ယနေ့ခေတ် ပြိုင်ဆိုင်မှုပြင်းထန်တဲ့ လုပ်ငန်းခွင်တွေမှာ အလုပ်လုပ်နိုင်ဖို့ဆိုတာ သိပ်မခက်ခဲပေမယ့် ထိရောက်မှုရှိဖို့ဆိုတာကတော့ တကယ့်ကို ရှားပါးလှပါတယ်။
အထူးသဖြင့် ဆိုက်ဘာလုံခြုံရေး၊ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ နည်းပညာလို ဖိအားများတဲ့ နယ်ပယ်တွေမှာ အချိန်ကို သေချာမစီမံနိုင်ရင် ကိုယ့်ရဲ့စွမ်းဆောင်ရည်ကိုပါ ထိခိုက်လာနိုင်ပါတယ်။
အောင်မြင်တဲ့ ခေါင်းဆောင်တွေဆိုတာ အလုပ်ချိန်အကြာကြီး လုပ်တဲ့သူတွေမဟုတ်ဘဲ အချိန်ကို ဗျူဟာကျကျ အသုံးချနိုင်သူတွေပဲ ဖြစ်ကြပါတယ်။
ဒါကြောင့် သင့်ရဲ့ အသက်မွေးဝမ်းကျောင်း တိုးတက်မှုအတွက် မရှိမဖြစ်လိုအပ်တဲ့ အချိန်စီမံခန့်ခွဲမှု နည်းလမ်းကောင်းတွေကို မျှဝေပေးလိုက်ပါတယ်။

၁။ အရေးတကြီးဖြစ်မှုထက် ထိရောက်မှုကို အခြေခံပြီး ဦးစားပေးပါ။ လုပ်ငန်းတခု နှောင့်နှေးသွားရင် ဝင်ငွေ၊ လုံခြုံရေးနဲ့ မဟာဗျူဟာ ရည်မှန်းချက်တွေအပေါ် ဘယ်လိုသက်ရောက်မလဲဆိုတာကို စဉ်းစားပါ။
၂။ စနစ်ကျတဲ့ အချိန်ခွဲဝေမှု ပုံစံတွေကို အသုံးပြုပါ။ အလုပ်တွေကို မဟာဗျူဟာကျတဲ့အလုပ်၊ လုပ်ငန်းလည်ပတ်ရေးအလုပ်နဲ့ အုပ်ချုပ်မှုပိုင်းဆိုင်ရာအလုပ်ဆိုပြီး ခွဲခြားလုပ်ဆောင်ပါ။
၃။ အာရုံစူးစိုက်ရမယ့် အလုပ်ချိန်တွေကို သတ်မှတ်ပါ။ အနှောင့်အယှက်ကင်းကင်းနဲ့ အာရုံစိုက်လုပ်ဆောင်ခြင်းက လုပ်ငန်းအမြန်နှုန်းနဲ့ တိကျမှုကို သိသိသာသာ တိုးတက်စေပါတယ်။
၄။ မလိုအပ်တဲ့ အစည်းအဝေးတွေကို လျှော့ချပါ။ အစည်းအဝေးမတက်ခင် ကိုယ်တက်ဖို့ တကယ်လိုမလိုနဲ့ တခြားနည်းလမ်းနဲ့ ဖြေရှင်းလို့ရမရကို အရင်ဆုံး စဉ်းစားပါ။

၅။ နေ့စဉ်အလုပ်တွေကို ရေရှည်ရည်မှန်းချက်တွေနဲ့ ချိတ်ဆက်ပါ။ ကိုယ်လုပ်နေတဲ့ နေ့စဉ်အလုပ်တွေက ကိုယ့်ရဲ့ ရေရှည်ရည်မှန်းချက်တွေအတွက် အထောက်အကူပြုရဲ့လားဆိုတာ အမြဲဆန်းစစ်ပါ။
၆။ ထပ်တလဲလဲလုပ်ရတဲ့ အလုပ်တွေကို အလိုအလျောက်စနစ် ပြောင်းပါ။ နည်းပညာကို အသုံးပြုပြီး အချိန်ကုန်သက်သာအောင် လုပ်ဆောင်ခြင်းဖြင့် အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေအတွက် အချိန်ပိုပေးနိုင်မှာ ဖြစ်ပါတယ်။
၇။ ဆုံးဖြတ်ချက်ချနိုင်စွမ်းကို မြှင့်တင်ပါ။ တုံ့ဆိုင်းနေတာက အချိန်တွေကို ကုန်ဆုံးစေတဲ့အတွက် မြန်ဆန်မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေချနိုင်အောင် လေ့ကျင့်ပါ။
၈။ စိတ်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်ကို ထိန်းသိမ်းပါ။ ပင်ပန်းနွမ်းနယ်မှုတွေက လုပ်ငန်းစွမ်းဆောင်ရည်ကို ကျဆင်းစေတဲ့အတွက် လုံလောက်တဲ့ အိပ်စက်အနားယူမှုတွေ ရယူပါ။
Ref: eccu.edu


