုယ့်ရဲ့ ကျွမ်းကျင်မှုတွေ၊ အတွေ့အကြုံတွေနဲ့ ရည်မှန်းချက်တွေကို ဖော်ပြထားတဲ့ ပရိုဖိုင်တစ်ခု ဖန်တီးထားဖို့ အရေးကြီးပါတယ်။
🛑 ပွဲတွေ တက်ရောက်ပါ - အွန်လိုင်းနဲ့ ပြင်ပမှာ ကျင်းပတဲ့ လုပ်ငန်းပိုင်းဆိုင်ရာ ပွဲတွေ၊ ဆွေးနွေးပွဲတွေနဲ့ သင်တန်းတွေမှာ ပါဝင်တက်ရောက်ပြီး လူသစ်တွေနဲ့ မိတ်ဖွဲ့နိုင်ပါတယ်။

🛑 ပရော်ဖက်ရှင်နယ် အဖွဲ့အစည်းတွေမှာ ပါဝင်ပါ - ကိုယ့်လုပ်ငန်းနဲ့ သက်ဆိုင်တဲ့ အဖွဲ့အစည်းတွေမှာ အသင်းဝင်တာ၊ ပွဲတွေမှာ စေတနာ့ဝန်ထမ်းအဖြစ် ကူညီပေးတာတွေ လုပ်ဆောင်နိုင်ပါတယ်။
🛑 အဆက်အသွယ် ထပ်လုပ်ပါ - ပွဲတစ်ခုမှာ လူသစ်တစ်ယောက်နဲ့ တွေ့ဆုံပြီးတဲ့အခါမှာ ကျေးဇူးတင်စကားပြောတာ ဒါမှမဟုတ် နောက်ထပ် တွေ့ဆုံဖို့ ဖိတ်ခေါ်တာမျိုးတွေ ဆက်လုပ်သင့်ပါတယ်။
🛑 တခြားသူတွေရဲ့ ကယ်ရီယာကိုလည်း စိတ်ဝင်စားမှု ပြသပါ - ကိုယ့်ရဲ့ အဆက်အသွယ်တွေ လုပ်ဆောင်နေတဲ့ အရာတွေကို စိတ်ဝင်စားပေးပြီး လိုအပ်တဲ့ အကူအညီတွေ ပေးတာကလည်း ခိုင်မာတဲ့ ဆက်ဆံရေးကို တည်ဆောက်နိုင်ပါတယ်။
Ref : online.sunderland


