Artificial Intelligence (AI) ကို ကျွန်တော်တို့နေ့စဉ်ဘဝအတွက် နေရာပေါင်းစုံမှာ အသုံးချလာကြပါတယ်။ AI ရဲ့ ဖွံဖြိုးမှုကလည်း တစတစကြီးမားလာပြီး နယ်ပယ်ပေါင်းစုံ ကဏ္ဍပေါင်းစုံမှာလည်း အသုံးချလာကြပါတယ်။ ထိုအထဲမှာ မိုဘိုင်းလ်ဂိမ်းတွေလည်း အပါအဝင်ဖြစ်ပါတယ်။ ဒီဆောင်းပါးလေးမှာတော့ ကွီးတို့အတွက် AI ကို အခြေခံထားတဲ့ ဒီအလန်းစား မိုဘိုင်းလ်ဂိမ်း (၃) ခုကို ဖော်ပြပေးမှာ ဖြစ်ပါတယ်။

AI Dungeon

Source : AI Dungeon

ဒီ AI ကို အခြေခံထားတဲ့ မိုဘိုင်းဂိမ်းလေးကတော့ Text-based စွန့်စားခန်း ဂိမ်းလေး ဖြစ်ပြီး ဒီဂိမ်းထဲမှာ လုံးဝထူးခြားသော စွန့်စားခန်းများကိုဖန်တီးရန် ကစားသူက AI နဲ့ အတူတကွ လုပ်ဆောင်ရမယ့် အဓိက ဇာတ်ကောင်နဲ့ ဒါရိုက်တာအဖြစ် ပါဝင်ကစားရမှာ ဖြစ်ပါတယ်။ ဒီ AI Dungeon ဂိမ်းကို ကို တီထွင်ဖန်တီးမှုများနဲ့ ကိုယ့်ရဲ့ စိတ်ကူးဉာဏ်ကို လှုံ့ဆော်ရန်၊ ပိုမိုကောင်းမွန်သော စိတ်ကူးစိတ်သန်းများကို ရှာဖွေရန် ကိရိယာတစ်ခုအဖြစ် အသုံးပြုနိုင်ပါတယ်။ ကွီးတို့ကစားချိန်တိုင်း အမိုက်စား စွန့်စားခန်းများနဲ့ တက်ကြွသောအတွေ့အကြုံကို အကန့်အသတ်မရှိ ပေးစွမ်းနိုင်တာကြောင့် အခုပဲကစားကြည့်လိုက်ပါ။ ဒီဂိမ်းကို iOS ရော Android မှာပါ ကစားနိုင်ပါတယ်။

Replika

Source : eBuzzPro.com

ဒီကောင်လေးကတော့ ဂိမ်းတစ်ခုဆိုတာထက် ကွီးတို့ကို အဖော်ပြုပေးမယ့် AI companion အဖြစ်လည်း Virtual Chabot တစ်ခုလို့လည်း ပြောလို့ရပါတယ်။ ဒီဂိမ်းကို အသုံးပြုမယ့်သူများက ကိုယ်ပိုင်ဆိုင်လိုသော ပေါင်းသင်းဆက်ဆံရေး အမျိုးအစားကို ရွေးချယ်နိုင်ပြီး virtual အဖော်ရဲ့ အသွင်အပြင်ကို စိတ်ကြိုက်ပြင်ဆင်နိုင်ပါတယ်။ ကြိုတင်သတ်မှတ်ထားသော တုံ့ပြန်မှုများကို အသုံးပြုမည့်အစား ဒီ Replika အဖော်က ကွီးတို့ရဲ့ အပြန်အလှန်တုံ့ပြန်မှုများမှ အမှန်တကယ် သင်ယူနိုင်ပါတယ်။ ဒီ Replika က Alexa နှင့် Siri ကဲ့သို့သော နာမည်ကြီး AI assistant ရဲ့ ရေးဆွဲထားသော တုံ့ပြန်မှုများနှင့် နှိုင်းယှဉ်ပါက AI အတွက် လက်တွေ့ဆန်မှုအဆင့်အသစ်ကို ယူဆောင်လာပေးနိုင်ပါတယ်။ ကွီးတို့လည်း ကိုယ့်ကို အမှန်တကယ် အဖော်ပြုပေးနိုင်သလားဆိုတာ သိအောင် ဒီဂိမ်းလေးကို စမ်းကြည့်ပါဦး။

Dominion

Source : Temple Games Games

ကွီးတို့က စိတ်လှုပ်ရှားဖွယ်အတိနဲ့ ကစားချင်တယ် ဆိုရင်တော့ ဗျူဟာဂိမ်းလေးဖြစ်တဲ့ Dominion ရှိပါတယ်။ ဂိမ်းမှာ ဗျူဟာ၊ ကတ်ပြားများနှင့် အရင်းအမြစ်ခွဲဝေမှုတို့ကို ပေါင်းစပ်အသုံးပြုပြီး ကစားသမား လေးဦးအထိ နိုင်ငံများကို တည်ဆောက်နိုင်ပါတယ်။ ဒီဂိမ်းရဲ့ ဗားရှင်းအသစ်မှာဆိုရင် အရည်အချင်းရှိပြီး တီထွင်ဖန်တီးနိုင်သော AI ပြိုင်ဘက်များကို တည်ဆောက်ရန်အတွက် လိုက်လျောညီထွေရှိသော Machine Learning ကို အသုံးပြုထားပါတယ်။ ဒီဂိမ်းကိုလည်း iOS ရော Android မှာပါ ကစားနိုင်ပါတယ်။

ကွီးတို့ရေ အခုဖော်ပြပေးလိုက်တဲ့ AI ကို အခြေခံထားတဲ့ မိုဘိုင်းလ်ဂိမ်းလေးတွေက တကယ်ကို စိတ်ကျေနပ်စရာကောင်းတဲ့ အလန်းစား ဂိမ်းတွေ ဖြစ်ရဲ့လားဆိုတာ အခုပဲ ကစားကြည့်လိုက်ရအောင်ဗျာ။

Source : Playholic

Featured Photo : Tech Spot