ရုပ်ရှင်သရုပ်ဆောင်ဆိုတာ ကျရာဇာတ်ရုပ်ကို အကောင်းဆုံးသရုပ်ဆောင်ကြရတာပါပဲ။ စရိုက်စုံ သရုပ်ဆောင်ရင်းနဲ့ တချို့ အောင်မြင်တဲ့ ရုပ်ရှင်မင်းသားတွေအဖြစ်ကို ရောက်လာခဲ့ကြတာတွေ ရှိသလို တချို့လည်း ဇာတ်ရုပ်တစ်မျိုးနဲ့မှ ရုပ်ရှင်လောကမှာ အောင်မြင်နေတဲ့ သရုပ်ဆောင်တွေလည်း ရှိနေကြပါတယ်။ ဒီလို မင်းသားတွေထဲက ဇာတ်ကောင်စရိုက်ပုံစံ အပြောင်းအလဲမရှိဘဲ ရိုက်ခဲ့တဲ့ကားတွေမှာ အောင်မြင်နေတဲ့ မင်းသား ၅ ဦးအကြောင်း ပြောပြချင်ပါတယ်။

(၁) ကီနူးရိဗ်စ်

Photo: NPR

The Matrix မှာ အကြီးအကျယ်အောင်မြင်ခဲ့တဲ့ မင်းသားကြီးကီနူးရိဗ်စ်ဟာ စရိုက်ကွဲပြားတဲ့ The Day The Earth Stood Still (2008) ရုပ်ရှင်မှာ အကြီးအကျယ်ဝေဖန်ခံခဲ့ရပါတယ်။ နောက်တော့ John Wick အက်ရှင်ကားတွေမှာ ပရိသတ်ရဲ့အချစ်ကို ပြန်ရခဲ့သလို ရုပ်ရှင်အနေနဲ့လည်း အမြတ်အစွန်းတွေ အများကြီးရခဲ့ပါတယ်။ ဒေါ်လာသန်း ၂၀ ပဲ သုံးပြီး ရိုက်ကူးခဲ့ပေမယ့် ပထမဆုံး John Wick ကားမှာ ဒေါ်လာ ၈၆ သန်းအထိ ဝင်ငွေရခဲ့တာ ဖြစ်ပါတယ်။

(၂) ရိုင်ယန် ရေးနိုးစ်

Photo: stillabae

၂၀၁၀ ဝန်းကျင်က ထွက်ခဲ့တဲ့ ရိုင်ယန် ရေးနိုးစ်ရဲ့ Green Lantern ရုပ်ရှင်ဟာ အရှုံးပြခဲ့ပါတယ်။ IMDb Rating 10 မှာ 5.5 ပဲ ရခဲ့တာ ဖြစ်ပါတယ်။ ရိုင်ယန်ရေးနိုးစ်ကိုယ်တိုင် ဒီကား အရှုံးပေါ်ခဲ့ပြီးနောက် နောက်ကားတွေ ထပ်မရိုက်ချင်အောင် ဖြစ်ခဲ့ရတယ်လို့ ဝန်ခံခဲ့တာပါ။ ရေးနိုးစ်ကို တကျော့ပြန်အောင်မြင်စေခဲ့တဲ့ စူပါဟီးရိုးရုပ်ရှင်က Deadpool ကားဖြစ်ပါတယ်။ IMDb rating 8 အထိ ရခဲ့တာ ဖြစ်ပါတယ်။

(၃) ရောဘတ်ဒေါင်းနင်း ဂျူနီယာ

Photo: Fox News

၁၉၉၀ ပြည့်လွန်နှစ်တွေကနေ ၂၀၀၀ ဝန်းကျင်လောက်အထိ ရောဘတ်ဒေါင်းနင်း ဂျူနီယာရဲ့ကားတွေက မအောင်မြင်ခဲ့ပါဘူး။ သူ့ကို အထွဋ်အထိပ်ရောက်စေခဲ့တဲ့ ဇာတ်ကောင်စရိုက်ကတော့ Iron Man ထဲက တိုနီစတော့ခ်နဲ့ ဖြစ်ပါတယ်။ ဒေါ်လာသန်း ၁၄၀ နဲ့ ရိုက်ကူးခဲ့တဲ့ Iron Man ရုပ်ရှင်ဟာ တစ်ကမ္ဘာလုံးမှာ ဒေါ်လာ ၅၈၅ သန်းအထိ ဝင်ငွေရခဲ့ပါတယ်။

(၄) ဂျင်မ်ကာ‌ရေး

Photo: Pagesix

နာမည်ကြီး မင်းသား ဂျင်မ်ကာရေးလည်း ၂၀၁၀ တစ်ဝိုက်က မအောင်မြင်ခဲ့တဲ့ကားတွေနဲ့ လုံးချာလည်လိုက်နေခဲ့သူ ဖြစ်ပါတယ်။ ၂၀၁၈ အရောက်မှာ သူဟာ ရုပ်မြင်သံကြားဘက်ကို ခြေလှည့်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။ ဒီဆုံးဖြတ်ချက်ဟာ မှန်ကန်ခဲ့တယ်လို့ ဆိုရမှာပါ။ သူ့ရဲ့ တီဗွီစီရီးဖြစ်တဲ့ Just Kidding ဟာ ရွှေကမ္ဘာလုံးနှစ်ဆုစာရင်းဝင်တဲ့အထိ ပေါက်ခဲ့သလို ဂျင်မ်ကာရေးရဲ့ သရုပ်ဆောင်လုပ်ငန်းလည်း Level သစ်ကို တက်လှမ်းနိုင်စေခဲ့ပါတယ်။

(၅) ရောဘတ်ပတ်တင်ဆန်

Photo: LA Magazine

Twilight ရုပ်ရှင်မှာ ပါပြီးနောက် ပတ်တင်ဆန်ကို အနုအလှဒရာမာမင်းသားအဖြစ် အသိအမှတ်ပြုတဲ့သူတွေပဲ များလာခဲ့ပါတယ်။ ပတ်တင်ဆန်ရဲ့ ရုပ်ရှင်နယ်ပယ်ကို အသစ်ဖွင့်လှစ်လိုက်တာက Good Time ဆိုတဲ့ ရာဇဝတ်မှုဒရာမာကားဖြစ်ပါတယ်။ အဲ့ဒီကားမှာပဲ သူဟာ ကိန်းရုပ်ရှင်ပွဲတော်က ပေးတဲ့ Palme d’Or ဆု ဆန်ကာတင်ဝင်ခဲ့ပါတယ်။